ရော်ဘာဆိုင်ရာစိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ

11/10/2018 19:55 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

- ဒေသအလိုက်ထောက်ခံထားသောရော်ဘာမျိုးများကိုသာစိုက်ပျိုးပါ။ မြေပြန့်မှ (၅) ဒီဂရီ အစောင်းရှိသောမြေနေရာတွင် ပင်ကြားတန်းကြား (၂၀x ၁၀) ပေစိုက်နည်းစနစ်အသုံးပြုပါ။

- (၅-၃၀) ဒီဂရီ အစောင်းရှိသောမြေနေရာတွင် ပင်ကြားတန်းကြား (၃၀ x ၇)ပေ ကွန်တိုစိုက်နည်းစနစ်အသုံးပြုပါ။

- ကမ္ဘာ့ရော်ဘာအထွက်၏ (၇၀-၈၀) ရာခိုင်နှုန်းအား အသုံးပြုလျှက်ရှိသည့် တာယာကုမ္ပဏီများအနေဖြင့် သစ်တောဧရိယာအတွင်း စိုက်ပျိုးထားသော ရော်ဘာစိုက်ခင်းများမှ ထွက်ရှိသောရော်ဘာအား ဝယ်ယူသုံးစွဲခြင်းမပြုရန် ဆုံးဖြတ်ထားရှိရာ သစ်တောဧရိယာအတွင်း ရော်ဘာတိုးချဲ့စိုက်ပျိုးခြင်း (လုံးဝ) မပြုလုပ်ပါနှင့်။

- စိုက်ကျင်းအား ဧပြီလလယ်မှမေလအတွင်း (၂) ပေပတ်လည် အနက် (၂) ပေ ဇလားပုံတူးပါ။ အပေါ်ယံမြေသားကို ကျင်းတစ်ဖက်တွင်စုပုံ၍ ကျင်း အောက်ခြေမှမြေသားကို အခြားတစ်ဖက်တွင်စုပုံပါ။ ကျင်းတစ်ကျင်းတွင် ရော့ဖော့စဖိတ် မြေသြဇာနို့ဆီဗူးတစ်ဝက်နှင့် အပေါ်ယံမြေကိုရောပြီး ကျင်းထဲသို့ ထည့်ပြီးမှ အောက်မှမြေသားကို မြေမျက်နှာပြင်ထက် (၄)လက်မ ပိုမြင့် အောင်ဖို့ထားရသည်။ ပန္နက်တိုင်ကိုပြောင်းပြန်စိုက်ထားရသည်။

- အပေါ်ရွက်ဖုံရင့်နေသည့်ရွက်ဖုံ(၂၃)ဖုံရှိ အဖူးဆက်ရော်ဘာပျိုးပင်ကိုရွေးချယ် စိုက်ပျိုးပါ။ ပလပ်စတစ်အိတ်ပျိုးပင်ကို အောက်ခြေတွင် အိတ်အားဓါးဖြင့် ဖြတ်ဖွင့်ကာအိတ်၏ ဘေးအားအောက်ခြေမှအပေါ်သို့ အိတ်၏သုံးပုံတစ်ပုံ အထိခွဲပြီးနောက် စိုက်ပျိုးရန်ပြန်ဖော်ထားသော စိုက်ကျင်းထဲတွင်ချရသည်။

- ပျိုးအိတ်ပတ်လည်အားမြေများ တစ်ဖြေးဖြေးဖို့သိပ်ရင်း ပလပ်စတစ်အိတ် ဘေးအား အပေါ်အထိအဆင့်ဆင့် ဆက်ခွဲပြီးနောက် ပလပ်စတစ်အိတ်အား ဆွဲမချွတ်လိုက်ရသည်။ ပျိုးပင်မြေလုံးပတ်လည်ရှိ ဖို့မြေအား တစ်ဖြေးဖြေး ဖို့ရင်း လိပ်ကျောကုန်းပုံစံပေါ်သည်အထိ နင်းသိပ်ပေးရသည်။ ပျိုးပင်လုံး အား မနင်းသိပ်ရပါ။

- ရော်ဘာစိုက်ပျိုးသည့် ပထမ(၃) နှစ်အတွင်း အပိုဝင်ငွေရရှိစေရန်နှင့် ပေါင်း နှိမ်နင်းနိုင်စေရန် ကြားသီးနှံများအား ရော်ဘာပင်တန်းအခြေမှ (၅)ပေခွာ၍ စိုက်ပျိုးပါ။ သွင်းအားစုများများကို မိုးဦးမိုးနှောင်း အချိန်ကိုက်အချိုးညီ ထည့်သွင်းသုံးစွဲပါ။အဖူးကူးပင်ကို အမြင့်(၅၀)လက္ခတွင်လုံးပတ်(၂၀)လက္မ၊ အစေ့စိုက်ပင်ကို မြေပြင်မှအမြင့် ၂၀ လက္ခတွင် လုံးပတ်(၂၀)လက္မပြည့်ပါက အစေးခြစ်နိုင်မည်ဖြစ်ပါသည်။

စိုက်ပျိုးရေးဆိုင်ရာနည်းပညာများနှင့်ပတ်သက်၍ သိရှိလိုပါက စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) Call Center ဖုန်းနံပါတ် ၀၆၇- ၄၁၀၁၃၉၊ ၀၁-၂၃၉၉၅၅၅ နှင့် သက်ဆိုင်ရာမြို့နယ်စိုက်ပျိုးရေးရုံးများတွင် ဆက်သွယ် မေးမြန်းနိုင်ပါသည်။ 

အစိမ်းရောင်လမ်း စိုက်မွေးဖုန်းဆော့ဝဲ၏ အသုံးဝင်သော လိပ်စာများကဏ္ဍမှလည်း ခေါ်ဆိုနိုင်ပါတယ်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်