ပဲတီစိမ်းအပင်​ကွက်ကြား​သေ ဘာကြောင့်ဖြစ်၊ ဘယ်လိုရှင်း...

05/12/2022 15:30 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

ပဲတီစိမ်းစိုက်​တောင်သူများ အထူးသဖြင့် မြန်မာနိုင်ငံ​အောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ခရမ်း၊ သုံးခွ၊ သက္ကလ နယ်​မြေများ၊ ဧရာဝတီတိုင်း အချို့​ဒေသများ၊ ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ် ​ဒေသများမှာ ပဲပင်များ တဖြည်းဖြည်း ညှိုး​ခြောက်​ပြီး အကွက်လိုက်သေသွားတဲ့ ပြဿနာတွေ အများဆုံး​တွေ့ရပါတယ်။

သိသာထင်ရှား​စေတာက​တော့...

မျိုး​စေ့နှုန်း တစ်တင်းနှုန်းနဲ့အထက် သုံး​နေရခြင်းဟာ အပင်​ကွက်ကြားသေလို့  ကာမိ​အောင် မျိုးစေ့ ပိုကြဲ​နေရခြင်းပါ။

ကဝမြို့နယ်က ​​ခေတ်မီလယ်သမားတဦးဖြစ်တဲ့ ကိုခိုင်​ဇော်ကတော့...

"မျိုး​​စေ့နှုန်းက​ အရင်က ၈ ပြည် - ၁၀ ပြည်(၈ လုံးကိုက် -ပြည်) ကြဲရာကနေ ခုက အပင်​တွေ အ​သေများလာ​တော့ ဒီနှစ်  ၁၆ ပြည်လောက်ကြဲ​နေရတယ်"  လို့ ဆိုလာပါတယ်။

အုန္နဲရွာက ​နောက်ထပ်တောင်သူကြီးတ​ယောက်ဖြစ်တဲ့  ဦးခင်ဝမ်းကလည်း...

စာ​ရေးသူ ကွင်းဆင်းရင်းနဲ့ သူ့တဲ အလည်​ရောက်ရင်း စကားစပ်မိတော့...

" ပဲပင်​လေး​တွေက စထွက်လာတုန်းတော့ စိမ်းစိုလှပနေပြီး ၁၅-၂၀ ရက်သား​ရောက်​ရင်တော့ အရွက်​လေး​တွေ ဝါ၊ အောက်ရွက်​တွေ​ခြောက်၊ တဖြည်းဖြည်း ​သေကုန်​ရော. ဆရာ​ရေ..အဲဒါဘာဖြစ်လို့ပါလဲဆရာ" တဲ့။

"မှိုသတ်​ဆေး ​တွေ​ရော မဖျန်းဘူးလား..ဦး​လေး..." ဆို​တော့..

"ဘယ်​နေမလဲ..ဆရာ...

မှိုသတ်​ဆေး​တွေ စုံ​နေ​အောင်ဖျန်းတာ၊ အ​သေမရပ်ဘူးဆရာ​ရေ..."တဲ့။

စာ​ရေးသူလည်း... သာမန် ခါးရိ/ညှိုး​သေ​ လို့မှတ်ပြီး... မှိုသတ်​ဆေး​တွေ ညွှန်​တော့မလို့...

​တောင်သူ့အသံ ကြားလိုက်​တော့မှ..ဒီပြဿနာဟာ.. မြေဆီလွှာရဲ့ ပြဿနာ ဖြစ်နိုင်တယ်..လို့ ​တွေးမိသွားတယ်။

ဆိုတော့ကာ... ကဲ..ဦးခင်ဝမ်း​ရေ..

ကျ​နော်ထင်တာမမှားဘူးဆိုရင်..ဦး​လေး ​မြေကြီး​တွေ

ပျက်​နေပြီ။ လာ..ကျ​နော်ပြမယ်..ဆိုပြီး

စာ​ရေးသူပါလာတဲ့ pH မီတာ​လေးနဲ့ အစိုဓာတ်များတဲ့​နေရာ​ ၅ ​နေရာ တိုင်းကြည့်ပါတယ်။

ပျမ်းမျှ.... ၃.၈ ပဲရှိတယ်။ ​တွေ့လား ဦး​ခင်ဝမ်း... မြေကြီးက အက်ဆစ်ဆန်​နေပြီ။

မြေချဉ်ခြင်းနှင့် ပဲ​ပင်သေ ပြဿနာ...

