စီးပွားဖြစ်မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်း (၇)ရက် ရက်တိုသင်တန်းဖွင့်လှစ်မည်

26/11/2018 16:56 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း(၁၀)မိုင်သင်တန်းကျောင်းတွင် စီးပွားဖြစ်မှိုမျိုးစုံမွေးမြူစိုက်ပျိုး ထုတ်လုပ်နည်း ရက်တို သင်တန်းအား အောက်ပါအစီအစဉ်များအတိုင်း ဖွင့်လှစ်မည်ဖြစ်ပါ၍ စိတ်ဝင်စားသူများ စုံစမ်းဆက်သွယ်နိုင်ပါသည်။

၁။သင်တန်းဖွင့်မည့်ရက်

(က) အမှတ်စဉ် (၆ /၂၀၁၈) - ၁၂.၁၂.၂၀၁၈ မှ ၁၈.၁၂.၂၀၁၈ ရက်ထိ

(ခ)  သင်တန်းချိန်  - ၉:၀၀ နာရီ    မှ ၄:၀၀ နာရီ ထိ

၂။သင်တန်းပို့ချမည့် ဘာသာရပ် - မှိုမျိုးစုံမွေးမြူစိုက်ပျိုးနည်း

၃။သင်တန်းကြေး - အခမဲ့ (သင်တန်းကာလတွင် ဌာနမှ သင်တန်းဆောင်တွင် အခမဲ့နေထိုင်ခွင့် ပြုပါမည်။)

၄။စားစရိတ်၊ သင်တန်းမှတ်စု၊ - ၃၅၀၀၀ ကျပ်

လက်တွေ့လုပ်ငန်းလုပ်ဆောင်မှု

ကုန်ကျစရိတ်နှင့်ပြင်ပမှိုခြံလေ့လာရေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း(၁၀)မိုင်သင်တန်းကျောင်း၊ ဟံသာဝတီဂေါက်ကွင်းရှေ့၊ ပဲခူးမြို့နယ်။ 

ဆက်သွယ်ရန်ဖုန်း- ၀၉-၇၇၅၀၈၂၈၂၄၊ ၀၉-၄၂၀၀၆၂၃၉၃၊ ၀၉-၂၅၄၂၃၃၇၈၉၊ ၀၉-၄၂၀၁၇၇၁၁၅

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်