မှိုသတ်ဆေး..နိဒါန်း
အစိမ်းရောင်လမ်း အမေးအဖြေကဏ္ဍမှာ..မှိုသတ်ဆေးအကြောင်းနဲ့ မှိုရောဂါအကြောင်း အမေးများလာတာကို သတိထားမိပါတယ်။
- အေအိုင်(ai) ဆိုတာဘာလဲ..ဗျာ။
- အီးစီ၊ အက်စ်စီ၊ ဒဗလျူပီ (EC,SC,WP..)တွေက တခုနဲ့တခု ဘာကွာခြားလဲ။
- မှိုရောဂါတွေ ဘယ်လိုစတင်ပွားများသလဲ။
- အူးမိုက်ဆိ(Oomycetes)ဆိုတာ ဘာလဲ။ အူးမိုက်ဆိအကြောင်းသိချင်ပါတယ်။
- မှိုသတ်ဆေး အေအိုင်များအကြောင်း ရှင်းပြပေးပါ။
- မှိုအစစ်(true fungi)ဆိုတာ ဘယ်လိုမှိုမျိုးလဲ။
စသဖြင့်..စသဖြင့်..သိလိုရာ မေးထားကြတာ တွေ့ရပါတယ်။
မေးခွန်းကို ကြည့်လိုက်တာနဲ့ တောင်သူတွေမှာ မှိုရောဂါရဲ့ အထုအထောင်း ဘယ်လောက်ခံခဲ့ရပြီး ဒီမှိုရောဂါအကြောင်း ဘယ်လောက်စိတ်ဝင်စားနေကြသလဲဆိုတာ ပေါ်လွင်ပါတယ်။
ဒါကြောင့်လည်း မှိုသတ်ဆေးအကြောင်း အခြေခံနိဒါန်းလေးကို အစပျိုးပေးရခြင်း ဖြစ်ပါတယ်။

အေအိုင်(ai) ဆိုတာဘာလဲ
ai ဆိုတာ( active ingredient) - မြန်မာလို(အစွမ်းရှိ အာနိသင်ပစ္စည်း)ပါ။
(ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး တမျိုးမျိုးထဲမှာပါဝင်တဲ့ အစွမ်းရှိအာနိသင်ပစ္စည်း)
ဥပမာ။ ။အေဇို မှိုသတ်ဆေးရဲ့ ai သည် (azoxystrobin 25%SC) ဖြစ်ပါတယ်။
ဆေးဖော်မြူလာဆိုတာ = အစွမ်းရှိပစ္စည်း+ ရောနှောပစ္စည်း ပေါင်းထားရတာဖြစ်ပါတယ်။
Formula = (active ingredient) +( inert ingredient)
Inert ingredient(ရောနှောပစ္စည်း)
- ဆေးတမျိုးတိုင်းမှာ အစွမ်းရှိပစ္စည်း(ai)နဲ့ အစွမ်းမဲ့ပစ္စည်း(inert ingredient) ၂ မျိုးပေါင်းစပ်ရပါတယ်။
- ရေဖျော်တဲ့အခါမှာ ပျော်ဝင်မှု၊ ကိုင်တွယ်အသုံးပြုမှုလွယ်ကူအောင် ထည့်ပေးရတာပါ။
(များသောအားဖြင့် ဆေးတွေမှာပါဝင်တဲ့ပစ္စည်းဟာ ai ပါဝင်မှုထက် inert ပါဝင်မှုက ပိုများပါတယ်။ အေအိုင်တူပါလျက်နဲ့ အာနိသင် /စျေးနှုန်းကွာခြားရခြင်းဟာ inert အပေါ်မှာ အများကြီးမူတည်ပါတယ်)
ဒီနေရာမှာ ရှေ့ဆက်မဆွေးနွေးသေးဘဲ မှိုသတ်ဆေးတွေရဲ့ အာနိသင်နဲ့ အလုပ်လုပ်ပုံအပေါ်မူတည်ပြီး အမျိုးအစားခွဲကြည့်ကြရအောင်။
၁။ ထိသေအာနိသင် မှိုသတ်ဆေးများ (Contant action fungicides)
ထိသေမှိုသတ်ဆေးများကို *မှိုရောဂါကာကွယ်ဆေးအဖြစ် အသုံးပြုကြပါတယ်။
အရွက်ပေါ်နဲ့ အပင်အစိတ်အပိုင်းအားလုံးပေါ်မှာ ထိသေဆေးရှိနေရင် ကျရောက်လာမယ့် မှိုစပိုးတွေကို မကြီးထွားနိုင်အောင် ကာကွယ်နှိမ်နင်းပေးနိုင်ပါတယ်။ (အပင်ရဲ့ အတွင်းပိုင်းထဲမှာ ရောက်သွားတဲ့ မှိုရောဂါတွေကို မသတ်နိုင်ပါ။ မဝင်ရောက်နိုင်အောင် တားဆီးပေးနိုင်ပါတယ်)
ဥပမာ..(ထိသေ/ကာကွယ်ဆေးများ)
- မန်ကိုဇက်(mancozeb)
- မင်းနက် (maneb)
- ဇင်းနက် (zineb)
- ကက်ပ်တန်(captan)
- သိုင်ရမ် (thiran)
- ကလိုရိုသာလိုနေး(chlorothalonil)
- သိုင်အိုဖနိတ်မီသိုင်း(thiophanate methyl)
