မျောက်ငိုသီးပင် စိုက်ပျိုးနည်း

24/07/2020 11:30 AM တွင် အိစက်ဝေ အိစက်ဝေ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    အစိမ်းရောင်ရှိပြီး ဓညင်းသီးနဲ့ ပုံစံဆင်တူတဲ့ မျောက်ငိုသီးတွေကို အရှေ့တောင်အာရှတဝိုက်နဲ့ အခုနောက်ပိုင်းမှာဆိုရင် မြန်မာနိုင်ငံမှာပါ တွင်ကျယ်စွာ စားသုံးလာကြပြီ ဖြစ်ပါတယ်။ အင်္ဂလိပ်လို ဆိုရင် Stink bean/ Bitter bean/ Twisted cluster bean လို့ခေါ်ကြပြီး မလေးရှားဘာသာစကားအတိုင်း Petai လို့လည်း အမည်တွင်ပါတယ်။ မြန်မာမှာတော့ မျောက်ငိုသီးကို သစ်လိမ်သီး၊ သစ်ကဇော်၊ ဇောင်းသ စသဖြင့် ဒေသအလိုက် အခေါ်အဝေါ်အမျိုးမျိုးနဲ့ ခေါ်ဝေါ်ကြပါတယ်။ ရုက္ခဗေဒအမည်ကတော့ Parkia speciose ဖြစ်ပါတယ်။ ပဲမျိုးရင်းဝင် အုပ်စု (Fabaceae) မှာပါဝင်ပါတယ်။

မူရင်းဒေသ - မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ထိုင်းတောင်ပိုင်း၊ ဖိလစ်ပိုင်။

ရုပ်သွင်ပြင်လက္ခဏာ

     မျောက်ငိုပင်ဟာ ထောင်မတ်ရှည်လျားတဲ့ သစ်မာပင် အမျိုးအစား ဖြစ်ပါတယ်။ နှစ်ရှည်ပင်ဖြစ်ပြီး အပင်တစ်ပင်ကို ပေ ၅၀ ကနေ ပေ ၁၀၀ အထိ အမြင့်ရှိပါတယ်။ အစိမ်းရောင်ရှိတဲ့ အသီးတောင့်ဟာ ရှည်ပြီး အပြားလိုက် လိမ်ကောက်နေပါတယ်။ တချို့က မျောက်ငိုသီးကို ဘောစကိုင်း (အဝေယာ) သီးနဲ့ လွဲတတ်ကြပါတယ်။

ရာသီဥတု

     အပူအအေး သမ မျှတတဲ့ ရာသီဥတုကို ကြိုက်နှစ်သက်ပါတယ်။ ပျမ်းမျှအပူချိန်ကတော့ ၂၀-၂၈ ဒီဂရီ စင်တီဂရိတ် ဖြစ်ပါတယ်။ သို့ပေမယ့် ၁၆-၃၆ ဒီဂရီ စင်တီဂရိတ်အထိ ခံနိုင်ရည် ရှိတယ်လို့လည်း သိရပါတယ်။ သင့်တော်တဲ့ တစ်နှစ်ပတ်လုံးအတွက် ပျမ်းမျှ မိုးရေချိန်ကတော့ ၃-၆ လက်မဖြစ်ပါတယ်။

မြေအမျိုးအစား

     ရေစီးရေလာကောင်းတဲ့ နုန်းမြေ၊ ရွှံ့နုန်းမြေတွေမှာ ကောင်းစွာ ဖြစ်ထွန်းနိုင်ပါတယ်။ ဒါ့အပြင် ရေလွှမ်းတဲ့ မြေတွေမှာလည်း ပေါက်ရောက်နိုင်ကြောင်း တွေ့ရှိရပါတယ်။ သင့်တော်တဲ့ pH ကတော့ ၅.-၇ ပဲဖြစ်ပါတယ်။

