အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပြောင်း ရွက်​ခြောက်​ရောဂါ သတိပြုပါ

ပြောင်း ရွက်​ခြောက်​ရောဂါ သတိပြုပါ

Thar Po
Thar Po 09/03/2023

အစိမ်း​ရောင်လမ်း မိတ်​ဆွေများ,မင်္ဂလာပါခင်ဗျာ...

ဒီတပတ်အတွင်းမှာ ​တောင်သူမိတ်​ဆွေ​တွေ ​မေးမြန်း​ဆွေး​နွေးကြတဲ့ အ​ကြောင်းအရာထဲက...

ထူးခြားတဲ့ ​မေးခွန်း​လေးတစ်ခုနဲ့ပတ်သက်လို့ (  ​ဆော့ဖ်ဝဲ မေး​ဖြေကဏ္ဍမှာ ​ဖြေကြားရတာ အားမရလို့) သီးသန့်​ရေးသားတင်ပြလိုက်ပါတယ်။

မေးထားတဲ့သီးနှံက ​ပြောင်းဖူးသီးနှံ...

​မေးခွန်းက,

​ပုံပါအတိုင်း...ပြောင်းရွက်များ နာ​နေပါတယ်  ဆရာ...အဲဒါ  ဘာ​ရောဂါလဲ၊ ဘယ်လိုကုသရမလဲ

ခင်ဗျာ..တဲ့။

စာ​ရေးသူလည်း...သာမန်ကာ လျှံကာမျှ ကြည့်ပြီး...

​နေ​လောင်ဒဏ်ရာ(သို့မဟုတ်)​ဆေး​လောင်တာဖြစ်မယ်၊ ဘာ​ဆေး​တွေဖျန်းထားသလဲ?..လို့ ပြန်​မေး​တော့....

"ဘာမှ ဖျန်းမထားဘူး ဆရာ"..ဆိုမှ...

အပင်​ရောဂါပြလက္ခဏာပုံကို ​သေချာပြန်ကြည့်မိပါတယ်။

တကယ်လည်းပဲ ဒဏ်ရာက ​နေ​လောင်/​ဆေး​လောင်တာလိုလို...

ဘက်တီးရီးယား ရွက်​ခြောက်​ရောဂါလိုလို ..ဖြစ်​နေတာ​တွေ့ရပါတယ်။

ဒီလို လက္ခဏာမျိုး... မြင်ဖူးပါတယ်..

ဘယ်မှာပါလိမ့်..လို့... ပြန်စဉ်းစားကြည့်​တော့မှ..

ယူအက်စ်တက္ကသိုလ်၊ မဂ္ဂဇင်းတခုမှာ ​ရေးထားတဲ့ Nortern corn leaf blight disease အ​ကြောင်း ပြန်သတိရမိသွားတယ်။

ဒါကြောင့်... ဒီအ​ကြောင်းအရာ​လေးကို မိတ်​ဆွေ​တွေအတွက်

ပြန်​ဖောက်သည်ချချင်လို့... ဒီစာစု​လေးကို ​ရေးသားရခြင်းဖြစ်ပါတယ်။

ပြောင်း, ရွက်​ခြောက်​ရောဂါ

  • မြန်မာအမည်         -​ ပြောင်းဖူး ရွက်​ခြောက်​ရောဂါ

  • အင်္ဂလိပ်အမည်      - Maize leaf blight disease

  •                                Northern corn leaf blight (NCLB)

  • Scientific name     - Setosphaeria turcica

  •                               (Exserohilum turcicum)

အ​မေရိက ​မြောက်ပိုင်းတက္ကသိုလ်နယ်​မြေမှာ စတင်​တွေ့ရှိခဲ့လို့ မြောက်ပိုင်း ​ပြောင်း ရွက်​ခြောက်​ရောဂါ..လို့အမည်မှည့်​ခေါ်ဟန်တူပါတယ်။

ယခုလို.​ဆောင်းအကုန်၊ ​နွေအကူးကာလမျိုးမှာ...

နံနက်ခင်း နှင်းကြွင်း​လေး​တွေကျ​နေတဲ့ ​ပြောင်းရွက်​လေး​တွေဟာ ​နွေဦးရဲ့ ပူ​နွေး​ခြောက်​သွေ့တဲ့ ​လေပူ​တွေနဲ့​တွေ့ပြီး ဒဏ်ရာမှတဆင့် ရွက်​ခြောက်​ရောဂါကို ရရှိပြန့်ပွား​စေပါတယ်။

ရောဂါလက္ခဏာ

အစောပိုင်း လက္ခဏာများအ​နေနဲ့.. အရွက်ကြောများနှင့်အပြိုင် ရှည်လျားကျဉ်းမြောင်းတဲ့ ဒဏ်ရာ များ ပေါ်လာပါတယ်။  ရောဂါကြီးထွားလာသည်နှင့်အမျှ ဒီကျဉ်းမြောင်းတဲ့အနာများဟာ ရှည်​မျော​မျောပုံ (သို့မဟုတ်) ဆေးပြင်းလိပ်ပုံသဏ္ဌာန်" ကျယ်ပြန့်လာပါတယ်။

