ငါးခူ သားဖောက်နည်းနှင့် သားပေါက်ပြုစုနည်း
ငါးခူငါးဟာ လူကြိုက်များတဲ့ ငါးအမျိုးအစားထဲမှာ ပါဝင်ပြီး စျေးကွက်မှာလည်း ဝယ်လိုအားကောင်းမွန်တဲ့ ငါး တစ်မျိုး ဖြစ်ပါတယ်..။ ငါးခူငါးကို သဘာဝအတိုင်းရော၊ ဆေးထိုးသားဖောက်တဲ့နည်းနဲ့ပါသားဖောက်မွေးမြူလို့ ရနေပြီမို့ သားဖောက်မွေးမြူလိုသူတွေအတွက် ငါးခူသားဖောက်နည်းကို ပြောပြပေးပါ့မယ်..။
ငါးမျိုးစုဆောင်းခြင်း
ငါးခူပေါက်ကလေးတွေကို မိုးရာသီမှာ လယ်ကွင်းတူးမြောင်းနဲ့ ရေလျှံကွင်းတွေကနေ အလွယ်တကူ စုဆောင်း ရရှိ နိုင်ပါတယ်..။ ဒါမှမဟုတ် မွေးမြူရေးကန်များအတွင်း သဘာဝ ကျင်းများကဲ့သို့ ဖန်တီးပြီးလည်း သားဖောက်နိုင် ပါတယ်..။
သဘာဝနည်းဖြင့် သားဖောက်နည်း
ငါးခူငါးသားဖောက်ရန်အတွက် အရွယ်ရောက်သော ၁နှစ် သားအရွယ် ကိုယ်ထည်အလျား ၈ လက်မမှ ၁၂ လက်မ ရှိ ငါးခူ အထီးနဲ့အမကြီးများကို ရွေးချယ်ထည့်သွင်းရပါမည်။ အချိုးအစားမှာ အထီး၂ ကောင်လျှင် အမ ၁ ကောင် နှုန်း ဖြစ်ပါတယ်..။ ပြုလုပ်ထားတဲ့ ကျင်းအရေအတွက်နဲ့အညီ ငါးများကို အစုံလိုက်ထည့်ပေးပါ။ ၃ ရက်လျှင် ၁ကြိမ်ကျ ကျင်းများကို စစ်ဆေးကြည့်ခြင်းအားဖြင့် ဥချပြီးမပြီး သိနိုင်ပါတယ်..။ ဥချသောအခါ တစ်ကျင်းလျှင် ငါးခူဥပေါင်း ၂၀၀၀ မှ ၅၀၀၀ အထိ ဥနိုင်ပါတယ်..။
ဆေးထိုးသားဖောက်နည်း
ငါးခူငါးကို ဆေးထိုးသားဖောက်ပြုလုပ်လိုလျှင် ၁ နှစ်သားအရွယ်ငါးခူကြီးများကို ရွေးချယ်ရပါမယ်..။ ငါးခူ အမရဲ့ ပျှမ်းမျှအလေးချိန်မှာ ၁၂ ကျပ်သားခန့်ရှိပြီး အလျားမှာ ၁၀ လက်မခန့်ရှိရပါမယ်..။
ငါးခူအထီးရဲ့ ပျှမ်းမျှ အလေးချိန်မှာ ၁၀ ကျပ်သားခန့်ရှိပြီး အလျားမှာ ၉ လက်မခန့် ရှိရပါမယ်..။ ငါးထီးရဲ့ မျိုးရည် ဟာ မပျစ်မကျဲဖြစ်ပါက အနေတော်ဖြစ်ပါတယ်..။ ငါးမရဲ့ဥတွေဟာ တစ်လုံးချင်းဖြစ်ရင်လည်း သင့်လျော်ပါတယ်။
ဆေးထိုးတဲ့အခါမှာ ငါးမကို ၂ ကြိမ်နှင့် ငါးထီးကို ၁ကြိမ်ထိုးပေးရပါမယ်..။ ငါးမကို ပထမအကြိမ်ဆေးထိုးရာမှာ ငါးခူမှရသောအကျိတ်ဟိုမုန်းဆေး ၆ မီလီဂရမ်ထိုးပြီး နောက် ၆ နာရီ အကြာမှာ ဒုတိယအကြိမ် ၉ မီလီဂရမ်ကို ထိုးရပါမယ်..။ ငါးမကို ဒုတိယအကြိမ် ဆေးထိုးပြီးတဲ့အခါ ငါးထီးကို အကျိတ်ဟိုမုန်းဆေး ၆ မီလီဂရမ် ထိုးပေး ရပါမယ်။
ဆေးထိုးပြီးသားငါးအစုံကို အသင့်ပြင်ထားတဲ့ ငါးလှောင်ကန်အတွင်းသို့ ထည့်ပါ ။ ဥများတွယ်ကပ်နိုင်စေရန် ငါး ကန်အတွင်းမှာ မြက်ပင်၊ ပင်လယ်ကဗွီးရွက် စတဲ့ အပင်များကိုထည့်ထားပေးရပါမယ်..။