တောင်သူ ။  ။ ​မြေ​တွေချဉ်တာနဲ့ ပဲပင်​သေတာ ဘယ်လို သက်ဆိုင်တာလဲဆရာ..

ဒို့ဦး​လေး။   ။ ဒါ..​မေးသင့်တဲ့​မေးခွန်းပါပဲ...

အရင်ဦးဆုံး ​မြေချဉ်/ငန် pHအ​ကြောင်း နည်းနည်းရှင်းပြမှဖြစ်မယ်။

pH မှာကိန်းဂဏန်းအရ ၀-၁၄ အထိ ရှိတယ်။ pH-7 ဆိုရင် သမမျှတမှု သင်္ကေတ(Neutral point)..ဖြစ်ပြီး pH -7 ထက် များရင်တော့ ​မြေငန်၊  pH-7 ထက် နည်းရင်တော့ ​မြေချဉ်တယ်လို့ မှတ်ပါ။

အနည်းဆုံး pH 6 နဲ့ 8 အကြားမှာ ရှိ​နေမှ ​မြေမှန်တယ်လို့ ယူဆနိုင်ပါတယ်။

ဆို​တော့ကား..

အခုနက ​မေးခွန်းပြန်​ကောက်ရရင်..

​မြေချဉ် (pH-5​ အောက်) ရင် ​မြေကြီးထဲမှာရှိနှင့်ပြီးသား ​မြေ​ဆောင်မှို​ရောဂါ(Soil borne diseases)​တွေကို ပိုမိုပွားများ​စေပါတယ်။

​နောက်တခုက ​မြေချဉ်ရင် ​မြေကြီးထဲ ​ဖော့စ်ဖရပ်၊ ပိုတက်စီယံ၊ ကယ်လ်စီယံ စ​တဲ့ ဓာတ်ဖိုအိုင်းယွန်း​တွေကို အပင်က မစားနိုင်​အောင် ထိန်းချုပ်ခံရခြင်းပါ။

​တောင်သူ။    ။ ​သြော်..ဒါ​ကြောင့် ပဲပင်​တွေက အာဟာရချို့တဲ့သလို စဖြစ်လာတာကိုးဆရာရဲ့။

"ဒါ​ပေမဲ့..မှိုသတ်​ဆေးဖျန်းရက်နဲ့ ဘာလို့ ဆက်​သေရတာလဲ ဆရာ၊ အဲဒါလည်း ရှင်း​ပေးပါဦး" 

ဒို့ဦး​လေး။   ။ ​မြေ​ဆောင်မှို​ရောဂါ​တွေမှာ  မှိုသတ်​ဆေးနဲ့ နှိမ်နင်းရခက်တဲ့ ​ရောဂါ​တွေရှိတယ်  ဦးခင်ဝမ်းရဲ့။

ဥပမာ.. ဖျူ​ဆေရီယံ ခါးရိ​ရောဂါနဲ့ Rhyzoptonia လို့ ​ခေါ်တဲ့ အမြစ်​ခြောက်​ဆွေး ​ရောဂါတွေဟာ ကြိုတင်ကာကွယ်နည်းနဲ့သာ အဆင်​ပြေပြီး၊ ကုသဖို့ခဲယဉ်းတဲ့မှိုအမျိုးအစား​တွေ ဖြစ်ပါတယ်။

​တောင်သူ။   ။ မှိုသတ်​ဆေး​တွေက မစွမ်းဘူးလားဆရာ...။

ဒို့ဦး​လေး ။   ။ မှို​ဆေး​တွေက မစွမ်းလို့​တော့မဟုတ်ပါဘူး၊ မှို​ရောဂါ​တွေက ​ရေ​သောက်မြစ်က​နေတဆင့် ​ရေ​ကြောစည်းထဲ ဝင်တိုက်ခိုက်တာရယ်၊ မှိုသတ်​ဆေးက ​ရောဂါရှိတဲ့ဆီကို မ​ရောက်နိုင်တာလည်းပါလို့ မထိ​ရောက်တာပါ။

ကိုခိုင်​ဇော်။   ။ ဒါဆိုရင် ဒီပြဿနာရဲ့ ​သော့ချက်က မြေကြီးပြင်ဖို့အဓိက​ပေါ့ဆရာ.​..နော။

