"ကွမ်း" ဆီစွန်း၊ ရိုးမဲရောဂါ .. အဖြေရှာ
မကြာခင်ရောက်လာတော့မယ့် မိုးတွင်းကာလမျိုးတွေမှာ ကွမ်းရွက်တွေဆီ အလည်လာလေ့ရှိတဲ့ ဆီစွန်း၊ ရိုးမဲရောဂါကို ကွမ်းစိုက်တောင်သူများအနေနဲ့ သတိထားရတော့မှာ ဖြစ်ပါတယ်။
ဒီရောဂါ ဝင်လာပြီဆိုရင်လည်း ပြန်ထွက်အောင်လုပ်ဖို့ ခဲယဥ်းပါတယ်။ မှိုသတ်ဆေးတွေ စုံအောင် နေ့စဥ်ဖျန်းပေမယ့် ရောဂါက တုတ်တုတ်မျှမလှုပ်လို့ ခြံပြုတ်တဲ့သူတွေလည်း မနည်းတော့ဘူး။
ဆိုတော့ ဘာကြောင့် ဒီလောက်နှိမ်နင်းရခက်တာလဲ?
ဒီအတွက် ရောဂါအကြောင်းရင်းကို အရင်သိထားဖို့လိုမယ်လို့ ယူဆပြီး ဒီစာစုလေးကို ရေးသားတင်ပြလိုက်ပါတယ်။
ဒီနေရာမှာ ကူးစက်မြန်တဲ့၊ ကုရခက်တဲ့ ဆီစွန်း၊ ရိုးမဲ၊ ဆစ်ပြုတ်ရောဂါအကြောင်းပဲ ဦးစားပေး ဆွေးနွေးသွားပါမယ်။
၁။ မှိုကြောင့်ဖြစ်သောရောဂါ

ဒေါင်းမြီးကွက်၊ အရွက်ပုပ်ရောဂါ (Phytophthora palmivora)
သာလိကာမျက်စေ့၊ မှည့်ပြောက်စွန်းရောဂါ (Colletotrichum capsici)
ပင်ခြေပုပ်ရောဂါ (Sclerotium rolfsii)
အထက်ဖော်ပြပါ မှိုရောဂါ ၃ မျိုးထဲကမှ (phytopthora spp) ဖိုက်တော့သရာ မှိုရောဂါဟာ အာလူး၊ ခရမ်းချဥ်တွေမှာ လောင်မဲရောဂါဖြစ်စေတဲ့ (Oomycetes )အူးမိုက်ဆိ မှိုရောဂါအမျိုးအစားဖြစ်ပါတယ်။
အူးစပိုးတွေဟာ ၇-၁၀ ရက်အတွင်း နည်းမျိုးစုံနဲ့ ပျံ့နှံ့ကူးစက်နိုင်ပါတယ်။ နောက်ပြီး မှိုအစစ်(true fungi)မဟုတ်လို့ မှိုသတ်ဆေးအတော်များများကို ခံနိုင်ရည်ရှိပါတယ်။
ဒီမှိုရောဂါဖြစ်ပြီဆိုရင် လက္ခဏာတွေအနေနဲ့ အရွက်ပေါ်မှာ အနက်စက်ကလေးကတဆင့် ရေစိုနာအကွက်ဖြစ်လာတယ်။ အဲ့ဒါက တရစ်ချင်းချဲ့လာပြီး ဒေါင်းမြီးကွက်သဏ္ဍာန်ဖြစ်လာပါတယ်။
ဒါတွေဖြစ်လာပြီဆိုရင် အဇိုဇိစထိုဘင်၊ မက်တလက်ဇီး၊ ဒိုင်မီသိုမော့အုပ်စု တမျိုးမျိုး ဖျန်းပေးနိုင်ပါတယ်။
ဆိုလိုတာက မှိုကြောင့်ဖြစ်တာဆိုရင် ဆီစွန်းလိုလို၊ ရိုးမဲလိုလို လက္ခဏာနဲ့ စလာတတ်ပေမယ့် မှိုသတ်ဆေးတွေနဲ့ ကုစားလို့ရနိုင်တယ်ဆိုတာပါ။
၂။ ဘက်တီးရီးယားကြောင့်ဖြစ်သောရောဂါ (Xanthomonas campestris pv)

ဆီစွန်း၊ ရိုးမဲ၊ဆစ်ပြုတ် ရောဂါရဲ့ အဓိကဇာတ်ဆောင်က ဇင်သိုမိုးနပ်စ် ဘက်တီးရီးယားပါ။
မှိုကြောင့်ဖြစ်တာမဟုတ်လို့ မှိုသတ်ဆေး ဖျန်းလို့မရပါ။ တကယ်တမ်း ပြောရရင် ကော့ပါးနဲ့ ကာဆူဂါမိုင်စင်ကိုတောင် ခံနိုင်ရည်ရှိပါတယ်။
ဆိုတော့ ကြိုတင်ကာကွယ်ရုံသာ ကောင်းပါတယ်။
