အယ်နီညို လာနီညာနဲ့ မြောက်ကမ္ဘာခြမ်းက အစွန်းရောက်များ..

11/01/2023 11:00 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

မြန်မာလို အယ်လ်နီညို - လာနီညာ လို့ အသံထွက်ခေါ်နေကြတဲ့ El Niño and La Niña အကြောင်းကို ကြားဖူးကြသူတွေများပေမဲ့ သေသေချာချာနားလည်သဘောပေါက်သူကတော့ နည်းပါတယ်။ 

ဒီတော့...

#အယ်လ်နီညိုနဲ့လာနီညာဆိုတာတွေက ဘယ်လိုဖြစ်လာတာလဲ? 

#ကျနော်တို့ မြောက်ကမ္ဘာခြမ်းမှာ ရာသီဥတုကို အစွန်းရောက်စေ၊ ဖောက်ပြန်စေတဲ့ အယ်နီညို/လာနီညာအပြင် နောက်ထပ်ဘာအကြောင်းတွေရှိနေသေးသလဲ?

ဆိုတာတွေကို ကျနော်လေ့လာမှတ်သားထားသလောက်ကိုအခြေခံပြီး အားလုံးနားလည်လွယ်အောင် လိုရင်းတိုရှင်းပြန်ပြီးဝေမျှပေးချင်ပါတယ်။

အယ်လ်နီညို(El Niño)နဲ့ လာနီညာ(La Niña) ၂ ခုအကြောင်းမပြောခင် ကျနော်တို့က ကမ္ဘာကြီးမှာ အရှေ့ဘက်ကနေ အနောက်ဘက်ကို ပုံမှန်တိုက်ခတ်စီးဆင်းနေတဲ့ ကုန်သည်လေစီးကြောင်း(Trade Wind) ကို အရင်မျက်စေ့ထဲမြင်ဖို့ လိုပါမယ်။ 

*Trade Wind က ဘာလို့ ကမ္ဘာ့အရှေ့အရပ်ကနေ အနောက်အရပ်တစ်ဘက်ထဲကိုဘဲ ပုံမှန်ဦးတည်တိုက်ခတ်စီးဆင်းနေရသလဲဆိုတော့ ကမ္ဘာကြီးက ၂၃.၅ ဒီဂရီစောင်းနေတဲ့ သူ့ရဲ့ဝင်ရိုးပေါ်မှာ အနောက်အရပ်ကနေ အရှေ့အရပ်ကို လည်နေတာကြောင့်ပါဘဲ။ ကုန်သည်လေစီးကြောင်း(Trade Wind)ဟာ ကမ္ဘာ့လည်ပတ်မှုဦးတည်ရာ/လားရာနဲ့ ပြောင်းပြန် အရှေ့မှအနောက်သို့ စီးဆင်းတိုက်ခတ်နေတာဖြစ်ပါတယ်။

*အဲ့ဒီ Trade Wind တိုက်ခတ်တဲ့အား ကောင်းခြင်း/မကောင်းခြင်းတွေကတော့ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းက အီကွေတာတစ်လျှောက်မှာဖြစ်ပေါ်လာတဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်(Sea Surface Temperature - SST)နဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ 

* ပင်လယ်ရေမျက်နှာပြင်အပူချိန်ပုံမှန်ထက်မြင့်တက်နေရင် အဲ့ဒီဒေသက လေတွေက ပူလာတော့ အပေါ်တက်သွားပြီး လေအေးတွေအစားထိုးဝင်ရောက်လာတယ်၊ လေအေးတွေဝင်ရောက်လာတာများတော့ ကုန်သည်လေစီးကြောင်းကြီးရဲ့တိုက်ခတ်အား(အရှေ့လေ)ပိုအားကောင်းလာတယ်၊ ပြောင်းပြန်သက်ရောက်မှုအနေနဲ့ SST ပုံမှန်ထက်လျော့နည်းတဲ့အခါဆိုရင်တော့ အပေါ်ကိုတက်လာတဲ့ လေစီးကြောင်းအားနည်းတာကြောင့် လေအေးတွေအစားထိုးဝင်ရောက်လာမှုက နည်းသွားပြီး ကုန်သည်လေစီးကြောင်း(အ‌ရှေ့လေတိုက်ခတ်မှု)ကို အားလျော့စေပါတယ်။

* ပင်လယ်ရေမျက်နှာပြင်အပူချိန်(SST) သာမန်အချိန်မှာဆိုရင်တော့ အပေါ်ကိုပျံတက်သွားတဲ့ လေပူစီးကြောင်းတွေ ဖြစ်မလာ/အားနည်းသွားတာကြောင့် လေအေးစီးကြောင်းတွေ ဝင်ရောက်လာတာလည်း မရှိသလောက်နည်းပါးသွားလို့ ကုန်သည်လေစီးကြောင်းကြီးက ပုံမှန်အတိုင်း အားမနည်း/အားမများပဲ တိုက်ခတ်စီးဆင်းနေမှာဖြစ်ပါတယ်။

