ပင်လယ်ရေညှိ ရေမှော်များမှ သဘာဝမြေဩဇာထုတ်လုပ်ခြင်း
ပင်လယ်မှရသော ရေညှိကို စားသောက်ကုန်အမျိုးမျိုးပြုလုပ်ကြသကဲ့သို့ မွန်ပြည်နယ် ကျိုက္ခမီဒေသမှထွက်သော သဘာဝပင်လယ်ရေညှိကိုလည်း ကျောက်ပွင့်ဟုခေါ်ကာ အခြောက်ပြုလုပ်စားသောက်ကြပါသည်။ မွန်ပြည်နယ်မှထွက်သော ဒေသစာ အညိုရောင် ကျောက်ပွင့်သည် အိုင်အိုဒင်းဓာတ်ကြွယ်ဝသောကြောင့် လည်ပင်းကြီးရောဂါရှိသူများအတွက် အထူးသင့်လျော်ကာ ရေစိမ်၍အစိမ်းသုပ်စားခြင်း၊ ထိုအစိမ်းလိုက်ပင် မုန့်ဟင်းခါးထဲထည့်စားခြင်းတို့ လုပ်ကြပါသည်။
ယခုတွင်မူ ပင်လယ်မှထွက်သော ရေညှိရေမှော်များနှင့် မြစ်ချောင်းများရှိ ကျောက်တုံးကျောက်ဆောင်များတွင်ပေါက်သော ရေညှိများကို သဘာဝမြေဩဇာအဖြစ် အသုံးချတတ်ရန်ဖော်ပြပေးပါမည်။
နည်းလမ်း ၁
ပင်လယ်မှရသော ရေညှိဖြစ်စေ မြစ်ချောင်းများမှရသော ရေညှိများဖြစ်စေ ယူပါ။ ပင်လယ်ရေညှိဆိုပါက ဆားဓာတ်ပါတတ်သဖြင့် ရေစင်အောင်ဆေးပါ။ ထို့နောက် ရေစစ်ကာ နေလှန်းပါ။ ခြောက်ကြွပ်လာပါက မှုန့်နေအောင်ထောင်းပါ။ ရလာသော ရေညှိမှုန့်ကို အပင်များအတွက် မြေဆွေးနှင့်စပ်၍လည်းကောင်း၊ ပင်ခြေတွင် မြေဩဇာအဖြစ်ထည့်ပေးခြင်းကိုလည်းကောင်း ပြုလုပ်နိုင်ပါသည်။
နည်းလမ်း ၂
ရလာသောရေညှိများကို အထက်ပါနည်းအတိုင်းဆေး၍ ကတ်ကြေးနှင့်ညှပ်ကာ ရေငါးဂါလံပုံးတွင် ရေညှိသုံးပုံတစ်ပုံထည့်ကာ ရေအပြည့်ဖြည့်၍ အဖုံးကို မကြပ်တကြပ်အုပ်ပြီး ၂ ပတ်မှ ၄ ပတ်အထိထားပါ။ ထို့နောက် ရလာသောအရည်ကို ရေသုံးဆ ရေညှိရည် တစ်ဆရောကာ အပင်များကို လောင်းနိုင်သကဲ့သို့ ရွက်ဖျန်းအားဆေးအဖြစ်လည်းသုံးနိုင်ပါသည်။
နည်းလမ်း ၃
အထက်ပါအတိုင်း ရေညှိကိုရေဆေးကာ ရေညှိ၊ သကြားညိုနှင့် ရေအနည်းငယ်ကိုရောကာ ကြိတ်စက်နှင့်ကြိတ်ရပါမည်။ ရေညှိအချိုးနှင့် သကြားအချိုးသည် ဆတူဖြစ်ရပါမည်။ ထို့နောက် ထိုအရည်အား ပုံးတစ်ခုတွင် အဖုံးမကြပ်စေဘဲ ပတ်၍ တစ်ပတ်မှ ဆယ်ရက်အထိထားကာ ထိုအချဥ်ဖောက်ရည်အား ရေငါးဆ အချဥ်ဖောက်ရည် တစ်ဆရောကာ ရွက်ဖျန်းမြေဩဇာအနေနှင့်လည်းကောင်း၊ ရေဆယ်ဆ အချဥ်ဖောက်ရည် တစ်ဆရောကာ foliar spray အနေနှင့်လည်းကောင်းသုံးနိုင်ပါသည်။
ရေညှိရေမှော်များတွင်ပါဝင်သော cytokinin သည် အပင်များတွင် အမြစ်၏ ဆဲလ်ကွဲပွားခြင်းကိုဖြစ်စေသောကြောင့် အပင်များ၏ အမြစ်များစွာကို တိုးပွားစေပါသည်။
ရေညှိမြေဩဇာရည်ကို သီးနှံများမခူးဆွတ်မီ ဆယ်ရက်အလိုတွင် သုံးပါက သီးနှံများ၏သက်တမ်းကို ပိုမိုကြာရှည်ခံစေပါသည်
။
Cut flower များတွင် ပန်းမခူးမီ နှစ်ရက်ခန့်အလိုတွင် သုံးပေးပါကလည်း ပန်းများကို ပိုမိုအထားခံစေပါသည်။ စားကျက်သီးနှံများတွင်လည်း ရေညှိရည်သုံးပါက ပရိုတင်းပါဝင်မှုကို ပိုများစေပါသည်။ ကိုင်းကူးကိုင်းဆက်လုပ်ငန်းတွင်လည်း cutting ကိုင်းများအား အမြစ်ထွက်စေရန်စိမ်နိုင်ပါသည်။
ထို့ကြောင့် မိမိတို့ မြစ်ချောင်း အင်းအိုင်နှင့် ပင်လယ်များမှရသော အစိမ်းရောင်ဖြစ်စေ အဝါေရာင်ဖြစ်စေ အနီရောင်ဖြစ်စေ ရေညှိရေမှော်များကို အကျိုးရှိရှိအသုံးချတတ်စေရန် ရေးသားလိုက်ရပါသည်။
https://www.google.com/url?sa=t&source=web&rct=j&url=https://dengarden.com/gardening/The-Benefits-of-Using-Liquid-Seaweed-Fertilizer&ved=2ahUKEwjX17X7_qb0AhUo7XMBHa0GCcsQFnoECDgQAQ&usg=AOvVaw1nh4xCw7uSDh_fmRjJQPwj
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
u nyein zaw
လွန်ခဲ့သော ၄ နှစ် ကအိမ်မှာ မွေးမြူစိုက်ပျိုးလို့ရနိုင်ပါသလာရန်ကုန်ကပါ
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 4 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from စုမြတ်မြတ်မိုး
အားလုံး