#ဘူး၊ ဖရုံ အသီးကင်းလေးတွေ ဘာကြောင့်ပုပ်ရသလဲ

02/04/2022 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

အစိမ်းရောင်လမ်း တောင်သူမိတ်ဆွေများ အမေးအဖြေကဏ္ဍမှာ ဒီလိုမေးခွန်းမျိုးက အ မေးများတဲ့ မေးခွန်းပါ။

တကယ်လည်းပဲ.. ဘူး၊ ဖရုံ၊ ငရုတ်၊ သခွား၊ ကြက်ဟင်းခါး အပင်တွေမှာ အသီးကင်းလေး တွေ ဆက်လက်မကြီးနိုင်တော့ပဲ တပိုင်းပုပ် ကြွေကျတာကို စိုက်ဖူးသူတိုင်းကြုံတွေ့ နေရပါတယ်။

သို့ပေမဲ့..ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ ဂဃနဏ သတိထားမိသူ နည်းကြလိမ့်မယ်လို့ထင်တဲ့အတွက် ဒီစာစုကို ရေးသားရခြင်းဖြစ်ပါတယ်။

အဓိကကျတဲ့အကြောင်းရင်းတွေကို ဖော်ပြပေးရမယ်ဆိုရင်....

၁။ ဝတ်မှုံကူးမှု ချို့ယွင်းခြင်း

(Poor pollination)

ဘူး၊ ဖရုံ မျိုးနွယ်တွေဟာ အဖိုပွင့်၊ အမပွင့် သီးခြားစီရှိပြီး ဝတ်မှုန်ကူးမှု အောင်မြင်ဖို့ ပျား၊ ပိတုန်း၊ လိပ်ပြာ တို့ရဲ့ အကူအညီများစွာရရှိပြီးမှသာ သန္ဓေအောင်မြင်ဖို့ ရာနှုန်းများပါတယ်။

အဖိုပွင့် ၄ ပွင့် အရင်ပွင့်ပြီးမှ အမပွင့်တပွင့် ပွင့်လေ့ရှိကာ ဝတ်မှုန်ကူးချိန်ကာလ ၄-၆ နာရီသာ ကြာပါတယ်။

ဒါကြောင့် မနက်ခင်း ၆နာရီကနေ ၁၀ နာရီအတွင်း ပျားပိတုန်းအကူအညီနဲ့ သော်လည်း ကောင်း၊ လူအကူအညီဖြင့်သော်လည်းကောင်း ဝတ်မှုန်ကူးကြရပါတယ်။ မကူးနိုင်ရင် အမပွင့်က အလိုလို ညှိုးခြောက်ကြွေကျပါတယ်။

(လူအကူအညီနဲ့ ဝတ်မှုန်ကူးရင် စုတ်တံနုနုနဲ့ အဖိုပွင့်ဝတ်မှုန်ကို ယူပြီး အမဝတ်မှုံခံတိုင် ပေါ်တို့ ပေးရပါတယ်။)

 

၂။ နိုက်ထရိုဂျင်မြေသြဇာ များလွန်းခြင်း

Excessive nitrogen

မြေကြီးထဲမှာ၊ သဘာဝ မြေဆွေးလည်း ကျွေးထားတယ်။ ၁၅ ပတ်လည်လည်းခံတယ်။ ပုလဲသီးသန့်လည်း ကျွေးမယ်ဆိုရင် အပင်ကြီးထွားနှုန်းကောင်းပေမယ့် အပွင့်အသီးနှုန်း နည်းတတ်ပါတယ်။

ဒါကြောင့် အပွင့်ပွင့်စဥ်မှာ N:P:K ကို အလယ်ချိုးနဲ့ နောက်အချိုးများတဲ့ မြေသြဇာကိုပဲကျွေးသင့်ပါတယ်။

၃။ ပတ်ဝန်းကျင်အခြေအနေ ထိခိုက်မှု

(Enviromental stresses)

ဘယ်သီးနှံမဆို အပွင့်ပွင့်ချိန် မိုးမိခြင်း၊ အပင်ခြေ ရေဝပ်ခြင်း၊ အပူချိန် အရမ်းမြင့်မားခြင်းတွေကို မကြိုက်ကြပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ဝတ်မှုန်ကူးချိန်မှာလိုအပ်တဲ့ အစာချက်လုပ်မှု၊ ကာဘိုဟိုက်ဒြိတ် ရရှိမှုမလုံလောက်တော့လို့ပါ။

