အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း

မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း

ပွေးကောင်လို့ခေါ်တဲ့ အကောင်ငယ်လေးတွေကိုတော့ တောင်သူတွေအနေနဲ့ မစိမ်းလောက်ဘူးလို့ ထင်ပါတယ်။ သီးနှံစိုက်ခင်းတွေထဲမှာလည်း တစ်ခါတစ်ရံတွေ့ရတတ်တာမို့ တောင်သူတွေ သိရှိပြီးဖြစ်မှာပါ။ သူတို့ကို (Bamboo Rat) လို့ခေါ်ဆိုကြပါတယ်။ ပွေးကောင်တွေဟာဆိုရင် ကိုက်ဖြတ်စားသောက်တဲ့သတ္တဝါ (Rodent) အုပ်စုထဲမှာ ပါဝင်ပြီး ကြွက်များကဲ့သို့ မြေအောင်းသတ္တဝါတွေဖြစ်ပါတယ်။ ယခုဆောင်းပါးမှာတော့ ပွေးကောင်တွေရဲ့ အကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ပွေးကောင်တွေဟာဆိုရင် ယေဘုယျအားဖြင့် မျိုးစိတ် ၄ မျိုးရှိပါတယ်။ ၎င်းတို့ရဲ့ မျိုးစိတ်နဲ့ တွေ့ရှိရတတ်တဲ့ နေရာဒေသတွေကတော့ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါတယ်။

၁။ Chinese Bamboo Rat (တရုတ်အလယ်ပိုင်းနဲ့ တောင်ပိုင်း၊ မြန်မာပြည်မြောက်ပိုင်း၊ ဗီယက်နမ်)

၂။ Hoary Bamboo Rat (အိန္ဒိယ အာသံပြည်နယ်မှ တရုတ် အရှေ့တောင်ဘက်၊ မလေး ကျွန်းဆွယ်နဲ့ ဆူမားတြား ကျွန်း)

၃။ Large Bamboo Rat (တရုတ်ပြည် ယူနန်၊ မလေး ကျွန်းဆွယ်နဲ့ ဆူမားတြားကျွန်း၊ အင်ဒိုချိုင်းနား ကျွန်းဆွယ်)

၄။ Lesser Bamboo Rat (နီပေါ၊ အိန္ဒိယ အာသံပြည်နယ်၊ ဘင်္ဂလားဒေ့ရှ် မြောက်ပိုင်း၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် မြောက်ပိုင်း) စတဲ့ နေရာဒေသတွေမှာ ပွေးကောင်တွေကို အဓိကတွေ့ရှိရပါတယ်။ ဒါ့အပြင် ပွေးကောင်တွေဟာ အထက်ဖော်ပြပါ နိုင်ငံတွေမှာရှိတဲ့ ဒေသခံ လူမျိုးတွေရဲ့ အစားအစာ အရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။

မြန်မာပြည်မာ အတွေ့များတဲ့ (Lesser Bamboo Rat) ပွေးကောင် ရဲ့ ခန္ဓာကိုယ် အရှည်ဟာ ၆ လက်မ ကနေ ၈ လက်မထိ ရှိပါတယ်။ အမြီးကတော့ ၂ လက်မ ဝန်းကျင် ရှိပြီး ၎င်းရဲ့ အလေးချိန်ဟာ ဝ.၂၀ ကီလိုကနေ ဝ.၃၄ ကီလိုသာ ရှိပါတယ်။ သူတို့ရဲ့ နားရွက်တွေဟာ သေးငယ်ပြီး ပျောက်နေတတ်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ အမွှေးတွေဟာ ထူပြီးတော့ နူးညံ့ပါတယ်။ ခန္ဓာကိုယ် အပေါ်ဘက် အရောင်ကတော့ နီညိုရောင်ကနေ မီးခိုးရောင်ထိ ရှိတတ်ပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်းကတော့ အရောင်ဖျော့ပါတယ်။ ခေါင်းနဲ့လည်ပင်းတစ်ဝိုက်မှာ တစ်ခါတစ်ရံ အဖြူရောင် အစင်းကြောင်းလေးတွေ တွေ့ရတတ်ပါတယ်။ ပွေးကောင်ရဲ့ နောက်ခြေသည်းဟာ တိုပြီး ရှေ့ခြေသည်းကတော့ ကြီးပြီးရှည်ပါတယ်။ ရှေ့ခြေမရဲ့ အပြင်ဘက်မှာ ကောက်နေတဲ့ အရိုးတစ်ချောင်းပါတဲ့အတွက် ဆောက်ကဲ့သို့ မြေကြီးကို ထွင်းပြီး တူးနိုင်ပါတယ်။ ပွေးကောင် ယက်ထုတ်ထားတဲ့ မြေပုံကိုကြည့်ပြီး စိုက်ခင်းထဲမှာ ပွေးကောင်ရှိ မရှိ သိနိုင်ပါတယ်။

ပွေးကောင်ဟာ မြေပျော့ပျော့သာရှိနေမယ်ဆိုရင် တစ်ညကို ပေ ၃၀၀ လောက်ထိ တွင်းတူးနိုင်တယ်လို့ သိရပါတယ်။ 

အဖျက်ကောင်လား / မိတ်ဆွေလား ?

