အစားအစာတွင် အန္တရာယ်ဖြစ်စေသော အရာများနှင့် ကာကွယ်ရေးနည်းလမ်းများ (ဓာတု အန္တရာယ် )

31/07/2023 16:22 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဓာတု အန္တရာယ် (Chemical hazard)

ဓာတုအန္တရာယ်ဖြစ်စေနိုင်သည့် အကြောင်းရင်းများ၊ ဇာတ်မြစ်များ

အစားအစာများတွင် လူကိုအန္တရာယ်ဖြစ်စေနိုင်သော ဓာတုပစ္စည်းများသည် လက်ခံနိုင်သည့်ပမာဏထက် ပိုမိုပါဝင်နေသော အခါတွင် ဓာတုအန္တရာယ်များကို ဖြစ်ပေါ်စေပါသည်။ ဓာတု အန္တရာယ်များမှာ-

(က) ပတ်၀န်းကျင်တွင် သဘာ၀အတိုင်း တွေ့ရသော အန္တရာယ်များ

o    အစားအစာများတွင် ပါ၀င်နေသည့် မှိုများ (ဥပမာ- အယ်ဖလာတောက်ဆင်၊ မိုက်ကိုတောက်ဆင်)

(ခ) လူလုပ် ဓာတုအန္တရာယ်များ

o    စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး အကြွင်းအကျန်များ

o    စက်ရုံသုံးဓာတုပစ္စည်းများ

o    သန့်ရှင်းရေးသုံးဆပ်ပြာများ

o    ပုံနှိပ်မှင်များ၊ ချောဆီများ

o    ပတ်၀န်းကျင်ရှိ ရေ၊ လေ ညစ်ညမ်းမှုမှတစ်ဆင့်ပါလာသော အန္တရာယ်ဖြစ်စေနိုင်သောအရာများ (ဥပမာ- ခဲ, ပြဒါး)

(ဂ) ရည်ရွယ်ချက်ရှိရှိ အသုံးပြုသည့် လူလုပ်ဓာတုဆိုင်ရာ အန္တရာယ်များ

o    အစားအစာများတွင် အသုံးပြုရန် ခွင့်မပြုထားသည့် ဆိုးဆေးများ (ဥပမာ- ဆူဒမ် ၃၊ အော်ရမင်း-အို)

o    အစားအစာများတွင် အသုံးပြုရန် ခွင့်မပြုထားသည့် တာရှည်ခံဆေးများ (ဥပမာ - ဖော်မလင်၊ လက်ချား)

o    သတ်မှတ်ပမာဏထက် ပိုလွန်၍အသုံးပြုမှုများ (ဥပမာ- ဆော့စ်များတွင် ဆိုဒီယမ်ဘန်ဇိုရိတ်စ် ကိုသတ်မှတ်ပမာဏ ၀.၁ % ထက် ပို၍ အသုံးပြုခြင်း)

ဓာတု အန္တရာယ်များကို ကြိုတင်ကာကွယ်ရန် နည်းလမ်းများ

o    စိုက်ပျိုးထုတ်လုပ်သူများကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို လိုက်နာစေခြင်း

o    လက်ခံနိုင်သော၊ ယုံကြည်ရသော ရောင်းချသူ supplier ကို ရွေးချယ်၀ယ်ယူခြင်း

o    ကုန်ကြမ်းများကို စနစ်တကျ စီစစ် လက်ခံခြင်း

o    ကုန်ကြမ်းများ၊ ကုန်ချောများကို စနစ်တကျ ခွဲခြားသိမ်းဆည်းခြင်း

o    မှိုပေါက်ဖွားမှုကို ဖြစ်စေနိုင်သော ပတ်၀န်းကျင် အနေအထားများကို သိရှိထားခြင်း

o    အစားအစာတွင် အသုံးပြုရန်သတ်မှတ်ထားသည့် ဓာတုပစ္စည်းများကိုသာ သုံးခြင်း

o    အစားအစာတွင် ခွင့်ပြုထားသော သတ်မှတ်ပမာဏများကို သိရှိလိုက်နာခြင်း

o    ဓာတု ပစ္စည်းများကို စနစ်တကျ ခွဲခြားထားခြင်း

o    မှတ်တမ်းတင်ခြင်း


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်