ဒီလိုအခြေအနေဖြစ်သွားတာကို Normal Condition(ပုံမှန်အခြေအနေ)ဖြစ်နေတာကြောင့် Neutral ကာလအဖြစ် သတ်မှတ်ပါတယ်။ ဒီအခြေအနေမှာဖြစ်နေတဲ့ SST ကိုလဲ Normal SST လို့ခေါ်ပါတယ်။

#SST ပုံမှန်ထက်မြင့်တက်ပြီး Trade Wind ကြီး အားကောင်းလာတဲ့အခါမျိုးဆိုရင် အားကောင်းရုံတင်မကပဲ တခါတရံမှာမြောက်ဘက်ကို ပိုမိုရွေ့လျားတိုက်ခတ်သွားတတ်ပါတယ်။ ဒီအခြေအနေမှာ မြောက်ကမ္ဘာခြမ်းမှာရော တောင်ကမ္ဘာခြမ်းမှာပါ မိုးခေါင်/ရေရှားပြီး ပူပြင်းခြောက်သွေ့တဲ့အပြင်၊ ဖြစ်လာတတ်တဲ့မုန်တိုင်းတွေကလဲ ပိုမိုအားကောင်းစေတတ်တဲ့ အစွန်းရောက်ရာသီဥတုအခြေအနေတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုအခြေအနေဖြစ်နေလာတဲ့ကာလကို အယ်လ်နီညို(El Niño)ဖြစ်နေတဲ့ ကာလအဖြစ်သတ်မှတ်ပါတယ်။ 

#ပြောင်းပြန်အားဖြင့် SST ပုံမှန်ထက်လျော့ကျပြီး Trade Wind ကြီး အားလျော့တဲ့အခါနဲ့ မြောက်ကမ္ဘာခြမ်းကို တက်မလာတဲ့အခါမှာတော့ စိုစွတ်အေးမြတဲ့ အစွန်းရောက်ရာသီဥတုအခြေအနေနဲ့ ကြုံတွေ့ရပြန်ပြီး ဒီကာလကိုတော့ လာနီညာ(La Niña)ကာလလို့ သတ်မှတ်ပါတယ်။ အယ်လ်နီညို(El Niño) ဖြစ်စေ၊ လာနီညာ(La Niña)ဖြစ်စေ အစွန်းရောက်ရာသီဥတုတွေဖြစ်တတ်တဲ့ ကာလအတွင်း မိုးခေါင်တာ၊ ရေကြီး/ရေလွှမ်းတာ၊ အားကောင်းတဲ့မုန်တိုင်းတွေ အဖြစ်များတာ စတဲ့ အစွန်းရောက်မိုးလေဝသအခြေအနေတွေကို ကမ္ဘာ့နိုင်ငံဒေသအသီးသီးမှာ ကြုံတွေ့ရင်ဆိုင်ကြရပါတယ်။

အယ်လ်နီညို(El Niño)၊ လာနီညာ(La Niña)တို့နဲ့အတူ နောက်ထပ်ရာသီဥတုအစွန်းရောက်ဖြစ်စဉ်တွေကို ဖြစ်ပေါ်စေတတ်တာ တစ်ခုလည်း ကျန်နေပါသေးတယ်။

အဲ့ဒါကတော့ Indian Ocean Dipole(IOD)လို့ ခေါ်ပါတယ်။ အယ်လ်နီညို(El Niño)နဲ့ လာနီညာ(La Niña)တို့က မြောက်ကမ္ဘာခြမ်းရဲ့ ဆောင်းရာသီအတွင်းမှာ အစွန်းရောက်ရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပေါ်တတ်ပေမဲ့ Indian Ocean Dipole ဖြစ်စဉ်ကတော့ ရာသီဥတုဖောက်ပြန်မှုအမြင့်ဆုံးအ‌ခြေအနေတွေကို အချိန်မရွေးဖြစ်ပေါ်စေတတ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ကျနော်တို့နိုင်ငံတည်ရှိရာ ကမ္ဘာ့မြောက်ခြမ်း အိန္ဒိယသမုဒ္ဒရာဒေသမှာတော့ဖြင့် အယ်လ်နီညို(El Niño)နဲ့ လာနီညာ(La Niña)အစွန်းရောက်ရာသီဥတုဖြစ်စဉ်တွေ ဖြစ်မှမဟုတ်ဘဲ IOD ကြောင့်ရော ကမ္ဘာကြီးပူနွေးလာခြင်း၊ သစ်တောများပြုန်းတီးလာခြင်း၊ အိုဇုန်းလွှာပေါက်ခြင်း အစရှိတဲ့ အခြားသောဖြစ်စဉ်တွေကြောင့်ပါ ဖောက်ပြန်တဲ့အစွန်းရောက်ရာသီဥတုဖြစ်စဉ်တွေကို ပြီးခဲ့တဲ့ ဆယ်စုနှစ်များကနေစတင်ပြီး ခံစားနေကြရတယ်လို့ လေ့လာတွေ့ရှိရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်