တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
အမိုနီယမ်ဆာလဖိတ်မြေဩဇာသည် အပင်မှ အများအပြားလိုအပ်သည့် အဓိက အပင်အာဟာရဓာတ် နိုက်ထရိုဂျင် ၂၁ ရာခိုင်နှုန်းနှင့် အပင်မှ အနည်းငယ်သာလိုအပ်သည့် အပင်အာဟာရဓာတ် ဆာလဖာ ၂၄ ရာခိုင်နှုန်းပါဝင်ပြီး ရေတွက်ပျော်ဝင်လွယ်သော ဓာတုမြေဩဇာတစ်မျိုးဖြစ်ပါသည်။ စိုက်ပျိုးထုတ်လုပ်မှု၌ သုံးစွဲရာတွင် မိမိသီးနှံနှင့် စိုက်ပျိုးမြေအား ထိခိုက်မှုနည်းပါးစေရန်အတွက် သုံးစွဲတောင်သူများအနေဖြင့် ၎င်းမြေဩဇာအကြောင်းနှင့် အသုံးပြုရမည့် နည်းလမ်းများကို သိရှိနားလည်ရန်လိုအပ်ပါသည်။ နိုက်ထရိုဂျင်အာဟာရဓာတ် ဖြည့်ဆည်းရန်အတွက် အမိုနီယမ်ဆာလဖိတ်မြေဩဇာကို နှုန်းထားမြင့်မားစွာအသုံးပြုပါက အပင်မှလိုအပ်မှုနည်းသော ဆာလဖာဓာတ်ကို လိုအပ်မှုထက်ပိုမိုစေခြင်းကြောင့် အပင်အတွက် ဆိုးကျိုးများဖြစ်ပေါ်စေပါသည်။
အမိုနီယမ်ဆာလဖိတ် မြေဩဇာတွင် ဆာလဖာပါဝင်မှုမြင့်မားခြင်းကြောင့် မြေကို ချဉ်စေသောသတ္တိရှိသဖြင့် မြေငန်များနှင့် မြေငန်ရှိသောဒေသများတွင်သာ သုံးစွဲရန်သင့်တော်သော ဓာတ်မြေဩဇာ အမျိုးအစားဖြစ်ပါသည်။ တောင်သူများအနေဖြင့် ဈေးနှုန်းသက်သာသည့်အတွက် ဝယ်ယူအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ်မြေဩဇာကို မြေကြီးထဲသို့ ထည့်သွင်းအသုံးပြုသောအခါ ယူရီးယားကဲ့သို့ အခြားသော နိုက်ထရိုဂျင်မြေဩဇာများထက် မြေချဉ်စေသောအက်စစ်ဓာတ်ကို ပိုမိုထုတ်လွှတ်ပေးသဖြင့် မြေချဉ်ငန်ကိန်း ၅ ဒသမ ၅ အောက်ရှိသော မြေချဉ်များတွင် မြေဆီလွှာအချဉ်ပေါက်သောပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။
တောင်သူများအနေဖြင့် ၎င်းမြေဩဇာကို သုံးစွဲမည်ဆိုပါက မိမိတို့စိုက်ပျိုးမြေ၏ မြေချဉ်ငန်ကိန်း၊ စိုက်ပျိုးမည့် သီးနှံအမျိုးအစား စသည်တို့အပေါ်မူတည်၍ ထည့်သွင်းသင့်သည့်ပမာဏကို စိုက်ပျိုးရေးပညာရှင်များနှင့် မြေဆီလွှာပညာရှင်များ၏ ထောက်ခံအကြံပြုချက် ရယူအသုံးပြုရန် လိုအပ်ပါကြောင်း အသိပေးအပ်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကမြေခံအသုံးပြုတာနဲ့ စပါးပင်၂၀ရက်သားမှာကျဲတာနဲ့ဘယ်အရာကအပင်တွက်ပိုကောင်းမလဲ
Ye Thu Aung123
လွန်ခဲ့သော ၄ နှစ် ကအေးသောဒေသ နှင့် မြေငံ ဒေသ စားရင်စပ်သော ကြက်သွန်နီ /ကြက်သွန်ဖြူ /ငရုပ် တို့တွင်အထူး လိုအပ်တယ်
Ye Thu Aung123
လွန်ခဲ့သော ၄ နှစ် ကမြန်မာ ပြည် မြေအချို့သည် ပိုတက် ဓာတ်-ဆာဖာဓာတ် လိုအပ်မူှ့ ရှိသည်
ဦးခင်ရှိန်
လွန်ခဲ့သော ၄ နှစ် ကမသုံးဖြစ်ပါ
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 4 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020
စိုက်ပျိုးရေးဦးစီးဌာန Call Center နှင့် Greenway တို့ပူးပေါင်း၍ တောင်သူ ဝန်ဆောင်မှုလုပ်ငန်း တိုးမြှင့်ဆောင်ရွက်မည်
20/08/2020