တဖြည်းဖြည်းနဲ့... ဆေးပြင်းလိပ်ပုံသဏ္ဌာန်အနာများက... အချိန်ကြာလာသည်နှင့်အမျှ ပေါင်းစပ်သွားပြီး  ၇ လက်မအရွယ်ထိ ရှည်လျားတတ်ပါတယ်။

သင့်လျော်သောအခြေအနေများမှာ ဒဏ်ရာအတွင်းက မှိုစပိုး​လေး​တွေထုတ်လုပ်နိုင်ပြီး လက်ကိုမှန်ဘီလူးနဲ့ကြည့်ရှုတဲ့အခါမှာ အနက်ရောင် သို့မဟုတ် အစိမ်းနုရောင်အစက်လေးများအဖြစ် ​တွေ့နိုင်ပါတယ်။

​ပြောင်းဖူးမထွက်မီ ​ရောဂါရရင်တော့... အထွက်နှုန်း ၃၀-၅၀ ရာခိုင်နှုန်း ဆုံးရှုံးနိုင်ပါတယ်။

ရောဂါပြန့်ပွား​စေ​သောရာသီဥတု

အပူချိန် ၁၈-၂၇ ဒီဂရီ ဆဲစီးယပ်နဲ့ စိုထိုင်းဆ ၈၀ ရာခိုင်နှုန်းအ​ခြေအ​နေ သို့မဟုတ်  မိုးဆီးနှင်း ဆက်တိုက်ကျမှု​ကြောင့် အရွက်​စိုစွတ်မှု (၈-၁၈ နာရီ) ကြာပါက... ​ပြောင်းဖူးရွက်​ခြောက်​ရောဂါ ကူးစက်​ပျံ့ပွားစေပါတယ်။

(မြန်မာနိုင်ငံ ​ပြောင်းစိုက်အများဆုံးဧရိယာဖြစ်တဲ့ ရှမ်းပြည်နယ်  တခွင်လုံးနဲ့ ဧရာဝတီတိုင်း၊ရန်ကုန်တိုင်းဒေသ​တွေရဲ့ ​​နွေဦးရာသီ ပြောင်းခင်းများအတွက်... အထူးသတိပြုစရာပါ။)

​ရောဂါကူးစက်ချိန်ဟာ ပြောင်းဖူးဆံမြိတ်မထွက်မီ ၂ ပတ် သို့မဟုတ် ထွက်ပြီး၂ ပတ်အတွင်း၊​ပြောင်းဖူးရွက်​တွေ​ပေါ်မှာ ​ရောဂါကျ​ရောက်ပါက အ​စေ့အဆန်ဖြည့်တင်းချိန်မှာ အရွက်များ အစာလုံ​လောက်စွာမချက်နိုင်လို့ အထွက်ဆုံးရှုံးမှု ပိုများနိုင်ပါတယ်။

ဒီ​ရောဂါရဲ့​နောက်ဆက်တွဲအ​နေနဲ့တော့ ​ပြောင်းရိုးတံပုပ်(Stalk rot disease) ​ရောဂါ ဖြစ်​စေတတ်ပါတယ်။

ကြိုတင်ကာကွယ်ရန်နည်းလမ်းများ

  • ​ရောဂါခံနိုင်ရည်ရှိ​သော မျိုး​ကောင်းမျိုးသန့်ကို ​ရွေးချယ်စိုက်ပါ။

  • အပင်အကြွင်းအကျန်များကို ဆွေး​မြည့်​စေပြီးမှ(ရှင်းလင်းပြီးမှ) စိုက်ပါ။ ​(မြေ​ဆောင်​ရောဂါ မဟုတ်လို့၊ မျိုး​စေ့လူး​ဆေးအသုံးပြုလို့ မထိ​ရောက်နိုင်ပါ)

  • အာဟာရ အချိုးမျှတ​အောင်ကျွေးပါ(ယူရီးယား များလွန်းခြင်း ​ရှောင်ပါ)

  • သီးလှည့်စိုက်ပါ( ပဲပုတ်၊ ပဲတီစိမ်း၊ မတ်ပဲ၊​ နေကြာ..စသည်သီးနှံများနဲ့ အလှည့်ကျစိုက်ပါ)

