နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
တစ်ခါတရံ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် နှင်းတွေ မြူတွေကျနေသလိုမျိုး ဝေဝါးနေတာကို သတိထားမိကြမှာပါ။ သို့ပေမဲ့ ဒါဟာ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ မြူနှင်းတွေလား ဒါမှမဟုတ် အဆုတ်ကို ဖျက်ဆီးမယ့် ဖုန်မှုန့် အဆိပ်ငွေ့တွေလားဆိုတာ ခွဲခြားဖို့လိုအပ်နေပါပြီ။ တကယ်လို့ ကျွန်တော်တို့ မြင်နေရတဲ့ အရာတွေဟာ ဖြူဖွေးမနေဘဲ မီးခိုးရောင် (သို့မဟုတ်) ဝါညိုညို မှိုင်းညို့ညို့ ဖြစ်နေမယ်ဆိုရင်တော့ ဒါဟာ သဘာဝအတိုင်းဖြစ်တဲ့ နှင်းတွေ မြူတွေမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ (PM2.5) လေထုညစ်ညမ်းမှုပဲ ဖြစ်ပါတယ်။
PM 2.5 ဆိုတာဘာလဲ?
လေထုထဲမှာ လွင့်မျောနေတဲ့ ဖုန်မှုန့်၊ မီးခိုး၊ အညှော်ကဲ့သို့သော အစိုင်အခဲများနဲ့ အရည်စက်လေးများကို အမှုန်အမွှားများ (Particulate Matter - PM) လို့ ခေါ်ပါတယ်။ PM2.5 ဆိုတာ အချင်းဝက် အရွယ်အစားအားဖြင့် ၂.၅ မိုက်ခရွန် (Microns) ထက် သေးငယ်တဲ့ အမှုန်လေးတွေ ဖြစ်ပါတယ်။ ဒီအမှုန်လေးတွေဟာ အင်မတန် သေးငယ်လွန်းတာကြောင့် သာမန်မျက်စိနဲ့ မမြင်နိုင်ဘဲ အထူးကြည့်မှန်ပြောင်း (Electron Microscope) နဲ့ ကြည့်မှသာ မြင်နိုင်တာမျိုးပါ။ မြင်သာအောင် နှိုင်းယှဉ်ပြရရင် လူ့ဆံပင်တစ်ချောင်းရဲ့ အဆ ၄၀ မက ပိုသေးတာမျိုးပါ။
အဲ့ဒီအမှုန်တွေက ကျန်းမာရေးအတွက် ဘာကြောင့် အန္တရာယ်ရှိတာလဲ?
လေထုညစ်ညမ်းစေတဲ့ အရာတွေထဲမှာ PM2.5 ဟာ ကျန်းမာရေးကို အန္တရာယ်အပေးနိုင်ဆုံး ဖြစ်ပါတယ်။ ၎င်းတို့ဟာ အရမ်းပေါ့ပါးပြီး သေးငယ်တာကြောင့် လေထဲမှာ ရက်ပေါင်းများစွာ ဒါမှမဟုတ် သီတင်းပတ်နဲ့ချီပြီး လွင့်မျောနေနိုင်ပါတယ်။ မြို့တစ်မြို့ကနေ တစ်မြို့၊ တစ်နိုင်ငံကနေ တစ်နိုင်ငံအထိတောင် လေနဲ့အတူ ပျံ့နှံ့သွားနိုင်ပါတယ်။ ကျွန်တော်တို့ ရှူရှိုက်လိုက်တဲ့အခါမှာ ဒီအမှုန်လေးတွေဟာ အဆုတ်ထဲကို နက်ရှိုင်းစွာ ရောက်ရှိသွားရုံတင်မကဘဲ သွေးကြောထဲအထိပါ စိမ့်ဝင်သွားနိုင်ပါတယ်။
ဘာကြောင့် PM2.5 က လေထုညစ်ညမ်းမှုရဲ့ အဓိကတရားခံ ဖြစ်နေတာလဲ?
