ဖြေကြားချက် ၁ ခု
ကြီးထွားမှု အဆင့်(၂)။ ဤအပိုင်းမှာ ပင်ပိုင်းကြီးထွားမှု တန့်ပြီး၊ လိင်ပိုင်း ကြီးထွားမှု အတွက် သန္ဓေတည်ချိန် ဖြစ်သည်။ အဖူးချိန်မှ ပန်းပွင့်ပြီး ဝတ်မှုံကူး သန္ဓေအောင်သည့်အထိ ဖြစ်သည်။ ဤအဆင့်တွင် အလေးထား ကျွေးရမည့် မြေသြဇာများတွင် အင်ပီကေ (NPK) အားလုံး ပါဝင်သော်လည်း အဓိကမှာ ဖော့စဖိတ် ဖြစ်သည်။ ယောကျ်ားလေးများ၊ မိန်းခလေးများ အပျိုဖော်ဝင်စချိန်တွင် အသံ၊ ကိုယ်ခန္ဓာနှင့် စိတ်ထားများ ပြောင်းလဲ သကဲ့သို့ အပင်များလည်း လိင်သန္ဓေတည်စမှ စ၍ ပြောင်းလဲမှုများ ရှိသည်။ ထိုပြောင်းလဲလာသော အခြေအနေနှင့် ကိုက်ညီသော မြေသြဇာ အမျိုးအစားနှင့် ပမာဏကို သတိထား ကျွေးရန် လိုအပ်သည်။ ဤအခြေအနေမျိုးကို ပန်းပွင့် လှံုဆော်သော (Bloom Booster Fertilizer)ဟု ခေါ်သည်။ အာနိသင်ပြမြန်သော အရွက်ဖျန်း မြေသြဇာများကို အနည်းဆုံး (၂) ကြိမ် (၃)ကြိမ် ပက်ဖျန်းရန် လိုအပ်သည်။ ဆရာကြီး ဦးဖရက်သိန်းဖေရဲ့ ညွှန်ကြားချက်ဖြစ်ပါတယ်ဗျ။ မြေပဲကို အစာကျွေးနည်း အကျဉ်းချုပ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မြေပဲအရမ်းအုအောင်ဘယ်လိုလုပ်သင့်သလဲ
ဖြေကြားချက် 2 ခု
မြေပဲပန်းပွင့်အောင်ဘာဆေးသုံးရမလဲ
ဖြေကြားချက် 2 ခု
မြေပဲအပွင့်ပွင့်ချိန်ဘာဆေးအမျိုးအစားသုံးသင့်လဲဗျ
ဖြေကြားချက် 4 ခု
မြေပဲဥချးဆေးနည်းလေးမျှဝေပါ
ဖြေကြားချက် 2 ခု
မြေပဲလေး တစ်လသားအရွယ် ရှိပါပြီ။ပန်းစဝင်နေပါပြီ။ အပင်အဟာရ အတွက် ဘာဆေးပတ်ပေးရရင်ကောင်းမလဲခင်ဗျာ။
ဖြေကြားချက် 2 ခု