ဆေးထိုးပြီး ၁၄ နာရီမှ ၁၆ နာရီအတွင်း ငါးများမိတ်လိုက်၍ ဥချကြပါလိမ့်မယ်..။ ငါးတစ်စုံလျှင် ပျှမ်းမျှအားဖြင့် ဥ ၄၀၀ဝ ခန့် ဥချနိုင်ကြပါတယ်..။ ငါးများမိတ်လိုက်တဲ့အချိန်မှာ ရှိသင့်တဲ့အပူချိန်မှာ ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၀ ဒီဂရီစင်တီဂရိတ်ဖြစ်ရင် ကောင်းပါတယ်..။
ဥချပြီး နာရီ ၂၀ အကြာမှာတော့ ငါးသားပေါက်ကလေးများ ပေါက်ဖွားလာပါမယ်..။
ငါးကလေးများကို အလျား ၁၀ ပေ၊ အနံ ၆ ပေ၊ အနက် ၂ပေရှိ အုတ်ကန်ငယ်အတွင်းမှာ ပြုစုနိုင်ပါတယ်..။ ကန်ငယ်တစ်ခုတွင် ငါးသားပေါက်ကလေးများ ၁၅၀၀၀ မှ ၂ဝဝဝဝ အထိ ထည့်သွင်းပြုစုနိုင်ပါတယ်..။
နေ့စဉ် ဖွဲနု ၃၀ ကျပ်သား၊ ပဲဖတ် ၁၅ ကျပ်သား၊ အသားဓာတ်ဖြစ်သော ငါးနုတ်၊ ပုစွန်ဆိတ် ၆၅ ကျပ်သားကို ရော ကြိတ်ကျွေးပါက ရက်သတ္တ၂ ပါတ်အကြာတွင် ၁ လက်မမှ ၁ လက်မခွဲ အရွယ်ထိ ကြီးထွားလာသော ငါးသန်ကလေးများဖြစ်လာပါမယ်..။
Ref: ငါးလုပ်ငန်းဦးစီးဌာန။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
KyawWin Htay
လွန်ခဲ့သော ၃ နှစ် ကငါးသားဖောက်နည်းသင်တန်းရှိရင်ညွှန်းပေးပါလား ရန်ကုန်မြို့မှာ
နေပိုင်
လွန်ခဲ့သော ၃ နှစ် က3လက်မ
thanzawlin lin
လွန်ခဲ့သော ၄ နှစ် ကထိုးရတဲ့ဆေးအမည်လေပြောပြပေးပါအုဗျ
ကိုထူး
လွန်ခဲ့သော ၄ နှစ် ကဟော်မုန်းဆေးအမည်ပါထည့်ပြောပေးပါလား
အောင်သာစိန်
လွန်ခဲ့သော ၄ နှစ် ကပေါက်လာတဲ့ ငါးမှုန်တွေကို ကန်ရွှေ့ဖို့က ဘယ်အချိန်လောက်မှာရွှေ့သင့်သလဲဗျ
ဆက်စပ်မေးခွန်းများ
စိုက်ပျိုးရေးတွက်သုံးရေကန်ပါ ငါးထည့်မွေးချင်လို့ဘာငါးမွေးရင်အဆင်ပြေလဲဗျ
ဉီးထွန်း၀င်း • ဖြေကြားချက် 1 ခု
ရွှံ့ဂဏန်းဘယ်လိုမွေးလည်း။အကြယ်အဝန်းဘယ်လောက်ဆိုရလည်း။
အောင်ပိုင်ထွေး • ဖြေကြားချက် 1 ခု
ငါး
Zaw Win Htut • ဖြေကြားချက် 0 ခု
ငါးမွေးမြူဖို့ဘာတွေသိထားသင့်လဲ အခုမှစလုပ်မှာမို့လို့ပါ
Shine Trading And Manufacturing • ဖြေကြားချက် 3 ခု
ငါးခူမွေးချင်တယ် တာပေါ်လင်ကန်နဲ့ပါ မွေးမြူရေးနည်းပညာနဲ့ စနစ်တကျမွေးမြူပြီး ရေအနေအထားတွေဘယ်လိုပြင်ဆင်ရမလဲ သိချင်ပါတယ်။
Aung Lay • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၆)
06/10/2026
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026