လေထုအရည်အသွေးကို တိုင်းတာတဲ့အခါ PM2.5 ကို အဓိကထားပြီး ဖော်ပြကြတာဟာ ၎င်းက အင်မတန် သေးငယ်လွန်းပြီး လေထဲမှာကြာရှည်စွာ လွင့်မျောနေနိုင်သလို နေရာအနှံ့ကိုလည်း ပျံ့နှံ့ရောက်ရှိနိုင်လို့ပါ။ PM2.5 ဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံးနီးပါးကနေ ထွက်ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် မော်တော်ကားနဲ့ စက်ယန္တရားများက ထွက်တဲ့ မီးခိုးတွေ၊ စက်ရုံ အလုပ်ရုံများကနေ ထွက်ရှိတဲ့ အညှော်အနံ့အသက်တွေ၊ တောမီးလောင်ခြင်းနဲ့ စိုက်ပျိုးရေးစွန့်ထွက်ပစ္စည်းများ (ကောက်ရိုး၊ အမှိုက်) အား မီးရှို့ခြင်း၊ အိမ်တွင်း မီးဖိုချောင်သုံး လောင်စာတွေ အစရှိတဲ့ နေရာအနှံ့က ထွက်နေတာကြောင့် သူဟာ လေထုညစ်ညမ်းမှုရဲ့ အဓိက အမှတ်အသားတစ်ခု ဖြစ်လာရတာပါ။ ၎င်းရဲ့ သေးငယ်လွန်းတဲ့ အရွယ်အစားကြောင့် အဆောက်အဦးတွေထဲကိုသာမကဘဲ ကျွန်တော်တို့ရဲ့ အဆုတ်နဲ့ သွေးကြောထဲအထိပါ နက်ရှိုင်းစွာ စိမ့်ဝင်သွားနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကို လက်ရှိအခြေအနေမှာသာမက ရေရှည်မှာပါ အကြီးအကျယ် ဒုက္ခပေးနိုင်ပါတယ်။

AQI (လေထုအရည်အသွေး ညွှန်းကိန်း) ဆိုတာ ဘာလဲ?
AQI ဆိုတာ မိမိတို့ ပတ်ဝန်းကျင်က လေထုဟာ ဘယ်လောက်အထိ သန့်ရှင်းမှုရှိတယ် ဒါမှမဟုတ် ဘယ်လောက်အထိ ညစ်ညမ်းနေတယ်ဆိုတာကို လူတိုင်းနားလည်အောင် ကိန်းဂဏန်းနဲ့ ဖော်ပြပေးတဲ့ "လေထုအရည်အသွေး ညွှန်းကိန်း" ဖြစ်ပါတယ်။ ၎င်းကို အဆင့်အမျိုးမျိုး ခွဲခြားထားပြီး "ကောင်းမွန်သော အဆင့်" မှသည် "အလွန်အန္တရာယ်ရှိသော အဆင့်" အထိ သတ်မှတ်ပေးထားပါတယ်။ ယခင်ကာလများကဆိုရင် အမေရိကန်စံနှုန်းအရ တစ်နေ့တာလုံးမှာရှိတဲ့ PM2.5 ပမာဏကို ပျမ်းမျှတွက်ချက်ပြီး ထုတ်ပြန်ပေးလေ့ရှိပါတယ်။ အခုလက်ရှိနောက်ပိုင်းမှာတော့ လေထုအခြေအနေကို "နာရီအလိုက်" အမြဲမပြတ် ထုတ်ပြန်ပေးနေပြီ ဖြစ်ပါတယ်။ အကြောင်းကတော့ လေထုထဲမှာရှိတဲ့ PM2.5 အမှုန်အမွှား ပမာဏဟာ တစ်နေ့တာအတွင်းမှာတင် အချိန်နဲ့အမျှ ရုတ်တရက် ပြောင်းလဲသွားနိုင်တာကြောင့် ဖြစ်ပါတယ်။ ဥပမာအားဖြင့် မနက်ခင်းပိုင်းမှာ လေကောင်းလေသန့်ရပေမဲ့ ညနေခင်းပိုင်း စိုက်ခင်းတွေမှာ အမှိုက်တွေကိုမီးရှို့တဲ့အခါ ဒါမှမဟုတ် လေတိုက်နှုန်းပြောင်းတဲ့အခါ လေထုက ချက်ချင်း ညစ်ညမ်းသွားနိုင်ပါတယ်။ ဒါကြောင့် နာရီအလိုက် ထုတ်ပြန်တဲ့ အချက်အလက်တွေက မိမိတို့ ဘယ်အချိန်မှာ အပြင်ထွက်သင့်တယ် ဘယ်အချိန်မှာ နှာခေါင်းစည်း (Mask) တပ်သင့်တယ်ဆိုတာကို ပိုမိုတိကျစွာ သိရှိစေနိုင်ပါတယ်။ ယနေ့ခေတ်မှာတော့ ဖုန်းဆော့ဖ်ဝဲလ်တွေလည်း ရှိနေပြီဖြစ်တာကြောင့် မိမိတို့ ဖုန်းထဲမှာ လေထုအရည်အသွေး တိုင်းတာတဲ့ ဆော့ဖ်ဝဲလ် (App) လေးတွေ ထည့်သွင်းထားပြီး AQI ကိန်းဂဏန်းတွေကို ပုံမှန်စစ်ဆေးကြည့်သင့်ပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေရှိတဲ့ အိမ်တွေမှာဆိုရင် AQI ကိန်းဂဏန်း မြင့်တက်နေတဲ့အချိန်မျိုးမှာ အပြင်ထွက်တာကို ရှောင်ကြဉ်ခြင်းဖြင့် ကျန်းမာရေးကို စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။