ဘက်တီးရီးယားတွေဟာ အပင်တစ်ရှူးထဲမှာ ရေကူးသလို ကူးစက်မြန်ပါတယ်။ အရွက်တရွက်မှာ မညီမညာ ဒေါင့်ကွက်ပုံ ရေစိုနာတွေ့တာနဲ့ ဆေးဖျန်းဖို့ ပြင်ပြီးသားဖြစ်ရပါမယ်။
ရိုးမဲလက္ခဏာကလည်း အစိုနာဖြစ်နေပါတယ်။ (မှိုရောဂါ/ကြိုးချည်နေရာ ရိုးမဲ ဆိုရင်တော့ ခြောက်ပြီးမဲတာမျိုးပါ)
ဘက်တီးရီးယားကို သတ်ပေးနိုင်တဲ့ antibiotics တွေကတော့ တက်ထြာဆိုက်ကလင်း၊ စထရက်တိုမိုင်စင်နဲ့ menadione တို့ ဖြစ်ပါတယ်။
(နားလည်တတ်ကျွမ်းတဲ့ ပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေး အကူအညီရယူသင့်ပါတယ်)
ကြိုတင်ကာကွယ်ခြင်းသည် ပထမ
ကွမ်း ဆီစွန်း၊ ရိုးမဲရောဂါ ဖြစ်ရတဲ့ အခြေခံ အကြောင်းရင်းကိုလည်း သိဖို့လိုပါတယ်။
ရေသွင်းများခြင်း။ ။ ကွမ်းပင်ဟာ ရေသောက်မြစ်မပါလို့ ရေအများကြီး သွင်းတာမကြိုက်ပါဘူး။ ပင်စည်တလျှောက်မှာ တွယ်ကပ်မြစ်တွေပါလို့ အပေါ်ဖျန်းရေကို ကြိုက်ပါတယ်။
မလိုအပ်ပဲ ရေညှိတက်အောင် ရေပေးခြင်းမျိုးတွေဟာ ရောဂါ အားပေးစေပါတယ်။
နိုက်ထြိုဂျင်များခြင်း။ ။ အရွက်စားသီးနှံမို့ နိုက်ထြိုဂျင်လိုအပ်ပါတယ်။ သို့ သော် အထွက်တိုးလိုဇောနဲ့ ယူရီးယားတွေ ၁၅ပတ်လည် ကျွေးခြင်းတွေဟာ ရောဂါနဲ့ ပိုးကိုဖိတ်ခေါ်ရာ ရောက်တတ်ပါတယ်။
ဒီတော့ ကွမ်းပင် သက်တမ်းရှည်ရှည်ထားချင်ရင် သဘာဝမြေဆွေးနဲ့ နုန်းမြေသာ ကျွေးသင့်ပါတယ်။
လေဝင် လေထွက်နည်းခြင်း။ ။ ပင်ကြား၊ တန်းကြားစိတ်ခြင်း၊ လေးဖက်အကာအရံ ပိတ် လှောင်ခြင်း၊ အမိုးထူလွန်းခြင်းတွေဟာ ရောဂါကူးစက်ပျံ့ပွားလွယ်စေပါတယ်။
ဒီတော့ ရာသီဥတုအခြေအနေအရ အဖွင့်အပိတ်၊ အထူအပါးကို လိုသလို ပြုပြင်ပေးသင့်ပါတယ်။
ပြုစုမှု အားနည်းခြင်း။ ။ စျေးနှုန်းမကောင်းလို့၊ အလုပ်မအားလို့ဆိုတဲ့ အကြောင်းများ ကြောင့် ကွမ်းခြံကို လနဲ့ချီပစ်ထားပြီး စျေးတက်လာမှ အားဆေး၊ မြေဆီကျွေး ပြုလုပ်ခြင်း ကလည်း ရောဂါမွေးရာ ရောက်ပါတယ်။
ဆရာတယောက် ပြောဖူးပါတယ်။
ကွမ်းခြံတည်တယ်ဆိုတာ မယားငယ်ယူရသလိုပဲ။ တစိမ့်စိမ့်ကြည့်ပြီး သူလိုအပ်တာလေး တွေ ပြုစုယုယပေးမှ သူကလည်း ကိုယ့်ကို ပြန်ချစ်ပါသတဲ့။
ကဲ..ဒီတော့ .. ကွမ်းဆရာများ...သူ့အချစ်ကိုလိုချင်ရင် ကိုယ့်အချစ်ကိုလည်း ပြန်ပေးဖို့ မ မေ့ကြနဲ့ဦးနော်..။
ကွမ်းစိုက်တောင်သူများ ကွမ်းစျေးကောင်းပြီး ကွမ်းထွက်ကောင်းကြပါစေ..။
စေတနာများစွာဖြင့်..
