အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အပင်မှာ မူမမှန်တာတွေ့ရတဲ့အခါ (၂)

အပင်မှာ မူမမှန်တာတွေ့ရတဲ့အခါ (၂)

သိမ့်ဇာ
သိမ့်ဇာ • 19/05/2023

ရာသီဥတုက  မကြာခဏ ပြောင်းလဲနေတယ် ။အပင်ကိုလည်း ပြောင်းရွှေ့စိုက်ထားမိတယ်။ ကိုယ့်စိုက်ခင်းမြေရဲ့ အရည်အသွေးကမကောင်းဘူး( အပိုင်း ၁ မှာ မြေကောင်း မြေညံ့စစ်နည်း ဖတ်ရှုနိုင်ပါတယ်)။

https://greenwaymyanmar.com/posts/analysis_in_disordering_plants_1

ပြီးတော့ နေရောင်ကောင်‌ကောင်းမရနေလို့လား၊ အပူချိန် အပြောင်းအလဲတွေရှိနေလို့လား စတဲ့ ပတ်ဝန်းကျင် အနေအထားတွေကလည်း သင့်အပင်တွေကို မူမမှန်တဲ့ပုံစံတွေဖြစ်စေပါတယ်။

ဒါ့အပြင် အများစုသော ပိုးသတ်ဆေး ၊ မှိုသတ်ဆေးတွေမှာ တချို့သော အပင်အာဟာရတွေပါနေတတ်ပါတယ်။ ဥပမာ ကော့ပါးနဲ့ ဆာလဖာဓာတ်တွေပေါ့ ။ ဒီလိုဆေးတွေ အမြဲသုံးဖြစ်နေသလားလည်း စဉ်းစားပါ။ ဘယ်နှုန်းတားတွေနဲ့ သုံးဖြစ်နေသလဲဆိုတာရောပေါ့ ။ ဒီလို အပင်အာဟာရ တချို့ပါတဲ့ဆေးတွေ သုံးဖြစ်တဲ့ အကြိမ်ရေများနေတယ်၊ နှုန်းထားတွေလည်းများနေတယ်ဆိုရင်တော့ အာဟာရလွန်ကဲမှုပြဿနာဖြစ်နိုင်ချေလည်း ရှိနေပါသေးတယ်။

အထူးသဖြင့် စိုက်ခင်းရဲ့ အာဟာရမညီမျှမှုပြဿနာတွေဟာ စိုက်ပျိုးသူတွေရဲ့ အာဟာရအလွန်အကျွံကျွေးမိသွားခြင်းတွေကြောင့်ပါ။ ပိုလျှံနေမှန်းမသိဘဲ ထပ်ခါထပ်ခါ ထည့်နေမိတဲ့ အာဟာရဓာတ်တွေကြောင့် စိုက်ခင်းမှာ အာဟာရမညီမျှမှုပြဿနာတေွ ဖြစ်ပေါ်စေတာပါ။ အပင်အာဟာရဓာတ်တွေဟာ လိုတာထက်ပိုတဲ့အခါ အာဟာရမဖြစ်တော့ဘဲ အဆိပ်ဖြစ်သွားပါတော့တယ်။ 

သင်ရော ဒီလိုတွေကြုံနေရပြီလား..

သင်က မြေသြဇာတွေ အလွန်အကျွံမကျွေးမိဘူးဆိုရင်လည်း ကော့ပါး၊ ဆာလဖာပါတဲ့ မှိုသတ်ဆေး၊ ပိုးသတ်ဆေးတွေကနေမှ ကော့ပါး အဆိပ်သင့်မှု ၊ဆာလဖာအဆိပ်သင့်မှုတေွ ဖြစ်နိုင်သေးတာမို့ သတိထားကြည့်ဖို့လိုပါတယ် ။ 

ဒါပေမဲ့ အာဟာရ မညီမျှမှုပြဿနာတွေကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ ဆောင်းရာသီ အထူးသဖြင့်  စိုက်ပျိုးရာသီမဟုတ်တဲ့ အချိန်တွေမှာ ခန့်မှန်းမှုတွေကိုတော့ ရှောင်ရမှာဖြစ်ပါတယ်။