PM2.5 အမှုန်အမွှားများ ထွက်ရှိရာ အရင်းမြစ်များ
လေထုထဲက အမှုန်အမွှားတွေဟာ လူတွေကြောင့် ဖြစ်ပေါ်လာတာရှိသလို သဘာဝအတိုင်း ဖြစ်ပေါ်တာလည်း ရှိပါတယ်။ ဒါပေမဲ့ များသောအားဖြင့် လူတွေကြောင့် ဖြစ်ပေါ်လာတဲ့ အမှုန်အမွှားတွေက ပိုပြီးတော့ အန္တရာယ်များတဲ့ PM2.5 ပမာဏကို ပိုထွက်စေပါတယ်။ ဥပမာ - မော်တော်ကားနှင့် စက်ယန္တရားများမှ ထွက်သော မီးခိုးများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်သော မီးခိုးများ၊ စက်ရုံ အလုပ်ရုံများ၏ လုပ်ငန်းခွင်မှ ထွက်ရှိသော ဘေးထွက်ပစ္စည်းများ၊ အိမ်တွင်း မီးဖိုချောင်သုံး ထင်း၊ မီးသွေး လောင်စာများ၊ ပွဲလမ်းသဘင်များတွင်အသုံးပြုသော မီးရှူးမီးပန်းများမှ ထွက်သော မီးခိုးများနဲ့ ဆေးလိပ်သောက်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။
လေထုထဲမှာရှိနေတဲ့ PM2.5 အမှုန်အမွှားတွေ ထွက်ရှိလာတာဟာ မိမိတို့နေထိုင်ရာ ဒေသ၊ နိုင်ငံ၊ ရာသီဥတုနဲ့ မြို့ပြဖြစ်ထွန်းမှု အခြေအနေတွေပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားတတ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ အနောက်မြောက်ဘက်ပိုင်းဒေသတွေမှာ သစ်ပင်၊ သစ်ကိုင်းနဲ့ အပင်ထွက်ပစ္စည်းများကို မီးရှို့ခြင်း (Biomass Burning) ကနေ PM2.5 အများဆုံး ထွက်ရှိတာကို တွေ့ရပါတယ်။ အရှေ့မြောက်ပိုင်းဒေသတွေမှာတော့ သင်္ဘောများနဲ့ စက်ရုံကြီးများမှာ အသုံးပြုတဲ့ လောင်စာဆီ (Residual Oil) များ လောင်ကျွမ်းခြင်းကနေ အဓိက ထွက်ရှိကြောင်း တွေ့ခဲ့ရပါတယ်။ ထို့အပြင် လေထုညစ်ညမ်းမှုဟာ မိမိတို့နိုင်ငံမှာ ထွက်ရှိတာမျိုး မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံတွေက ထွက်တဲ့ မီးခိုးငွေ့တွေဟာလည်း လေနဲ့အတူ ပျံ့နှံ့လာတတ်ပါတယ်။ ဥပမာအားဖြင့် ကနေဒါနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ PM2.5 ပမာဏရဲ့ (၃၃) ရာခိုင်နှုန်းဟာ အိမ်နီးချင်း အမေရိကန်နိုင်ငံကနေ လွင့်ပါလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကနေဒါနိုင်ငံရဲ့ မြောက်ပိုင်း၊ အနောက်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာ တွေ့ရှိရတဲ့ PM2.5 အမှုန်အမွှားတွေကတော့ သဘာဝအတိုင်းရော လူတွေကြောင့်ရော ဖြစ်ပွားရတဲ့ တောမီးလောင်ကျွမ်းမှုတွေ ကနေ အဓိကထွက်ရှိလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
PM2.5 အမှုန်အမွှားတွေထဲမှာ ဘာတွေပါသလဲ?