( Green house ကဲ့သို့ ဖန်လုံအိမ် စိုက်ပျိုးရေးစနစ်နဲ့ အပူချိန်၊ စိုထိုင်းဆကို လိုသလို ထိန်း ချုပ်မှု အောက်မှာသာ အဆင်ပြေနိုင်မှာပါ)

၄။ အာဟာရဓာတ်ချို့တဲ့ခြင်း

(Nutrient deficiency)

ဘူး၊ ဖရုံအပါအဝင် သီးနှံအတော်များများမှာ အပွင့်အသီးဝင်ချိန် အာဟာရဓာတ်ချို့တဲ့တတ်ပါတယ်။ အထူးသဖြင့် ဘိုရွန်၊ ကယ်လစီယမ် ချို့တဲ့ပါတယ်။

ဘိုရွန်ချို့တဲ့ရင် အပွင့်လေးတွေ ခြောက်ကပ်နေပါတယ်။

ကယ်လစီယမ် ချို့တဲ့ရင် အသီးကင်းလေးတွေ ထိပ်ပုပ်၊ ဖင်မဲတတ်ပါတယ်။ ကယ်လစီယမ်ပါသောမြေသြဇာကို ကျွေးပေးပါ။ ကယ်လ်ဘိုမက်အားဆေးဖျန်းပေးပါ။ (ပန်းပွင့်များ ဝတ်မှုံကူးချိန်ကို ရှောင်ပါ။)

၅။ မှိုရောဂါကြောင့် အသီးကင်းပုပ်ခြင်း

(Fungus disease)

ပန်းပွင့်ချိန်မှာ ရာသီဥတုအုံ့မှိုင်းခြင်း၊ ဆီးနှင်းကျခြင်း၊ ဖြစ်စဥ်တွေ အချိန်ကြာကြာဖြစ်ခဲ့ရင်မှို ရောဂါဝင်ရောက်နိုင်ပါတယ်။

(Choanephora sp) သီးကင်းပုပ်မှိုရောဂါတမျိုးကြောင့် အသီးထိပ်မှာ မှိုစပိုး မည်းမည်း အမှုန်တွေ တွေ့ရပါတယ်။ လေထုစိုစွတ်မှုနဲ့အတူ ကူးစက်သလို မြေလျှောက်နွယ်ပင်တွေမှာမြေကြီးထဲကတဆင့်လည်း ကူးနိုင်ပါတယ်။

ဒီရောဂါကို ဓာတုဆေးတွေနဲ့ ကုသမှုက မထိရောက်နိုင်ပါဘူး။

(ဟိုက်ဒြိုဂျင်ပါအောက်ဆိုက် ၃% ကို ရေတဂါလံ ၁၀ စီစီ နှုန်းဖျန်းပေးနိုင်ပါတယ်။ အပင်ခြေကိုလည်းဖျန်းပေးရင် ပိုးမွှားရောဂါကာကွယ်စေတယ်လို့ ဆိုပါတယ်။)

၆။ သီးထိုးယင်ကြောင့် အသီးပုပ်ခြင်း

(Fruit fly )

ဝတ်မှုန်ကူးပြီးစ အသီးကင်းလေးတွေကို သီးထိုးယင်တွေ ဖျက်ဆီးရင်လည်း လောက်ကောင်တဖွားဖွားနဲ့ အသီးပုပ်တတ်ပါတယ်။

သီးထိုးယင်ကို ကာကွယ်ဖို့ (pheromone trap) လိင်ဆွဲဆောင် ဟိုမုန်းထောင်ခြောက် ထားရှိခြင်းဖြင့် ပိုးအကောင်ဦးရေလျော့ချပြီး မိတ်လိုက်၊ မျိုးပွားမှုကို ဟန့်တားနိုင်ပါတယ်။

ဓာတုဆေးအစား သဘာဝပိုးသတ်ဆေးကို ပြုလုပ်သုံးစွဲသင့်ပါတယ်။

(တမာရွက် လက်တဆုပ်၊ ကြက်သွန်ဖြူ ၅ မွှာ၊ ငရုတ်သီးစိမ်း ၅ တောင့်တို့ကို နုပ်နုပ်စင်းပါ။ရေ ၂၅၀ စီစီရောပြီး Blender (ကြိတ်စက်) နဲ့ မွှေပါ။ ရလာတဲ့ပျော်ရည် ၅၀ စီစီကို ရေတဂါလံနှုန်းရောပြီး ဖျန်းပေးနိုင်ပါတယ်။)

 

စေတနာများစွာဖြင့်..

ပျံလွှား(ပုလဲ)

Sources _ Pumpkin fruit set,Purduo University, Private field experience

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်