အကြောင်းကတော့ ဒီလိုအချိန်တွေမှာ မြေတွင်းအပူချိန်ကြောင့် ငုပ်လျှိုးနေတဲ့အပင်တွေရှိသလို ၊ အပင်ရဲ့ ဖော်ပြချက်တွေကလည်း မမှန်တတ်လို့ဖြစ်ပါတယ်။ မြေအပူချိန်လေးခပ်နွေးနွေးပြန်ဖြစ်လာပြီး စိုက်ပျိုးရာသီရောက်မှသာ အာဟာရမညီမျှမှုပြဿနာကို ခွဲခြမ်းစိတ်ဖြာကြည့်သင့်ပါတယ်။ 

ရောဂါပိုးကြောင့် မဟုတ်တာသေချာတယ်၊( အပိုင်း- ၁ မှာဖတ်ရှုနိုင်ပါတယ်) အာဟာရမမျှတခြင်းဖြစ်တယ်လို့ ခံစားမိပြီဆိုရင်တော့ ပိုပြီး တိကျဖို့ ဒီမေးခွန်းလေးတွေနဲ့ စမ်းစစ်ကြည့်ပါ။

အပင်ရဲ့ ဘယ်အစိတ်အပိုင်းမှာ ဖြစ်ပွားနေတာလဲ...

  • အပင်ရဲ့ထိပ်ပိုင်း - အရွက်သစ်မှာလား
  • အပင်ရဲ့ အောက်ပိုင်း - ရွက်ဟောင်းတွေမှာလား
  • အပင်ရဲ့ ရွက်သစ် ရွက်ဟောင်း အကုန်လုံးမှာ လက္ခဏာတွေပြနေတာလား
  • အရွက်တွေပုံသဏ္ဍာန်ပျက်နေသလား
  • အရွက်တွေက တွန့်ခေါက်နေတဲ့ အရေးကြောင်းတွေလိုဖြစ်နေလား။ ဖောင်းဖောင်းကြွကြွတွေဖြစ်နေလား
  • ပုံမှန်ထက်သေးကွေးပြီး တွန့်လိမ်နေသလား
  • အရွက်တွေမှာ ပျက်စီးနေတဲ့အပိုင်းတွေရှိလား 
  • ဆဲလ်သေကွက် ( အနီ‌ရောင်) ၊ အဝါရောင်အကွက်တွေ ရှိနေလား
  • ရှိနေတယ်ဆိုရင် အရွက်တွေရဲ့ အပြင်ဘက် မျက်နှာပြင်လား
  • အရွက်ရဲ့ အတွင်းဘက်အပိုင်းမှာလား
  • အရွက်ပေါ်မှာ ရောင်မညီ ကွက်ကြားတွေရှိနေသလား
  • ဘယ်လိုအရောင်တွေ မြင်နေရလဲ
  • အရောင်တွေက တစ်ရွက်လုံးပြန့်နေပြီလား
  • တစ်ဝက်တပျက် ရောင်မညီကွက်ကျားတွေလား
  • ရွက်ကြောတွေမှာတင်ဖြစ်တာလား
  • ရွက်ကြောကြားမှာ ဘယ်လိုအရောင်တွေလဲ

စသည်ဖြင့် ဒီမေးခွန်းလေးတွေကို ဖြေကြည့်ပါ ။ ဒီအဖြေတွေကနေ ဘာကြောင့်ဖြစ်တယ်ဆိုတာကို အဖြေရှာနိုင်မှာဖြစ်ပါတယ်။ 

ဒီလို ပြဿနာရှိနေတဲ့ အပိုင်းကို သိရပြီဆိုရင်တော့ အပင်ဟာရမှာ လိုနေတာတွေ ဘယ်လိုထည့်ရမလဲ။ ပိုနေတာတွေ ဘယ်လို ဖယ်ရမလဲဆိုတာကို နောက်အပိုင်းတွေမှာ ဆက်လက်ဖော်ပြသွားပါမယ်ရှင်။

အပိုင်း(၃) https://greenwaymyanmar.com/posts/Nutriets_Deficiencies

 

အပိုင်း(၄) https://greenwaymyanmar.com/posts/N_P_K_control_methods

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

3
ကိုဖြိုး

ကိုဖြိုး

လွန်ခဲ့သော ၂ လ က

ကျေးဇူးပါ

မင်းထက်

မင်းထက်

လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါ

ဇွဲခန့် ပိုင်

ဇွဲခန့် ပိုင်

လွန်ခဲ့သော ၃ နှစ် က

ပုံနဲ့ တကွ ရှင်းပြပေးရင် ပိုအဆင်ပြေပါတယ်၊

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 3 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 4 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

နံပတ်2 • ဖြေကြားချက် 4 ခု

Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား

Khing Hein • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။