ဖြေကြားချက် ၁ ခု
အသီးအားကောင်းဆေးနဲ့ပတ်သက်လို့ ဖော့စ်ဖရပ်စ်နဲ့ ပိုတက်ဆီယမ်ပါတဲ့ မြေသြဇာကို ထောက်ခံနှုန်းထားအတိုင်းသုံးစွဲပါ။ ပွင့်ထွေးပိုး၊ စုပ်စားပိုးမရှိအောင်တော့ လုပ်လို့မရပါဘူး။ ပွင့်ထွေးပိုးကို ကြိုတင်ကာကွယ်ဖို့ အညွန့်၊ အဖူးထွက်ချိန်ကတည်းက ထိသေ၊ စားသေ (သို့မဟုတ်) ပင်လုံးပြန့်ပိုးသတ်ဆေး တစ်မျိုးမျိုး (ဥပမာ− ဒိုင်မီသိုအိတ်၊ အဆီဖိတ်၊ လန်ဘ်ဒါဆိုင်ယာလိုသရင်) ကို ပက်ဖျန်းပါ။ ပိုးသတ်ဆေး ခံနိုင်ရည်ရှိတတ်တာမို့ တမာပိုးသတ်ဆေးနဲ့ အလှည့်ကျပက်ဖျန်းပါ။ စုပ်စားပိုးကိုကြိုတင် ကာကွယ်ချင်ရင်တော့ မစိုက်ခင်မျိုးစေ့လူးနယ်ဆေး တစ်မျိုးမျိုး (ဥပမာ။ အင်မီဒါကလိုပရစ်ဒ်) နဲ့ လူးနယ်စိုက်ပျိုးပါ။ နံနက်စောစောနေမထွက်မီ စိုက်ခင်းပတ်ဝန်းကျင် လေတင်ဖက်ကနေပြီး မီးခိုးမှိုင်းတိုက်ပေးရင် ပျကျရောက်မှုကို ကာကွယ်နိုင်ပါတယ်။ ယင်ဖြူကိုကြိုတင်ကာကွယ်ဖို့ အဝါရောင် ကော်ထောင်ချောက်နဲ့ ကြိုတင်ထောက်လှမ်းပါ။ စိုက်ခင်းပေါ်မှာ ငွေရောင်အရောင်ပြန်တဲ့ ပိုလီအီသိုင်လင်း ပလတ်စတစ်စကို ထားပေးပါ။ စိုက်ခင်းအနီးက စွန့်ပစ်ထားတဲ့ အပင်အကြွင်းအကျန်များကို စွန့်ပစ်ပါ။ ပေါင်းမြက်တွေကိုရှင်းလင်းပါ။ တမာပိုးသတ်ဆေးကို တစ်ပတ်တစ်ကြိမ်ပက်ဖျန်းပါ။
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်းအားဆေးဘာသုံးရမလဲ☺
ဖြေကြားချက် 5 ခု
မြေသြဇာကို ပထမဆုံးတမန်းပြင်ချိန်နဲ့နောက်ဆုံးတမန်းပြင်ချိန် ဘယ်အချိန်ထည့်ရင်ကောင်းလဲဗျ
ဖြေကြားချက် 2 ခု
ဆရာတို့ကျွန်တော်ပဲတီစိမ်းရက် ၁၅ ရက်သာရှီပီဘာဆေးသုးံကမလဲ
ဖြေကြားချက် 2 ခု
ပဲတီစိမ်းအားဆေးဘာဆေးသုံးရလဲဗျာ
ဖြေကြားချက် 3 ခု
အပင်းအာဟာရလိုအပ်နေလို့ပါဘာဆေးသုံးရမလဲဆရာတို့
ဖြေကြားချက် 2 ခု