အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငါးသားပေါက်များ ကန်အတွင်းသို့ မထည့်ခင်နှင့် ထည့်သွင်းနေစဉ် စီမံခန့်ခွဲမှု (၂)

ငါးသားပေါက်များ ကန်အတွင်းသို့ မထည့်ခင်နှင့် ထည့်သွင်းနေစဉ် စီမံခန့်ခွဲမှု (၂)

Green Way
Green Way • 20/05/2022

(၈) ငါးကန်ထဲတွင်ရှိ သဘာဝအစားအစာကို လက်ကိုအသုံးပြုပြီး သုံးသပ်ခြင်း

 

ငါးကန်ထဲ ထုံးထည့်ခြင်းဖြင့်

လက်ကိုကန်ရေပြင်ထဲသို့ ဒေါင်လိုက်အနေအထားဖြင့် တံတောင်ဆစ်မြုပ်သည်အထိ စိုက်ထည့်ထားပြီး လက်ဖဝါးကို ဖြန့်ကြည့်ပါ။ လက်ဖဝါးကို ရေပြင်မှ မမြင်ရပါက မြေဩဇာ ပြည့်ဝနေသည့် အနေအထားဟု မှတ်ယူရမည်။ အကယ်၍ လက်ကိုမြင်ရပါက ကန်ရေဩဇာနည်းနေပြီဟု သတ်မှတ်နိုင်သည်။ ယင်းကဲ့သို့ ဖြစ်ပါက မြေဩဇာကို ငါးကန်ထဲထည့်ပေးရမည်။

 

(၉) ငါးကန်၏ရေအလွှာလိုက် ငါးများအတွက် သဘာဝအစာများ

 

ရေကန်ရှိ ရေလွှာအမျိုးမျိုးတွင် နေထိုင်ကြသောငါးများသည် ကွဲပြားခြားနိုင်သည့် သဘာဝအစာများကို အောက်ပါအတိုင်းလိုအပ်သည်။

 

(၁၀) ငါးသန့်မျိုးထည့်ရမည့် အချိုးအစား

 

ငါးမျိုးများကို သင့်တော်သည့် အရေအတွက်ဖြင့် ရေလွှာလိုက် ထည့်သွင်းမွေးမြူခြင်းဖြင့် အကျိုးမြတ် ကောင်းကောင်းရရှိနိုင်ပါသည်။ ငါးကန်တွင်ထည့်သွင်းမွေးမြူသည့် အချိုးအစားနမူနာ (၂) မျိုးမှာအောက်ပါအတိုင်းဖြစ်သည်။

 

(၁၁) ကန်ရေနှင့် ငါးသန်/ငါးသားပေါက် အသားကျအောင်ပြုလုပ်ခြင်းနှင့် ကန်တွင်းသို့ ငါးသန်/ငါးသားပေါက်များ ထည့်သွင်းခြင်း

 

·      ငါးသန်/ငါးသားပေါက်များ ထည့်ထားသည့် ပလတ်စတစ်အိတ်ကို ကန်ရေပြင်တွင် ၁၅မိနစ်ခန့် ပေါလောအနေအထား ထားပေးပါ။

 

·      ထို့နောက် လက်နှစ်ဖက် သို့မဟုတ် မတ်ခွက်ကို အသုံးပြု၍ ကန်ထဲမှရေကို ဖြည်းဖြည်းခြင်း ၁၀-၁၅မိနစ်ခန့်ထည့်ပါ။ ထို့နောက် အိတ်ကို အနည်းငယ်စောင်းပြီး ကန်ထဲမှရေကို  အိတ်ထဲသို့ လက်ဖြင့် ယက်ထုတ်ပေးခြင်းဖြင့် ရေစီးကြောင်းအသွင်ဖြစ်ပေါ်စေပြီး ငါးသားပေါက်များ ယင်းရေစီးကြောင်းကို ဆန့်ကျင်ဖက်အနေအထားဖြင့် ကန်ထဲသို့ ကူးခတ်သွားမည်။

 

 

(၁၂) ကျန်းမာသန်စွမ်းသည့် ငါးသန်၏လက္ခဏာများ

·      ကိုယ်ခန္ဓာတောက်ပကြည်လင်ခြင်း

·      အကြေးခွံမကျွတ်၊ ဆူးတောင်များမကျိုးပဲ့ခြင်း

·      ငါးများထည့်ထားသော ရေပုံးထဲတွင် လက်ဖြင့်ရေစီးကြောင်းများ ဖန်တီးပါက ငါးသန်များရေစီးကြောင်းနှင့် ဆန့်ကျင်ဖက်သို့ ရွေ့လျားကူးခတ်ခြင်း

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

အီးအမ်1ကိုဘယ်မှာဝယ်လို့ရမလဲအသေးစိတ်ပြောပြပေးပါ

ကျော်မျိုးလှိုင် • ဖြေကြားချက် 5 ခု

ကန်ထဲ ရေနည်းလို့ စက်တွင်းရေ သွင်းလို့ရပါသလား။ ရေ‌ပုပ်နိုင်ပါသလား

Aung Kyaw Moe • ဖြေကြားချက် 1 ခု

အသစ်တူးထားသည့် ငါးကန်အတွက် ရေသွင်း ရေလှယ်စန် များတပ်ဆင်ချင်လို့ ဘယ်ကိုဆက်သွယ်ရမလဲဗျ။ ၁၅မိုင်ကပါ

Hein Thant • ဖြေကြားချက် 2 ခု

အသစ်တူးဖေါ်ထားသည့် ငါးကန်အတွက် ျရသွင်းရေထုတ်စနစ် လုပ်ချင်လို့ ဘယ်လိုဆက်သွယ်ဆောင်ရွက်ရမလဲခင်ဗျ

Hein Thant • ဖြေကြားချက် 1 ခု

အကြံပေးကြပါအုံး ငါးကန်မွေးမြူရေးလုပ်ချင်ပါတယ် သိုလှောင်ရေက ဘယ်လောက်ကြာရင် အသစ်ပြန်လဲသင့်လေး ဖြေခဲ့ကျပါအုံး

sanmoetun • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။