PM2.5 ဆိုတာ လေထဲကို တိုက်ရိုက်ထွက်လာတဲ့ ဖုန်မှုန့်တွေတင်မကပါဘူး။ လေထုထဲမှာရှိတဲ့ တခြားအဆိပ်ငွေ့တွေ တစ်ခုနဲ့တစ်ခု ဓာတ်ပြုမိရာကနေလည်း ဒီလို အန္တရာယ်ရှိတဲ့ အမှုန်အမွှားတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အဓိကအားဖြင့် အောက်ပါဓာတ်ငွေ့တွေနဲ့ ဒြပ်ပစ္စည်းတွေ ရောနှောဓာတ်ပြုပြီး PM2.5 အဖြစ် ပြောင်းလဲသွားတတ်ကြပါတယ် -
ဆာလဖာ ဒိုင်အောက်ဆိုဒ် (Sulfur dioxide) - ကျောက်မီးသွေးနဲ့ လောင်စာဆီတွေ လောင်ကျွမ်းရာက ထွက်တဲ့ အငွေ့
နိုက်ထရိုဂျင် အောက်ဆိုဒ် (Nitrogen oxides) - မော်တော်ကားနဲ့ စက်ရုံတွေက ထွက်တဲ့ မီးခိုးငွေ့
အမ်မိုးနီးယား (Ammonia) - စိုက်ပျိုးရေးသုံး မြေသြဇာတွေနဲ့ တိရစ္ဆာန် စွန့်ပစ်ပစ္စည်းတွေကနေ ထွက်တဲ့ အနံ့အသက်ဆိုးတွေ
ကာဗွန်အမည်း (Black carbon) - ထင်း၊ မီးသွေးနဲ့ ကောက်ရိုးတွေ မီးရှို့ရာက ထွက်လာတဲ့ မီးခိုးများ
သတ္တုဖုန်မှုန့်များ (Mineral dust) - မြေသားနဲ့ ကျောက်ခဲတွေက ထွက်တဲ့ သေးငယ်တဲ့ ဖုန်မှုန့်များ
ရေငွေ့ (Water) - လေထဲမှာရှိတဲ့ စိုထိုင်းဆနဲ့ ရေငွေ့တွေဟာ အထက်ပါ အဆိပ်ငွေ့တွေနဲ့ ပေါင်းစပ်ပြီး အမှုန်အမွှားတွေကို ဖြစ်လာစေပါတယ်
အငွေ့ပျံလွယ်သော ဒြပ်ပေါင်းများ (Volatile organic compounds) - အိမ်သုတ်ဆေးများနဲ့ လောင်စာဆီတွေကနေ အလိုအလျောက် အငွေ့ပျံထွက်လာတဲ့ ဓာတ်ငွေ့များ
PM2.5 အမှုန်အမွှားတွေက ကျန်းမာရေးကို ဘယ်လိုဒုက္ခပေးသလဲ?
PM2.5 အမှုန်လေးတွေဟာ အင်မတန် သေးငယ်လွန်းတာကြောင့် ကျွန်တော်တို့ ရှူရှိုက်လိုက်တဲ့အခါ အသက်ရှူလမ်းကြောင်းတစ်လျှောက် အဆုတ်ထဲကို နက်ရှိုင်းစွာ ရောက်ရှိသွားနိုင်ပါတယ်။ ထိုမှတစ်ဆင့် သွေးကြောထဲအထိ စိမ့်ဝင်သွားပြီး ဦးနှောက် အထိတောင် ရောက်ရှိသွားနိုင်ပါတယ်။ ဒီလို အမှုန်အမွှားတွေ များပြားတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်မိရင် အချိန်ခဏအတွင်းမှာပင် အောက်ပါလက္ခဏာများ ခံစားရနိုင်ပါတယ်။
လည်ချောင်း ယားယံခြင်းနှင့် အသက်ရှူလမ်းကြောင်းများ ရောင်ရမ်းခြင်း
ချောင်းဆိုးခြင်း
အသက်ရှူရ ခက်ခဲခြင်း
ရေရှည်မှာဆိုရင်တော့ အောက်ပါအတိုင်း ပိုမိုဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
နှလုံးနှင့် အဆုတ်ရောဂါများ
လေပြွန်ရောင်ရောဂါနှင့် အဆုတ်ဖောင်းပွရောဂါ
နှလုံးရုတ်တရက် ရပ်ခြင်း (သို့မဟုတ်) နှလုံးခုန် မမှန်ခြင်း
ပန်းနာရင်ကြပ် ဖြစ်ပွားခြင်းနှင့် ရောဂါအခံရှိသူများတွင် ပိုမိုဆိုးရွားလာခြင်း
