အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စပါးစိုက်တောင်သူများ ဖြုတ်ညိုပိုးကို သတိပြုပါ..

စပါးစိုက်တောင်သူများ ဖြုတ်ညိုပိုးကို သတိပြုပါ..

Thar Po
Thar Po • 18/09/2024

ဒီတပတ် ကွင်းဆင်းကြည့်ရာမှာတော့ ရွက်လိပ်ရွက်ကပ်ပိုး၊ ရွက်လိပ်အိမ်ပိုးနှင့် ဖြုတ်ညို ကျရောက်တာတွေ တွေ့ခဲ့ရပါတယ်။

ဖြုတ်ညိုကို အထူးဂရုစိုက်ပေးကြပါ။ 

တောင်သူက ကွင်းကိုစစ်တဲ့အခါ ကန်သင်းပေါ်ကပဲ ကြည့်ကြတာ များပါတယ်။

ဖြုတ်လောင်တာမြင်မှ ဖြုတ်ကျမှန်းသိရင် အဲဒီအပင်တွေအတွက်တော့ မမီတော့ပါဘူး၊ ဆက်မပြန့်အောင်ပဲ တတ်နိုင်ပါတော့မယ်။

ဆိုတော့ ..

၁။ ဖြုတ်ကျတာ သိသိချင်း ရေကို ထုတ်ပါ။

၂။ နိုက်ထရိုဂျင်ဓါတ်မြေဩဇာကို အကြိမ်ကြိမ် ခွဲကျွေးပါ။

၃။ ဆက်တိုက်စိုက်မည့် စပါးရာသီ၊ နောင်နှစ်စပါးရာသီမှာ တစ်ကွင်းတစ်စပ်တည်းရှိတဲ့ လယ်များနဲ့ စိုက်ချိန်ကွာခြားမှု ၃-ပတ်ထက် မများပါစေနဲ့။

၄။ နိုက်တီပိုင်ရမ် တစ်မျိုးတည်းဆို ထိရောက်မှု နည်းပါမယ်။ နိုက်တီပိုင်ရမ်+ပိုင်မီထရိုဇင်း ထိရောက်မှုရှိပါတယ်။ 

  • ကလိုသိုင်ရာနီဒင်+ပိုင်မီထရိုဇင်း
  • ဖစ်ပရိုနေးလ်+ဘူဖရိုဖစ်ဇင်
  • သောက်ရာမီသောက်ဇန်
  • ဒိုင်နိုတီဖျူရမ်+ပိုင်မီထရိုဇင်း
  • ထရိုင်ဖလူမီဇိုပိုင်ရင် (ပစ်စလွန်) စသည့် ပိုးသတ်ဆေးများ သုံးနိုင်ပါတယ်။

ရေဘေးသင့်ဒေသတွေကို ကူညီအားပေးရင်း အခြား‌‌ဒေသတွေကလည်း စားနပ်ရိက္ခာများ မယုတ်လျော့ကြအောင် လုပ်ဆောင်ကြပါစို့။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

စပါးဖြုတ်ပိုး

စပါးဖြုတ်ပိုး

4
ဦးထွန်းလှ

ဦးထွန်းလှ

လွန်ခဲ့သော ၁ လ က

အ​သေးစိပ်သိချင်ပါတယ်

ကိုသီဟ

ကိုသီဟ

လွန်ခဲ့သော ၁ နှစ် က

ကာကွယ်နည်းလေပြောပြပေပါ

ရဲအောင်

ရဲအောင်

လွန်ခဲ့သော ၁ နှစ် က

ကြက်သွန်မြိတ်ပိုး

win ko thu

win ko thu

လွန်ခဲ့သော ၂ နှစ် က

ဖြုတ်ညိုပိုးကိုယခုမှမြင်ဘူတာပါ

You

ဆက်စပ်မေးခွန်းများ

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 5 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။