  • အပင်တစ်လသားအရွယ် ထရိုင်ကိုဒါးမားကို သဲနဲ့​ရောပြီး အပင်​ခြေထည့်​ပေးပါ။

  • ဆာလဖာဖျန်း​ပေးခြင်းဖြင့်လည်း ​ရောဂါကာကွယ်မှု ထိ​ရောက်​စေပါသည်။

မှိုသတ်​ဆေးဖြင့်ကာကွယ်နှိမ်နင်းခြင်း

အောက်​ဖော်ပြပါ ​ဆေးအုပ်စုများမှ သင့်​တော်ရာတမျိုး သို့မဟုတ် တမျိုးထက်ပိုပြီးကို အညွှန်းပါအတိုင်း အသုံးပြုနိုင်ပါတယ်။

  • Mancozeb

  • Captan

  • Chlorothalonil

  • Propiconazole

  • Hexaconazole

  • Difenoconazole

  • Azoxystrobin

  • Pyraclostrobin

​စေတနာများစွာဖြင့်

ဒို့ဦး​လေး

Ref >>> Northern corn leaf blight  disease  at Purdue Extension.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

4
မအိအိမျိုး

မအိအိမျိုး

လွန်ခဲ့သော ၁ နှစ် က

ရွက်ခြောက်ရဲ ကောင်းကျိုးဆိုးကျိုးပြောပြပါ

နန်းချယ်ရီ

နန်းချယ်ရီ

လွန်ခဲ့သော ၃ နှစ် က

သိရှိရလို့ကျေးဇူးပါဆရာ

ko ko

ko ko

လွန်ခဲ့သော ၃ နှစ် က

ဟုတ်ပါတယ်ဆရာမနစ်ကဖြစ်ဘူးပါတယ်တစ်အေကကို၁၅ေတာင်းလောက်အထွက်လျော့ပါတယ်နောက်ပိုင်းစိုးစိုးဝါးဝါးကျလာတော့ပင့်ကူနိတွေပါရောက်လာတာပါတယ်ဗျ

Phyo zaw zaw

Phyo zaw zaw

လွန်ခဲ့သော ၃ နှစ် က

ဟုတ်တယ် ဆရာ မေးဖူးပ်တယ် ပြောင်း အရွက်တွေလိပ်ပီး ခြောက်နေလို့ပါဆရာ

You

ဆက်စပ်မေးခွန်းများ

အနှံထွက်ပြိးနောက်ပိုင်းdifenoconazole+astrobinနှစ်ကြိမ်ဖြန်းထားတယ်ဗျထက်ဖြန်းဖို့လိုသေးလားဗျ

သူရစိုး • ဖြေကြားချက် 2 ခု

ကွမ်းရွတ်အောက်မှာ ဒီပိုးကောင်းတွေကို တွေ့ရပါတယ် ဘာပိုးလို့ ခေါ်ပါသလဲ ဘယ်လိုနှိမ်နှင်းရမလဲ အမိုးက တမာရွတ်မိုးပါ

Khing Hein • ဖြေကြားချက် 1 ခု

ဆရာရေ ကျနော့်ကွမ်းပင်က စဖြစ်တာက ပင်ခြေကမဲပြီး အစိမ်းအတိုင်းညိုးပါတယ် နှုတ်လိုက်တဲ့အမြစ်ဆုံက ပုံပါအတိုင်းပါ နှုတ်လိုက်အပင်ရဲ့ဘေးတိုင်မှာစပြီး အရွက်ပုပ်ပါတယ် ကျနော့်ကွမ်းခြံနဲ့ ခန့်မှန်းခြေ ပေ50အကွာသူများခြံမှာ အဲ့လိုဖြစ်ပြီး တစ်ခြံလုံးသေကုန်ပါပြီ ကျနော့်ခြံက ခုမှစဖြစ်တာပါ လေကနေတဆင့် ကူးနိုင်တာလားကျနော့်ဆီမှာရှိတဲ့ဆေးတွေ ပုံပါအတိုင်းပါ ဘယ်ဆေးက ထိရောက်မှုရှိပြီး ဘယ်လိုဖျန်းရမလဲဆရာခင်ဗျ ကုသလို့ရနိုင်ပါသေးလားဗျ အိုဆိုလိုနစ်/ကော့ပါးအောက်ဆီကလိုရိုက်/ကာဆူကာမိုင်စင်/ဟိုင်မီဇာဇိုး/ဒိုင်ဖီနိုကိုနာဇိုး/အဇိုစီစထရိုဘင် စတဲ့ဆေးတွေဝယ်ထားတာရှိပါတယ်

Zaw Myo Win • ဖြေကြားချက် 2 ခု

တိုင်ထောင်ပဲစိုက်ခင်းမှာကြွက်တွေဆိုးဆိုးရွားရွားကျနေလို့ခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ

မောင်ကျော်ခိုင် • ဖြေကြားချက် 1 ခု

မဂ်လာပါဗျကျွန်တော်ရဲ့ခရမ်းမျိုးပင်လေးတွေကပင်ခြေရိပီးသေတာတွေ့နေရတာဘာကြောင့်လဲ ပျိုးဘောင်ကိုအမိုးမိုးထားပါတယ်🌱

bominthu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။