ပွေးကောင်တွေဟာ တွင်းတူးပြီး အုပ်စုဖွဲ့နေထိုင်လေ့ရှိတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ဝါးပင်တွေ ထူထပ်စွာ ပေါက်ရောက်တဲ့ ဒေသတွေမှာ အများဆုံးနေထိုင်ကျက်စားလေ့ပြီး ပေါင်းမြက်ပေါများတဲ့နေရာတွေ၊ သစ်တောတွေ၊ ဥယျာဉ်ခြံမြေတွေနဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းတွေမှာလည်း တွေ့ရတတ်ပါတယ်။ ပွေးကောင် ကြိုက်နှစ်သက်တဲ့ အစာကတော့ တီကောင်နဲ့ သီးနှံပင်တွေရဲ့ အမြစ်မှာ ကျရောက်တဲ့ ပိုးတွေပဲ ဖြစ်ပါတယ်။ တီကောင်နဲ့ အမြစ်ထိုးပိုး၊ ပိုးလောက်ကောင်နဲ့ ပိုးတုံးလုံး တွေကို ရှာဖွေစားသောက်ရင်း အချိန်နဲ့အမျှ လှုပ်ရှားနေတဲ့ ပွေးကောင်ရဲ့ သဘာဝကြောင့် တောင်သူတို့ရဲ့ စိုက်ပျိုးထားတဲ့ သီးနှံအမြစ်တွေကိုပါ ထိခိုက်ပြီး အပင်တွေ ညှိုးသေလာရခြင်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ တောင်သူတွေ ထင်နေသလို ပွေးကောင်က အပင်ရည်ကို စုပ်ယူစားသုံးလို့ အပင်ညှိုးသွားတာမျိုး မဟုတ်ပါဘူး။ ပိုးမွှားများအပြင် ၎င်းတို့ဟာ ဝါးပင်ရဲ့ အညွန့်တွေ၊ အမြစ်တွေနဲ့  မြေအောက်ရှိ အပင်အစိတ်အပိုင်းများကိုပါ စားသောက်ကြပါတယ်။ ထို့အပြင် စိုက်ပျိုးထားတဲ့ ပီလောပီနံဥနဲ့ ကြံပင်တွေကိုလည်း စားသုံးတတ်ကြပါသေးတယ်။ ဒါ့ကြောင့်ပဲ ပွေးကောင်လို့ ဆိုလိုက်တာနဲ့ စိုက်ပျိုးရေးလုပ်တဲ့ တောင်သူအများစုက အဖျက်ပိုးအုပ်စုထဲမှာ ပါဝင်တယ်ဆိုပြီး သတ်မှတ်ကြတာဖြစ်ပါတယ်။ သူတို့ဟာ တစ်ခါတစ်ရံမှာတော့ ကျွန်ုပ်တို့ တောင်သူတွေစိုက်ပျိုးထားတဲ့ သီးနှံပင်တွေကို လာရောက်ဖျက်စီးတဲ့ ကြွက်တွေကိုလည်း ဖမ်းယူစားသောက်တတ်ပါသေးတယ်။ သူဟာ အချိန်နဲ့အမျှ  ဆာလောင်နေတတ်တာဖြစ်ပြီး ၁၀ နာရီကြာ အစာမစားရဘူးဆိုရင် သေဆုံးသွားတတ်တယ်လို့ သိရပါတယ်။ ပွေးသားဟာ ပရိုတင်းဓာတ်ကြွယ်ဝပြီး အဆီနည်းတာကြောင့် တရုတ်၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့မှာတော့ စားသောက်ဖွယ်ရာ ဟင်းလျာအနေနဲ့ ရောင်းချတယ်လို့သိရပါတယ်။


ပွေးကောင်ဟာ ၈ လကနေ ၁ နှစ်သားမှာ အရွယ်ရောက်ပြီး မိတ်လိုက်ခြင်း (Mating) ပြုလုပ်ပါတယ်။ အရွယ်ရောက်ပြီးသား ပွေးကောင်အမရဲ့ ကိုယ်ဝန်ဆောင်ကာလဟာ ၆ ပတ်ခန့် ကြာမြင့်ပြီး တစ်ကြိမ်မွေးလျှင် ၂ ကောင်မှ ၅ ကောင်ထိမွေးပါတယ်။ နို့တိုက်သတ္တဝါဖြစ်ပြီး မွေးပြီး ၈ ပတ်ခန့်အကြာမှာ အခြားသော အစားအစာများကို စတင်စားသောက်ပါတယ်။ ကြွက်များကဲ့သို့ အုပ်စုဖွဲ့ကာ စနစ်တကျ တွင်းတူးနေထိုင်တဲ့  သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ အေးမြသောဆောင်းရာသီနဲ့ သားပေါက်သော နွေဦးကာလမှာဆိုရင် မြေထဲမှာ တွင်းအောင်းပြီး နေထိုင်ကြတယ်လို့ သိရပါတယ်။

ကိုးကားချက်

၁။ ကိုရဲ (စိုက်ပျိုးရေး)၊ စိုက်ပျိုးရေးရာ အကြံပြုချက်များ ၂

၂။ http://www.britannica.com

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကိုစိုးပိုင်

ကိုစိုးပိုင်

လွန်ခဲ့သော ၄ ပတ် က

အမြစ်တွေကိုက်ဖြတ်လို့ဘယ်လိုကာကွယ်ရပါမလဲ

ကိုစိုးပိုင်

ကိုစိုးပိုင်

လွန်ခဲ့သော ၄ ပတ် က

ပွေးကောင်တွေရန်ကိုဘယ်လိုကာကွယ်ရပါမလဲ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 0 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။