အဆုတ်၏ လုပ်ဆောင်နိုင်စွမ်း လျော့နည်းလာခြင်း
အသက်အရွယ်မတိုင်မီ စောစီးစွာ သေဆုံးခြင်း
အထူးသဖြင့် နှလုံးရောဂါ သို့မဟုတ် အဆုတ်ရောဂါ အခံရှိသူများ၊ ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုများဟာ ဤအမှုန်အမွှားတွေရဲ့ဒဏ်ကို အဆိုးရွားဆုံး ခံစားရလေ့ရှိပါတယ်။

မီးမရှို့ဘဲ မြေဆွေးလုပ်ကြပါစို့
အချုပ်အားဖြင့်ဆိုရရင် လေထုညစ်ညမ်းစေတဲ့ PM 2.5 တွေကို လျှော့ချဖို့ရာ ကျွန်တော်တို့စိုက်ပျိုးရေး နယ်ပယ်ကနေ ပါဝင်လုပ်ဆောင်နိုင်တာတွေရှိပါတယ်။ မြင်သာအောင်ပြောရရင် စိုက်ခင်းကနေထွက်ရှိလာတဲ့ ကောက်ရိုးအပါအဝင် သီးနှံအကြွင်းအကျန်တွေဟာ အမှိုက်တွေမဟုတ်ပါဘူး။ ၎င်းတို့ကို မီးရှို့ဖျက်ဆီးလိုက်ခြင်းဟာ မြေဆီလွှာကို အပူဒဏ်ပေးရုံသာမက မိမိကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့အဆုတ်ထဲကို PM2.5 အဆိပ်ငွေ့တွေ တိုက်ရိုက်ရောက်ရှိသွားစေတာမျိုး ဖြစ်ပါတယ်။ထို့ကြောင့် ပိုး၊ ရောဂါကျရောက်လို့ မီးရှို့တာမျိုးကလွဲရင် အပင်အကြွင်းအကျန်များကို မြေဆွေး (Compost) ပြုလုပ်ခြင်းဖြင့် လေထုညစ်ညမ်းမှုကို ထိရောက်စွာလျော့ချနိုင်မှာ ဖြစ်ပါတယ်။ မြေဆွေးပြုလုပ်ခြင်းဟာ ငွေကုန်ကြေးကျ သက်သာစေတဲ့အပြင် မြေဆီလွှာကို ပြန်လည်အားဖြည့်ပေးတာကြောင့် နောက်လာမဲ့စိုက်ပျိုးရာသီမှာလည်း သီးနှံအထွက်နှုန်းကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
ငါးလေးချဉ် အလွန်ကြိုက်ကြလျှင်..
ဆက်စပ်မေးခွန်းများ
သက်လက်စပါးမှာပြောင်းရွေ့စိုက်ပီးသက်တမ်းအလိုက်N.P.Kကျွေးနည်းလေးပြောပြပေးပါ
မိုးဟိန်း • ဖြေကြားချက် 0 ခု
စပါးမှာ ဆီလီကာမြေသြဇာကိုဘယ်အချိန်မှာထည့်ရမလဲဗျ
Aung Ko Zin • ဖြေကြားချက် 1 ခု
သီဟိုဠ်ပင်ြကားညှပ်ဘာအပင်စိုက်သင့်လဲ
Green Face • ဖြေကြားချက် 3 ခု
အမည်းအလုံးတွေကဘာကြောင့်ဖြစ်တာလဲဘယ်လိုလုပ်ရမလဲပြောပြပေးပါဦးဆရာတို့
တောသားလေး • ဖြေကြားချက် 2 ခု
ပဲပုပ်ကို ခုတ်ဖုံးကျဲလိုရလား
ဦးလင်း • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
စက်တင်ဘာလအစတွင် မတ်ပဲဈေးများ ဆက်တိုက်ကျဆင်းလာ
03/09/2026
မွန်နှင့် ကရင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနိုင်
02/09/2026
စပါးပင် ဘယ်အချိန်မှာ ရွက်ဖြတ်သင့်လဲ..ဘာကြောင့်ဖြတ်ကြတာလဲ?
02/09/2026
ကြက်ခြံဖမ်းဈေးသာကျပြီး အသားရောင်းဈေးမကျလို့ မွေးမြူသူများအခက်ကြုံနေ
02/09/2026
More from ဇင်ထူးနိုင်
အားလုံး
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....