ဒို့ဦး​လေး  ။ သိပ်မှန်တာ​ပေါ့ ကိုခိုင်​ဇော်ရေ။ ကျ​နော်အဓိကပြောချင်တာ  အဲဒါပဲ။

​တောင်သူအများစုက  ​#မြေကိုမပြင်ဘဲ #အပင်ကိုပြင်​နေသမျှ လိုရာပန်းတိုင်နဲ့ ​ဝေး​နေဦးမှာပဲဗျ။

ပဲပင်​ကွက်​သေ​တွေကို ဘယ်လို​ကျော်လွှားရမလဲ

​တောင်သူ။    ။ ကျ​နော့ကို ရှင်း​အောင်​ပြောပြခဲ့ပါဆရာ။ လာမယ့်နှစ် ဒီလိုမဖြစ်​အောင် ဘယ်လို ကာကွယ်လုပ်​ဆောင်ရမလဲ..ဆိုတာ..

ဒို့ဦး​လေး ။   ။ သတ္တဝါတိုင်းမှာ အ​မေ တွေရှိကြသလို၊ ပြဿနာတိုင်းမှာလဲ..အ​ဖြေ​တွေရှိပါတယ် ဦးခင်ဝမ်းရယ်။

လိုက်နာဆောင်ရွက်ဖို့ပဲ လိုပါတယ်။

​တောင်သူ။    ။ မလုပ်လို့မရ​တော့ဘူးဆရာ.. အနာတခြား၊ ​ဆေးတခြားဖြစ်ပြီး ကြာရင်  လယ် သမား​တွေ ဆေးဖိုးနဲ့ မွဲလိမ့်မယ်။

ဒို့ဦး​လေး။    ။အ​ကြောင်းမ​ကောင်းခဲ့လို့ အကျိုးမ​ကောင်းတာဆို​တော့ ဖြစ်ရခြင်းအ​ကြောင်းရင်း​တွေကို ​ဖြေရှင်းလိုက်ရုံပါပဲ။ ဆိုတော့...

  • သဘာဝ​မြေ​ဆွေးများများ(ချနိုင်သ​လောက်များများ)ထည့်ပါ။
  • ၁ ဧက အတွက် မ​ဖောက်ထုံး ၅၀ ကီလို ၁၀ အိတ်နှုန်း ၃ နှစ်ဆက်တိုက်ထည့်ပါ။
  • ထယ်​ရေး၊ ထွန်​ရေး နက်နက်ညက်ညက် ပြုပြင်ပါ။

မျိုး​ကောင်းမျိုးသန့် အသုံးပြုပါ

မစိုက်မီ မျိုး​စေ့ကို ​ဆေးလူးစိုက်ပါ။

#အင်​ဒေါင်း(မက်တလက်ဇီး+​အေမီဒါ)

(မက်တလက်ဇီးသည်၊အမြစ်ပုပ်​ရောဂါအတွက်အ​ကောင်းဆုံး လူးနယ်​ဆေးဖြစ်ပြီး မြေကြီးအတွင်း ကြာရှည်စွာ​နေနိုင်ပါသည်။)

သို့မဟုတ်

ထရိုင်ကိုဒါးမား/ ရိုင်ဇိုဘီယံ လူးနယ်စိုက်ပါ။

ပေါင်းသတ်​ဆေး ဓာတ်ကြွင်းများက၊ ​မြေကြီးကို ပိုချဉ်​စေ/ပိုပျက်​စေပါတယ်။

မြေကြီး အတွင်း၊ ဓာတ်ကြွင်းများ​လျော့ပါး​စေရန် အီးအမ် ဘိုကာရှီကဲ့သို့ ​မြေတွင်းအကျိုးပြု မိုက်ခရုပ်များ ​မွေးမြူပါ။

ကဲ..ဘယ်နှယ့်လဲ... ဦးခင်ဝမ်း..လုပ်နိုင်ပါ့မလား။

တောင်သူ။   ။ ဖြစ်​အောင်လုပ်ရမှာ​ပေါ့  ဆရာရယ်။

အခုလို စိတ်ရှည်လက်ရှည် ရှင်းပြ​ပေးတာကိုပဲ​ကျေးဇူးတင်ပါတယ်..ဆရာ..

ဒီ​ဆောင်းပါး​ရေးဖြစ်​အောင် အစစ ကူညီ​ပေးခဲ့တဲ့ ကဝမြို့နယ်၊ အုန္နဲရွာမှ ကိုခိုင်​ဇော်နဲ့ ဦးခင်ဝမ်းကိုကျေးဇူးတင်ပါ​ကြောင်းနဲ့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သလိုက်ပါတယ်။

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်