အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ

မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ

“စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ (ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း) တို့မှ အနောက်တောင်မုတ်သုံလေ စတင်ဆုတ်ခွာနိုင်သည့် အခြေအနေကို ဆက်လက်စောင့်ကြည့်ရပါမည်”

စက်တင်ဘာလ ၇ ရက် - နံနက် ၁၁ နာရီ UPDATEဖြစ်သည်။

ထိုင်းမိုးလေဝသဌာန (TMD) ၏ စက်တင်ဘာ ၇ ရက်နေ့ မြေပြင်မိုးလေဝသမြေပုံ၊ ဂြိုဟ်တုဓာတ်ပုံနှင့် Windy ECMWF Model ၏ ခန့်မှန်းချက်များ (စက်တင်ဘာ ၁၀ နှင့် ၁၁ ရက်) အရ မိုးလေဝသအခြေအနေများကို အောက်ပါအတိုင်း သုံးသပ်ခန့်မှန်းရပါသည် -

၁။ မုတ်သုံမြောင်တန်း (Monsoon Trough) ရွေ့လျားနိုင်မည့် အခြေအနေ

လက်ရှိအခြေအနေ (စက်တင်ဘာ ၇ ရက်) - မုတ်သုံမြောင်တန်းသည် မြန်မာနိုင်ငံအထက်ပိုင်း/မြောက်ပိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတို့ကို ဖြတ်သန်းတည်ရှိနေပါသည်။

ခန့်မှန်းအခြေအနေ (စက်တင်ဘာ ၁၀ - ၁၁ ရက်)

စက်တင်ဘာ ၁၀ ရက်တွင် မုတ်သုံမြောင်တန်းသည် တောင်ဘက်သို့ စတင်လျှောဆင်းလာပြီး မြန်မာနိုင်ငံအလယ်ပိုင်း (စစ်ကိုင်းတိုင်းတောင်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း) နှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းအထိ ရောက်ရှိလာမည် ဖြစ်သည်။

စက်တင်ဘာ ၁၁ ရက်တွင် မုတ်သုံမြောင်တန်းသည် ပိုမိုတောင်ဘက်သို့ ဆက်လက်လျောဆင်းကာ မြန်မာနိုင်ငံအောက်ပိုင်း (ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ ကရင်၊ မွန်) နှင့် ကပ္ပလီပင်လယ်အပြင် တောင်တရုတ်ပင်လယ်ပြင်အထိ ဆင်းသွားမည် ဖြစ်သည်။

၂။ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်ရှိ အနောက်တောင်မုတ်သုံလေ အခြေအနေ - မုတ်သုံမြောင်တန်း တောင်ဘက်သို့ လျှောဆင်းလာခြင်းကြောင့် ပင်လယ်ပြင်ဆီမှ ဝင်ရောက်လာသည့် အနောက်တောင်မုတ်သုံလေ (Southwest Monsoon) မှာ အားကောင်းလာမည် ဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် - မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနိုင်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ခြေ - တောင်တရုတ်ပင်လယ်မှ ရွေ့လျားလာသော လေဖိအားနည်းဆဲလ်များ (Low Pressure Cells) နှင့် မုတ်သုံမြောင်တန်း၏ သက်ရောက်မှုကြောင့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုန်တိုင်းငယ်/လေဖိအားနည်းရပ်ဝန်းများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် အရှိန်အဟုန်ရှိနေပါသည်။

၃။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ မုတ်သုံဆုတ်ခွာနိုင်မည့် အခြေအနေ

မုတ်သုံမြောင်တန်းမြောက်ဘက်မှ တောင်ဘက်သို့ လျှောဆင်းသွားသည်နှင့်အမျှ တိဘက်ကုန်းမြေမြင့်ဘက်မှ လေအေးနှင့် ခြောက်သွေ့သောလေများ (High Pressure system) ဝင်ရောက်လာမည် ဖြစ်သည်။

ထို့ကြောင့် စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ (ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း) တို့မှ အနောက်တောင်မုတ်သုံလေ စတင်ဆုတ်ခွာနိုင်သည့် (Southwest Monsoon Withdrawal) အခြေအနေသို့ ရောက်ရှိလာပါမည်။

 ၄။ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့် မိုးလေဝသအခြေအနေများ

စက်တင်ဘာ ၇ - ၉ ရက် - မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ပါသည်။

စက်တင်ဘာ ၁၀ - ၁၂ ရက် - မုတ်သုံမြောင်တန်း လျှောဆင်းလာသည်နှင့်အမျှ မြန်မာနိုင်ငံအလယ်ပိုင်း၊ အရှေ့ပိုင်း (ရှမ်းပြည်နယ်)၊ စစ်ကိုင်းတိုင်းတောင်ပိုင်း၊ မကွေး၊ မန္တလေး နှင့် အောက်ပိုင်းဒေသများ (ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီ၊ ကရင်၊ မွန်) တို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ အထူးသဖြင့် စက်တင်ဘာ ၁၁ ရက်ခန့်တွင် မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများ၌ မိုးသည်းထန်နိုင်ခြေ မြင့်မားပါသည်။

သတိပြုရန် အကြံပြုချက် - မုတ်သုံမြောင်တန်း လျှောဆင်းချိန်တွင် လေထုမတည်ငြိမ်မှုများပြင်းထန်သဖြင့် မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ ရုတ်တရက် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်း အန္တရာယ်များကို အထူးဂရုပြုရန် လိုအပ်ပါသည်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 0 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။