ဆရာရယ်ကဿ်ဟင်းခါးပင်တွေအပင်တွေညှိုးပြီးသေနေလို့ဘယ်လို့လုပ်ရမှာလည်းပြောပေးပါအုံ့
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၆၅ ရက်
ကော့ပါးနဲ့ ကာဆူဂါ တကြိမ်ပဲဖျန်းပါ။ antibioticတွေက နောက်တကြိမ်ဖျန်းရင် ခံနိုင်ရည်ရှိတတ်ပါတယ်။ ဘီလီယံသိုမဟုတ် စထရက်တိုမိုက်စင် ဖျန်းပါ အဲဒါမှမရရင်.. ကုသဆေးမရှိပါ။
ကော့ပါးဟိုက်ဒြောက်ဆိုက်ကဆိုင်တွေမှာမရှိဘူးဆရာရယ်ကာဆူမင်လည်းနှစ်ကြိမ်ဖြန်းးပြီးပြီ
ရနိုင်ရင် ကော့ပါးဟိုက်ဒြောက်ဆိုဒ် ကောင်းပါတယ်။(အောက်စီ...)
ဟုတ်ပါတယ်ဗျာဆရာပို့ပေးတဲ့ပံထဲကအတိုင်းပဲတွေ့ပါတယ်ကာဆူမင်ကတော့ဝယ်လို့ရပါတယ်ဒါပေမဲဆရာပြောတဲ့ကောပါးကဘယ်လိုကော့ပါးဘလဲဆိုင်မှာတော့ကျူပရိုမက်ကော့ပါးအောက်ဆီကလိုရိုက်ဒါပဲရှိပါတယ်
ဘက်တီးရီးယားOoစပိုးတွေတွေ့ရရင်တော့ ဘက်တီးရီယားပါ။ ရေသွင်းမြောင်းအတိုင်း ကူးတတ်ပါတယ်။ ကုသရခက်ပါတယ်။ ကော့ပါးနဲ့ ကာဆူမင် ရောဖျန်းပါ သို့မဟုတ် ဘေလီဒါမိုင်စင်(ဘီလီယံ,ဘန်နီဆိုဒ်...)ဖျန်းပါ။ သိူ့မဟုတ် စထရက်တိုမိုင်စင်ဆေးတပုံး ၁၀ဂရမ်နုန်းဖျန်းပါ
လှိုင်းပေါ်ကဆရာတစ်ယောက်ကပြောတယ်ညှိုးမေတဲ့အပင်တွေရဲ့ပင်စည်ကိုဖြတ်ပြီးရေဖန်ခွက်ထဲနှစ်ကြည့်တဲ့မီးခိုးရောင်အမျင်တန်းလေးတွေထွက်ရင်ဘက်တီးရီးယားရောဂါတဲ့ကျွန်တော်သူပြောသလိုလုပ်ကြည့်တာအဲလိုအမျှင်တန်းလေးတွေထွက်နေတယ်သူပြောသလိုဘက်တီးရီးယားရောဂါဟုတ်ပါသလားဟုတ်ရင်ဘယ်လိုကုသရပါ့မလဲအကြံဉာဏ်လည်းပေးပါအုံ့ဆရာတို့ရယ်
ကြက်ဟင်းခါးပင်ညိုးတာက အများအားဖြင့် ဖျူစေရီယမ် ပင်ညှိုးရောဂါ (Fusarium oxysporum f.sp. niveum) ကြောင့်ပါ။ ဒါပေမဲ့ အခုပုံအရဆို ထိုရောဂါကြောင့် မဟုတ်ပဲ နေ့ဘက်မှာညှိုးပြီး ညဘက်ဆို ပြန်လန်းလာတယ်ဆိုတော့ ကြိမ်းသေပေါက် မြေဆီကြောင့်ဖြစ်နိုင်ပါတယ်။ မြေဆီကျွေးခြင်းကို နားပြီး ညနေဘက် ရေသွင်း၊ ရေထုတ်ပေးခြင်းများ စနစ်တကျ ဆောင်းရွက်ပေးရပါမယ်ခင်ဗျာ။ အပင်အနည်းငယ် ပြန်လန်းလာမ သဘာဝအားဆေးပဲ ဖြန်းပေးပါ။ စိတ်ချရမ မြေဆီကျွေးခြင်းကို ဆောင်ရွက်ပေးပါ။ အတွေ့ကြုံလေး မျဝေတာပါခင်ဗျာ။ အဆင်ပြေပါစေ။
မနက်ပိုင်းရော ညနေပိုင်းရောညှိုးနေတဲ့အပင်က,အမြစ်မကောင်းတော့ပါ။ နေ့မှာညိှုးပြီး၊ မနက်ပိုင်းလန်းရင်တော့.. ရနိုင်သေးတယ်။ သဘာဝအားဆေးနည်းနည်းနဲ့ ရေဖျန်းတိုင်းထည့်ဖျန်းပါ။ နောက်ဆိုရင်..မြေသြဇာကို ရေမသွင်းမီမြောင်းထဲကို ပါးပါးဖြူးပြီးရေသွင်းပါ။ သိူ့မဟုတ် ရေဖျော် တညသိပ်ပီးမှ အပင်ေခြေနဲ့ ၆လက္မ-၈လက္မခန့်ခွာ ထည့်ပါ။
မြေသြဇာကတော့15ပတ်လည်ပဲကျွေးပါတယ်တပင်ကိုတစ်ဇွန်းနီးနီးလောက်ကျွေးပါတယ်အပင်တွေကပထမတော့နေ့ဘက်မှာညှိုးပြီးညဘက်ဆိုပြန်လန်းလာတယ်နောက်နှစ်ရက်သုံးရက်ဆိုရင်တပင်လုံးညှိိုးပြီးသေသွားတယ်
ဘာမြေသြဇာကျွေးထားပါသလဲ။ တပင်ကို ဘယ်နုန်းနဲ့ ကျွေးသလဲ။ ပက်ကျွေးလား ရေဖျော်ကျင်းဖောက်ကျွေးလား? (မြေသြဇာ အကျွေးမှားတယ်.လို့ သံသယရှိလို့ပါ)
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကြက်ဟင်းခါးပင်တွေညှိုးပြီးသေနေတယ်အဲဒါဘယ်လိုလုပ်ရမှာလည်းပြောပေးပါအုံးဆရာတို့ရယ်
ဖြေကြားချက် 15 ခု
အသီးအပွင့်အားဆေးနဲ့ပိုးသတ်ဆေး ရောဖျန်းလို့ရပါသလားသိချင်ပါတယ်
ဖြေကြားချက် 4 ခု
ကြက်ဟင်းခါးသီးပင်မှာ ပိုးကျနေလို့ပါ။ ဘာပိုးလဲခင်ဗျ။ သိတဲ့ဆရာများရှိရင်ပြောပြပေးပါနော်။ ဘယ်လိုနည်းလမ်းတွေနဲ့ ကာ...
ဖြေကြားချက် 2 ခု
ဘာဖြစ်တာလဲဗျ
ဖြေကြားချက် 1 ခု
ဒီအပင်လေး စိုက်ပျိုး ပြုစုပုံသိချင်ပါတယ် ဆရာ ဆရာမတို့
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။