ငရုတ်ကိုင်းဖျားခြောက်ရောဂါ( Chilli Dieback)

13/10/2020 12:45 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား

     ငရုတ်ပင်မှာ ကျရောက်လေ့ရှိတဲ့ရောဂါတွေထဲကမှ ငရုတ်ကိုင်းဖျားခြောက်ရောဂါဟာ  အရွက်နဲ့အကိုင်းတွေအပြင် အပွင့်၊အသီးတွေကိုပါ အဓိကပျက်ဆီးစေတာပါ။ ဒါ့ကြောင့် ဒီရောဂါဆိုးရွားစွာကျရောက်လာရင် အထွက်နှုန်းကို ထိခိုက်စေနိုင်တာမို့ ကြိုတင်ကာကွယ်လို့ရအောင် ဖော်ပြပေးလိုက်ရပါတယ်ဗျ။

ရောဂါသံသရာ

     ငရုတ်ကိုင်းဖျားခြောက်ရောဂါကိုဖြစ်စေတဲ့ သက်ရှိမှိုက မျိုးစေ့ဆောင်မှိုရောဂါတစ်မျိုးဖြစ်ပြီး မျိုးစေ့များမှတစ်ဆင့် ကူးစက်ပြန့်နှံ့ခြင်း ဖြစ်ပါတယ်။ အခြားသောဟင်းသီး၊ ဟင်းရွက်အပင်တွေမှာလည်း ဒီရောဂါကျရောက်တတ်ပေမယ့် ငရုတ်မှာတော့ အဆိုးဝါးဆုံးကျရောက်တာကို တွေ့ရပါတယ်ဗျ။ မသန့်သောမျိုးစေ့တွေနဲ့ အခြားသောပင်ကြွင်းပင်ကျန်တွေမှာ ရောဂါခိုးအောင်းနေတတ်ပါတယ်။ ရာသီဉတုအခြေနေပေးတဲ့အခါ ရေ၊လေ၊မိုးရေစက်တွေနဲ့အတူ ရောဂါပြန့်နှံစေပြီး ငရုတ်ပန်းပွင့်ချိန်နဲ့ အသီးသီးချိန်မှာ ဒီမှိုရောဂါကျရောက်လေ့ရှိပါတယ်။

ရောဂါလက္ခဏာများ

     -ငရုတ်အပွင့်များမှ စ၍ရောဂါလက္ခဏာစပြလေ့ရှိပါတယ်။ အပွင့်များငိုက်ကျလာကာ တဖြည်းဖြည်းခြောက်၍ ကြွေကျသွားတတ်ပါတယ်။

     -ထို့နောက် ၎င်းရောဂါက အပွင့်များမှတဆင့် ပွင့်ညှာကိုကူးကာ ပွင့်ညှာများရှုံ့တွ၍ ခြောက်သွားစေပါတယ် ။ ထိုမှတဆင့် အကိုင်းတွေဆီဆက်လက်ကူးသွားပြီး ကိုင်းဖျားများခြောက်ခြင်း၊ကိုင်းဆုံကိုင်းခွများခြောက်ခြင်း တွေကို တွေ့ရတတ်ပါတယ်ဗျ။ တချို့အပင်တွေမှာဆို ပင်စည်တွေပါခြောက်သွားတတ်ပါတယ်။

     -အကိုင်းတွေမှတစ်ဆင့် အသီးတွေအထိ ကူးလေ့ရှိပြီး ရင့်မှည့်တဲ့အသီးတွေပေါ်မှာ သေးငယ်တဲ့ရေစိုနာကွက်များ၊ ဝါညိုရောင်အနာကွက်များ ဖြစ်ပေါ်နေတတ်ပါတယ်။ 

     -တချို့သောအရွက်တွေပေါ်မှာလည်း ညိုမည်းရောင်အစက်ပြောက်တွေပေါ်လာပြီး ရောဂါလက္ခဏာပြလေ့ရှိပါတယ်။

     -ရောဂါဆိုးရွားလာရင်တော့ အသီးတွေရွံ့တွပြီး ခြောက်သွားကာ ကြွေကျလေ့ရှိပါတယ်။ဒါ့ကြောင့် အသီးအရည်အသွေးညံ့ကာ အထွက်နှုန်းကို ထိခိုက်စေနိုင်ပါတယ်ဗျ။ 

ကာကွယ်နှိမ်နင်းနည်းများ

     မျိုးစေ့ဆောင်မှိုရောဂါတွေကိုတော့ မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းကသာ အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။

     -ရောဂါကင်းတဲ့ မျိုးကောင်းမျို့သန့်တွေကို ရွေးချယ်စိုက်ပျိုးပါ။ 

     -မျိုးစေ့များကိုသင့်တော်သော မှိုသတ်ဆေးများဖြင့် လူးနှယ်ပြီးမှ စိုက်ပျိုးပါ။ (eg, Thiram, Captan 4g/kg)

     -ပင်ကြွင်းပင်ကျန်တွေနဲ့ ဆိုးဆိုးရွားရွားရောဂါကျရောက်နေတဲ့ အပင်တွေဆို နှုတ်ပစ်ပြီး မီးရှို့ပစ်ပါ။

     -ရေမဝပ်အောင်နဲ့ လေဝင်လေထွက်ကောင်းအောင် ဂရုစိုက်ပေးပါ။ ပေါင်းမြက်များကို ရှင်းပေးပါ။

     -အပွင့်မပွင့်ခင်နဲ့ အသီးသီးချိန်မှာ ဘော်ဒိုမစ်ချာဆေးရည်ကြိုဖျန်းပေးနိုင်ပါတယ်။ ထို့ပြင် ရောဂါကျရောက်လာပါက ကလိုရိုသာလိုနေး၊မန်ကိုဇက်၊ဘီနိုမိုင်း စသော မှိုသတ်ဆေးများကိုလည်း အညွန်းစာအတိုင်း အသုံးပြုနိုင်ပါတယ်။

ထွန်းရာဇာ

Ref;  https://www.kisansuvidha.com/chilli-fruit-rot-die-back/

  https://vikaspedia.in/agriculture/crop-production/integrated-pest-managment/ipm-for-spice-crops/ipm-strategies-for-chilli/chilli-description-of-plant-diseases

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်