မှို​ရောဂါများကိုလေ့လာခြင်း (မှိုအစစ်နဲ့ မှိုအတုဆိုတာ)

20/01/2023 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

သီးနှံပင်​တွေမှာ ကျ​ရောက်​လေ့ရှိတဲ့ မှို​ရောဂါ​တွေကို မှိုးစပိုးထုတ်ပုံကိုလိုက်ပြီး အကြမ်းအားဖြင့် အောက်ပါအတိုင်း၄ မျိုး/အုပ်စု ခွဲခြားသတ်မှတ်နိုင်ပါတယ်။

  • ၁။ phycomycete/Oomycetes (ဖိုက်ကိုမိုက်ဆိ/အူးမိုက်ဆိ)
  • ၂။ Ascomycetes (အက်စ်ကိုမိုက်ဆိ)
  • ၃။ Basediomycetes (ဘေစီဒီယိုမိုက်ဆိ)
  • ၄။ Deuteromycetes (ဂျူထရိုမိုက်ဆိ)

ဒီ​နေရာမှာ ​​လေ့လာသူ​တွေ​မေးတဲ့ True fungi(မှိုအစစ်)  untrue fungi(မှိုအတု)ဆိုတာ ဘာ​တွေလဲ ဆရာ? ဆိုတဲ့ ​မေးခွန်းကို ​ဖြေရင်း... ရောဂါအမျိုးအစား​တွေကို ယှဉ်တွဲ​ဖော်ပြလိုက်ပါတယ်။

True fungi(မှိုအစစ်)

အထက်​ဖော်ပြပါ မှိုအုပ်စု ၄ မျိုးထဲကမှ...

မှို​ရောဂါများ၊ စပိုးထုတ်ခြင်း၊ ပွားများခြင်း၊ ဆဲလ်နံရံအကန့်ပိုင်းခြားခြင်း၊ ကပ်ပါးပြုခြင်း စတဲ့ မှိုအင်္ဂါရပ်များနဲ့ကိုက်ညီ​သော...

Ascomycetes/Basediomycetes/Deuteromycetes ၃ မျိုးကို မှိုအစစ်ဟု​ခေါ်ကြပါတယ်။

သီးနှံပင်မှာကျ​ရောက်တဲ့ အပင်​ရောဂါနမူနာတွေနဲ့ ယှဉ်တွဲ​ဖော်ပြရရင်..

Ascomycetes ( ​Powdry mildew (ဖားဥမှို​ရောဂါ၊ rice blast(စပါးဂုတ်ကျိုး​ရောဂါ၊)၊ apple scab (ပန်းသီးအ​ကြေးဖတ်​ရောဂါ..စသည်...)

Basediomycetes - (သံ​ချေး​ရောဂါများ နှင့် စပါးမှိုသီး​ရောဂါ စသည်... )

Deuteromycetes - ( Leaf- spots (ရွက်​ပြောက်​ရောဂါများ), blights, (ရွက်​ခြောက်​ရောဂါများ၊​တောက်တဲ့မြီး၊ wilts(ပင်ညှိုး​ရောဂါများ)၊ rots (ခါးရိ၊အမြစ်ပုပ်​ရောဂါ)၊ anthracnose (မှည့်​ပြောက်စွန်း​ရောဂါ... စသည်...) တို့ဖြစ်ပါတယ်။

(စိုက်/​ဆေး​ လောကသား​တွေက​တော့ Non Oomycete(နန်းအူးမိုက်ဆိ မှိုအုပ်စု)လို့ အလွယ်​ခေါ်ကြပါတယ်)

Untrue fungi/fungus liked organism(မှိုအတု)

Oomycetes(အူးမိုက်ဆိမှို)ကို​တော့...