- မက်တီရမ် (metiram)
- ဆာလဖာ (sulphur)
- ကော့ပါး (copper )
- ကော့ပါးဟိုက်ဒြောဆိုဒ်(Copper hydroxide)
- ကော့ပါးအောက်ဆီကလိုရိုဒ်(copper oxychloride)
- ပရိုပီးနက်(propineb)
(သီးနှံအပေါ်မူတည်ပြီး မှိုရောဂါမကျရောက်အောင် ကာကွယ်ရန်အတွက် အရင်ဦးဆုံး ဖျန်းပေးရမဲ့ မှိုသတ်ဆေးအေအိုင်တွေဖြစ်ပါတယ်။)
၂။ ပင်လုံးပြန့်အာနိသင် မှိုဆေးများ (Systemic action fungicides)
ပင်လုံးပြန့်/ရွက်တွင်းပြန့်(systemic or local systemic) မှိုသတ်ဆေးများကိုတော့ ကာကွယ်ဆေး/ကုသဆေး ၂ မျိုးလုံး အသုံးပြုနိုင်ပါတယ်။ (သို့သော် ဘာရောဂါမှ မရှိသေးခင်၊ပင်လုံးပြန့်အုပ်စုမှိုသတ်ဆေး မဖျန်းသင့်ပါ။ အမှန်တကယ်ရောဂါဝင်ရောက်လာရင် ဆေးယဉ်ပါးနိုင်ပါတယ်)
ဥပမာ- ပင်လုံးပြန့်မှိုသတ်ဆေးများ
- ကာဗင်ဒါဇင်(carbendazin)
- ပရိုပီကိုနာဇိုး(propinaconazole)
- ဒိုင်ဖန်နိုကိုနာဇိုး(difenoconazole) (..ဇိုး.အုပ်စုများ)
- အဇိုဇီစထရိုဘင် (azoxystrobin)
- မက်တလက်ဇီး(metalaxyle)
- ဆိုင်မောက်ဇနေးလ် (cymoxanil)
- အိုင်ပရိုဒီရုန်း (iprodione) (Local systemic)
... စသည့် ပင်လုံးပြန့်/ရွက်တွင်းပြန့် မှိုသတ်ဆေးများသည် အပင်အစိတ်အပိုင်းများကို ဆေးထိတဲ့နေရာမှ ရေကြောစည်း(xylum)ထဲ ရောက်ရှိကာ အထက်သို့ပျံ့နှံ့ပါတယ်။ (အထက်မှ အောက်သို့မပြန့်ပါ။)
၃။ အထက်အောက်ပြန့် မှိုသတ်ဆေး(True systemic fungicide)
အပင်အပေါ်ပိုင်းဖျန်းမိရုံနဲ့ အမြစ်အစိတ်အပိုင်းအထိ ( amphimobile translocation )ရွေ့လျားပျံ့နှံ့နိုင်သော မှိုသတ်ဆေးအုပ်စုဖြစ်ပါတယ်။
မမြင်နိုင်တဲ့ မြေကြီးအောက်ပိုင်း၊ အမြစ်ဇုန်/ဥ..စသည့် အောက်ပိုင်းရောဂါများကို ကုစားရာတွင် အသုံးပြုနိုင်ပါတယ်။
ဥပမာ - ထက်အောက်ပြန့်မှိုဆေးများ
- ဖို့စတိုင်းအလူမီနီယံ (fosetyle alluminium)
- ဖော့စဖောရစ်အက်ဆစ်(phospohrus acid)
ဒီတပတ်တော့..နိဒါန်းလောက်ပဲပေါ့..
နောက်တပတ်မှာ..ဖော်မြူလေးရှင်း အပိုင်းတွေကိုစိတ်ဝင်စားရင်..ဆက်ဆွေးနွေးကြတာပေါ့...
စေတနာများစွာဖြင့်..
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Aung Soe Oo
လွန်ခဲ့သော ၁ နှစ် ကထက်အောက်ပြန့် မှိုသက်ဆေး ဥပမာလေးထပ်ပြီးသိချင်ပါတယ် ဗျ
ဦးရန်နိုင်စိုး
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးတင်ပါတယ်
ကိုချမ်း
လွန်ခဲ့သော ၁ နှစ် ကပြန်လည်ဖြေကြားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆရာခင်ဗျ
Ye Win Naing
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါဆရာ
myasannini
လွန်ခဲ့သော ၁ နှစ် ကထိသေမှိုသတ်ဆေး
ဆက်စပ်မေးခွန်းများ
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 5 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Thar Po
အားလုံး