အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Kyaw Soe Naing
လွန်ခဲ့သော ၁ ပတ် က · ရွာငံ

ခရမ်းချဥ်ပင်မှာဖြစ်တဲ့ နှောင်းပင်နာကျရောဂါ ၊ ခါးရိရောဂါ ၊ဒေါင်းနီးရွက်ခြောက် ၊ပင်စည်နက်ရောဂါ အတွက် ( Metalaxyl )မက်တယ်လက်စီ ကိုအခြားမည်သည့်ဆေးနဲ့မှ မရောစပ်ဘဲ တစ်မျိုးထဲ အသုံးပြုမယ်ဆိုရင် ဖြစ်လာမယ့်ရောဂါတွေကို ကာကွယ်ကုသနိုင်စွမ်းရှိမရှိသိချင်ပါတယ်ဗျာ။ နားလည်သိကျွမ်းတဲ့ ဆရာကြီးများ ကျေးဇူးပြုပြီး ကျနော့ကိုပြောပြပေးကြပါဗျာ ။

စိုက်ပျိုး ဗဟုသုတ ခရမ်းချဉ်
Post image

ဖြေကြားချက် ၂ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,120,218 လွန်ခဲ့သော ၁ ပတ် က

မက်တလက်ဇီး ကို တမျိုးတည်းသုံးရင်၊ဒေါင်းနီး၊ပစ်သီရန်ခါးရိ၊နှောင်းပင်နာကျ ကဲ့သို့သော Oomycete မှိုတွေကို ကာကွယ်ကုသနိုင်ပါတယ်။ သို့သော် ၂ကြိမ်ဆက်တိုက်ထက် ပိုများလာရင် ဆေးယဉ်ပါးမှုပြဿနာရှိပါတယ်။အခြားဆေးများနဲ့ မတွဲချင်ရင် အလှည့်ကျသုံးရပါမယ်။

သော်ဇင်
သော်ဇင် 371,327 လွန်ခဲ့သော ၁ ပတ် က

နှောင်းပင်နာကျရောဂါ (Late Blight) နှင့် ခါးရိရောဂါ (Damping off) ဒေါင်းနီးရွက်ခြောက်ရောဂါ(Downey Miledew): ကာကွယ်ကုသနိုင်စွမ်း အပြည့်အဝ ရှိပါတယ်။ မက်တလပ်ဆီး ၂၅ ဒဗလျူပီ (Metalaxyl 25% WP) ဆေးတစ်မျိုးတည်းကို အခြားဆေးနှင့်မရောဘဲ သီးသန့် ဇာတ်တိုက်သုံးစွဲမည်ဆိုပါက ခရမ်းချဉ်တွင်ဖြစ်တတ်သော အထင်ပါ ရောဂါဖြစ်စေသည့် မှိုပိုးများကို ကနဦးတွင် ထိရောက်စွာ ကာကွယ်ကုသနိုင်သော်လည်း၊ ဆက်တိုက်သုံးစွဒလာလျင် မှိုပိုးများ ဆေးယဉ်ပါးမှု လျင်မြန်စွာ ဖြစ်လာပြီး နောက်ပိုင်းတွင် ဆေးလုံးဝမတိုးဘဲ ရောဂါမငြိမ်မသက် ဖြစ်လာပါလိမ့်မယ်။ ထို့ကြောင့် ဤဆေးစွမ်းကို ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက် ၎င်းကို သီးသန့်မသုံးဘဲ မန်ကိုဇက် (Mancozeb) ကဲ့သို့သော ထိသေမှိုသတ်ဆေးတစ်မျိုးမျိုးနှင့် တွဲဖက်ရောစပ်ဖျန်းပေးရန် အထူးလိုအပ်ပြီး၊ အထင်ပါဆေးအုပ်စုကိုလည်း (၂) ကြိမ်ဆက်တိုက်ဖျန်းပြီးလျှင် ကော့ပါး (Copper) အခြေခံမှိုဆေး သို့မဟုတ် အခြားမှိုဆေးအုပ်စုများသို့ ပြောင်းလဲလှည့်ဖျန်းပေးရပါမယ်။ အနှစ်ချုပ်ရရင် တစ်မျိုးတည်းဆို ရောဂါ အစပိုင်းမှာ နိုင်ပါတယ် သို့သော်၂ကြိမ်ဆက်တိုက်ဖျန်းပြီးရင်တော့ ဆေးယဉ်ပါးမှုမဖြစ်ရန်အခြားမှိုဆေးအုပ်စုပြောင်းလဲသုံးရပါမယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။