အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြက်တွေ မချည့်နဲ့အောင် ရှောင်ကြဉ်သင့်တဲ့နည်းလမ်းများ

ကြက်တွေ မချည့်နဲ့အောင် ရှောင်ကြဉ်သင့်တဲ့နည်းလမ်းများ

Green Way
Green Way • 04/03/2022

ကြက်တွေ မချည့်နဲ့အောင် ရှောင်ကြဉ်သင့်တဲ့နည်းလမ်းများ

 

ကြက်အသက်ငယ်စဥ်မှာ ကြီးထွားမှုမညီမျှခြင်းရဲ့ အကြောင်းအရာက မျိုးရိုးဗီဇနဲ့ အာဟာရတို့ဖြစ်ပါတယ်။ အုပ်ချုပ်မှု မညီမျှခြင်းကြောင့်လည်း ကြီးထွားမှုမညီမျှခြင်းဖြစ်နိုင်ပါတယ်။ ကြက်တွေချည့်နဲ့စေတဲ့ အဓိကအချက်တွေကတော့ အောက်ပါအတိုင်းဘဲဖြစ်ပါတယ်။

 

(၁) တစ်ယူနစ်အလိုက် သတ်မှတ်ထားတဲ့ နေရာမှာ ကြက်ကောင်ရေအများအပြားမွေးမြူခြင်း

(၂) အစာခွက်တွေနဲ့ ရေခွက်တွေ အရေအတွက်မမှန်ကန်ခြင်း

(၃) လေဝင်လေထွက် မကောင်းခြင်း

(၄) ရုတ်တရက်အသံကြားချိန် ကြက်တွေလန့်ပြေးတဲ့အတွက် ထိခိုက်ဒဏ်ရာရခြင်း

(၅) အသုံးအဆောင်ပစ္စည်းတွေကျိုးပဲ့မှုကြောင့် ဒဏ်ရာရနိုင်ခြင်း

(၆) ကပ်ပါးပိုး (သို့) ရောဂါတွေဝင်ရောက်ခြင်း

(၇) အာဟာချို့တဲ့ခြင်း (သို့) အစာရုတ်တရက်ပြောင်းလဲခြင်း

(၈) အုပ်စုတစ်ခုတည်းတွင် ကြက်ကောင်ရေများပြားလွန်းခြင်း

(၉) အပူချိန် ရုတ်တရက်ကျရောက်မှုကြောင့် စိတ်ဖိစီးမှုဒဏ်ခံရခြင်း

(၁၀) စိတ်ဖိစီးမှု အမျိုးမျိုးနဲ့ အုပ်ချုပ်မှုပုံမမှန်ခြင်းတို့ကြောင့် ချည့်နဲ့တဲ့ကြက်တွေဖြစ်နိုင်ပါတယ်။

ကဲ  ကြက်တွေချည့်နဲ့ ရတဲ့ အကြောင်းတွေသိသွားပြီဆိုတော့ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပြီး ကျန်းမာသန်စွမ်းတဲ့ ကြက်တွေမွေးမြူနိုင်ကြပါစေ။

 

ref: စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းမှထုတ်ဝေတဲ့ ခေတ်မီ မွေးမြူရေး နည်းပညာများ စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

hnineisoe

hnineisoe

လွန်ခဲ့သော ၁ နှစ် က

ကြက်တွေချည့်နဲ့နေရင်ဘာလုပ်ရမလဲ

ayub khan

ayub khan

လွန်ခဲ့သော ၂ နှစ် က

ဆရာ ဆရာမ များအားလုံးကို သာလိစွပါ မွှေးမြူရေမှ အောင်မြင်မူး အတွက် ဘယ်လို့လုပ်ရပါသလဲ।।

Mai moy kyaw

Mai moy kyaw

လွန်ခဲ့သော ၂ နှစ် က

yin

မောင်မြင့်

မောင်မြင့်

လွန်ခဲ့သော ၃ နှစ် က

ဆရာ ဆရာမများ အားလုံးမဂ်လာပါ ကျနော်က. အသားစားကြက်မွေးမြ။ချင်လို ဘယ်လိုနည်းနဲ့မွေးရမလဲ

အောင်မြင့်ဦး

အောင်မြင့်ဦး

လွန်ခဲ့သော ၃ နှစ် က

တိုက်ကြက်တွေ လည်လိမ်ရောဂါ နှာပိတ်ရောဂါ ကြက်နာများကို တိုင်းရင်းဆေး မြန်မာဆေးများနဲ့ ဘယ်လိုကုရမလဲဆိုတာဖြေကြားပေးစေလိုပါတယ် ကျေးဇူးတင်ပါတယ်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဝက်မကကြီးတွေအဖြစ်များနေတယ်အစာမစားဘူးဘာရောဂါလဲးဘယ်လိုကာကွယ်ရမလဲး

ကိုနိုင်လင်း • ဖြေကြားချက် 0 ခု

ကြက်ချေးစိမ်းပါပြီးသေလို့..ဘာဆေးတိုက်ရမလဲခင်ဗျ...ဘယ်လိုကုသရမလဲခင်ဗျ..ဆေးရှိလား...ညွန်ကြားပေးပါ

ဦးကျော်ခိုင် • ဖြေကြားချက် 0 ခု

ကြက်ကို အဟာရာရှိအောင် ကြီးအောင် ဘယ်လိုမွေးရမှလဲ ရောဂါကင်းအောင်

Zin Min Wai • ဖြေကြားချက် 1 ခု

ကျနော် နွားလေး မြွေကိုက် ခံရလို့ ဘယ်လိုလုပ်ရမလဲ ခဗျာ့ အကြံပေးပါဦး။ အဆင်ပြေရင် ဖုန်းဆက်ပြောပေးပါလာ။ ၀၉၆၉၁၀၇၃၅၂၂

စောထီးကော်မူး • ဖြေကြားချက် 4 ခု

ကြက်မှာ သွေးစုတ်တဲ့သန်း တွေ့ လို့ပါ ခေါင်းမှာအများဆုံးတွေ့တယ် ဘယ်လိုကုသရမလဲ

michael • ဖြေကြားချက် 0 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။