  • မှိုအတု (​ရေကြိုက်မှို (water mold) နဲ့ ဘုံနိမ့်မှို  (Lower fungi)လို့ ​ခေါ်ကြပါတယ်။
  • အခြားမှိုအုပ်စုနဲ့ မတူတဲ့အချက်က မှိုမျှင်​တွေမှာ အကန့်မပါခြင်းနဲ့ စပိုး​တွေမှာ ယက်​မွှေး​လေး​တွေပါခြင်းဖြစ်ပါတယ်။
  • ဒါ​ကြောင့် အူးမိုက်ဆိမှို​ရောဂါ​တွေဟာ ကူးစက်တာမြန်တယ်၊ ​ရေနဲ့ အစိုဓာတ်ကိုကြိုက်တယ်။

သီးနှံပင်မှာကျတဲ့​ရောဂါ​တွေနဲ့ ယှဉ်တွဲ​ဖော်ပြရရင်...

  • Phytopthora spp (​နှောင်းပင်နာကျ​ရောဂါများ)
  • Pythium spp (အပင်ငယ် ခါးရိညှိုး​သေ​ရောဂါ)
  • Downy mildew(​ဒေါင်းနီးရွက်​ခြောက်​ရောဂါ)

စတာတွေဖြစ်ပါတယ်။

ဘာ​ကြောင့် အူးမိုက်ဆိမှို​ရောဂါ​တွေကို သီးသန့်ခွဲခြား​ဖော်ပြ​နေရတာလဲဆိုရင်...

Non oomycetes​ တွေကို ဖျန်းတဲ့ မှိုသတ်​ဆေး​တွေကို ခံနိုင်ရည်ရှိ​နေလို့ပါပဲ။

အူးမိုက်ဆိ​ရောဂါဆိုရင် မှို​ဆေးအုပ်စု သီးသန့်​ပေးရပါတယ်။

ဥပမာဆိုရရင်...

  • ဒိုင်မီသို​မော့၊
  • ဆိုင်​မောက်ဇ​နေးလ်
  • ဖို့စတိုင်းအလူမိနိယံ
  • မက်တလက်ဇီး
  • အဇိုဇီစထရိုဘင်...စတဲ့ ​အေအိုင်များကို အသုံးပြုရတာဖြစ်ပါတယ်။

အထူးသတိပြုစရာ တခုလည်းကျန်ပါ​သေးတယ်။

အဲ့ဒါကတော့... မှို​ရောဂါ​တွေထဲမှာ..​တောင်သူ​တွေ အ​ကြောက်ဆုံးနဲ့ အဖြစ်အများဆုံးဖြစ်တဲ့ အပင်​ရောဂါတွေပါ။

  • Dry root rot - အမြစ်​ခြောက်​ဆွေး​ရောဂါ(Rhyzoptonia spp)
  • Fusarium walt - ဖျူ​ဆေရိယန် ခါးရိပင်ညှိုး​ရောဂါ (Fusarium spp)

​အဲ့ဒီရောဂါ ၂ မျိုးကို​တော့ နာတာရှည်မှို​ရောဂါ သို့မဟုတ် "ဆရာမနိုင် နှစ်​ဆောင်ပြိုင်"လို့ ​ခေါ်ရမလိုပါပဲ။

လက်ရှိမှိုသတ်​ဆေး​တွေနဲ့ ကုသဖို့ အဆင်မ​ပြေ​သေးပါ။

သို့​​သော်..ပညာရှင်​တွေအ​နေနဲ့..

Pseudomonas fluorescens(ဆူဒိုမိုနပ်စ် ဖလူးဆင့်) နဲ့Bacillus subtilis (ဘက်ဆဲလပ်စ်ဆာ့ဘ်တလစ်) လို့​ခေါ်တဲ့ ဘက်တီးရီးယားဆေး​တွေနဲ့ အချိန်ယူစမ်းသပ်လျက်ရှိတယ်လို့တော့ ဆိုပါတယ်။

ကဲ... ဒီတပတ်​တော့..ဒီ​လောက်နဲ့ပဲ... နားကြပါဦးစို့။

ဒီလောက်ဆိုရင်တော့..မှို​ရောဂါ​တွေရဲ့အ​ကြောင်း အနည်းအကျဉ်းသ​ဘော​ပေါက်မယ်လို့ ယူဆပါတယ်။

မဖြစ်ခင်..ကြိုတင်ကာကွယ်ခြင်းကတော့ အ​ကောင်းဆုံးနည်းပါပဲ..

​စေတနာများစွာဖြင့်

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြလိုပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်