ပျံလွှား(ပုလဲ)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကွမ်းဆီစွန်းရောဂါ
အကြောင်းအရာ 2
ကွမ်းရိုးမဲရောဂါ
Nainglinshwe
လွန်ခဲ့သော ၁ နှစ် ကကွမ်အမြစ်ပုတ်ပြီးသေနေလို့ဘာဆေးဖျန်ရမလည်ဆရာ
zaw htet
လွန်ခဲ့သော ၁ နှစ် ကအကိူအပေါ်ကရေးထားတ့ဲဆေးကဘယ်နုန်းထားလောက်သုံးရလဲအကို
ko paing
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးအထူးတင်ပါတယ်
paing
လွန်ခဲ့သော ၃ နှစ် ကhi
မအေးအေးခိုငိ
လွန်ခဲ့သော ၃ နှစ် ကသုံးရန်ဆေး
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့ရည်ဝင်အဆင့်တော့ကျော် ဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ ရက် ၂၅ခန့် လိုပါသေးတယ်။ စပါးခင်းတစ်ခင်းလုံး ရောဂါပျံ့နှံ့နေပါတယ်။ စပါးနှံ ၃၀% ခန့် ဂုတ်ကျိုးပြီး ဖြူခြောက်နေပါတယ်။ ရောဂါကလည်း နေ့စဉ် တိုးလာနေပါတယ်။ မေးချင်တာက— ၁။ ဒီအချိန်မှာ မှိုသတ်ဆေး ဖျန်းသင့်ပါသလား။ ၂။ ဖျန်းသင့်တယ်ဆိုရင် ဘယ်ဆေးအမျိုးအစား သုံးသင့်ပါသလဲ။ ၃။ ရိတ်သိမ်းဖို့ ရက် ၃၀ သာလိုတော့တဲ့အတွက် ဘယ်ဆေးက သင့်တော်ပါသလဲ။ ၄။ ကျန်ရှိနေတဲ့ စပါးနှံတွေကို ရောဂါမထပ်ပြန့်အောင် ကာကွယ်နိုင်ပါသလား။ အခုပုံက ရိုက်ထားတာ ၂ရက်ရှိပါပီဗျာ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Nyi Nyi Aung • ဖြေကြားချက် 2 ခု
မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့
Hlaing Min Tun • ဖြေကြားချက် 1 ခု
ကျွန်တော်ပဲတီိစိမ်းအခင်းအပင်တွေညိုးသေနေပါတယ်မြေကြီးကလည်းအလွန်စိုနေပါတယ်ပဲပင်ဆက်မသေအောင်ဘယ်လိုကာကွယ်ကုသရမလဲဆရာ
လက်တွေ့တောင်သူ • ဖြေကြားချက် 1 ခု
ဆင်းသုခစပါးအရွက်တွေအဝါရောင်ဖြစ်နေလို့ပြန်ကောင်းအောင်ဘယ်လိုလုပ်ရမလဲ
Hein Hein Htet • ဖြေကြားချက် 1 ခု
သီးလုံးဖောက်ပိုးနဲ့ ပွင့်ထွေးပိုးကတစ်မျိုးတည်းလား ဘယ်လိုကွာလဲ ဆရာ
Saw Samson • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from Thar Po
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....