စိုက်ပျိုးခြင်း

     များသောအားဖြင့် အစေ့ကနေ ပျိုးထောင်ပြီး စိုက်ပျိုးကြပါတယ်။ ကိုင်းဖြတ် ဆက်နည်း/ အဖူးမြှုပ်ခြင်းနည်းတို့နဲ့လည်း စိုက်ပျိုးနိုင်ပါတယ်။ မျိုးစေ့များကို မြေသြဇာကောင်းစွာ ထည့်သွင်းထားတဲ့ ပျိုးဘောင် (သို့) ပျိုးအိတ်များထဲသို့ ပျိုးထောင်စိုက်ပျိုးထားနိုင်ပါတယ်။ ပျိုးထောင်မယ့်မြေဟာ နွားချေးဆွေး၊ ဖွဲပြာ၊ မြေကြီး တို့ကို ဆတူရောနှောထားတဲ့ မြေမျိုး ဖြစ်ဖို့ လိုအပ်ပါတယ်။ ပျိုးသက် ၁၀လ-၁နှစ် ရှိတဲ့အခါ အမြင့် ၃ပေခန့် ရှိလာတဲ့ ပျိုးပင်ငယ်များကို မြေဆွေးအပြည့် ထည့်ထားတဲ့ ၂ပေ ၃ပေပတ်လည် စိုက်ကျင်းတွေထဲသို့ ပြောင်းရွှေ့စိုက်ပျိုးနိုင်ပြီပဲ ဖြစ်ပါတယ်။ သင့်တော်တဲ့ ပင်ကြားတန်းကြားကတော့ ပေ၃၀ Ž ပေ၃၀ ဖြစ်ပါတယ်။

     ငှက်ပျောကဲ့သို့သော စီးပွားဖြစ် သီးနှံတွေနဲ့ သီးညှပ်စိုက်ပျိုးနိုင်သလို ကော်ဖီစိုက်ပျိုးခြင်းနဲ့ အခြားသောပျိုးခင်းတွေအတွက်လည်း အရိပ်ပင်အဖြစ် အသုံးပြုစိုက်ပျိုးနိုင်ပါတယ်။

မြေသြဇာကျွေးခြင်းနှင့် အပင်ပြုစုစောင့်ရှောက်ခြင်း

     အပင်ငယ်စဉ်မှာ ကွန်ပေါင်းဓာတ်မြေသြဇာ ၁၅ပတ်လည် (NPK - 15:15:15) ကို ၆လတစ်ကြိမ် ကျွေးပေးရပါမယ်။ မျိုးပွားအဆင့်ဖြစ်တဲ့ ပန်းပွင့်ပြီး အသီးသီးတဲ့ အချိန်မျိုးမှာတော့ ကွန်ပေါင်းဓာတ်မြေသြဇာ (NPK - 12:24:12) ကို ၆လတစ်ကြိမ် ကျွေးပေးနိုင်ပါတယ်။ အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် ပေါင်းရှင်းခြင်းကို လည်းလုပ်ဆောင်ပေးရပါမယ်။

     ခူးဆွတ်ရန် သင့်တော်တဲ့ အမြင့်ရှိနေဖို့အတွက် ကိုင်းချိုင်ခြင်းကို အစောပိုင်း အဆင့်တွေမှာ လုပ်ဆောင်ပေးထားသင့်ပါတယ်။ သီးကိုင်းများစေရန်အတွက်လည်း အပင် ငယ်စဉ်ကတည်းက ခေါင်နှိမ်ပြုပြင်ပေးသင့်ပါတယ်။

သီးပွင့်ခြင်းနှင့်ရိတ်သိမ်းခူးဆွတ်ခြင်း

     မျောက်ငိုပင်ရဲ့ ဝတ်မှုန်ကူးခြင်းလုပ်ငန်းစဉ်ဟာ အဓိကအားဖြင့် လင်းနို့တွေနဲ့ လုပ်ဆောင်ပါတယ်။ မျောက်ငိုပင်ဟာ အပင်သက်တမ်း ၅နှစ်-၇နှစ်ဆိုရင် အသီးအပွင့်များ စတင်ရရှိပါတယ်။ ပန်းစပွင့်တဲ့အချိန်ကစပြီး ခူးဆွတ်တဲ့ အချိန်အထိ ကာလဟာ ၂လ ကျော်ကျော်ခန့် ကြာမြင့်တတ်ပါတယ်။ အပင်သက်တမ်းနဲ့ ဖြစ်ထွန်းမှုအပေါ် မူတည်ပြီး တစ်ပင်လျှင် သီးခိုင်ပေါင်း ၅၀ မှ ၂၅၀ အထိ ရှိပါတယ်။ သီးခိုင်တစ်ခုလျှင် အစေ့ ၁၀ စေ့မှ ၁၈ စေ့ ပါပြီး အသီးတောင့် ၇တောင့်မှ အတောင့် ၃၀ အထိ ပါရှိတတ်ပါတယ်။

     တောင်ပေါ်ဒေသတွေမှာ သြဂုတ်လမှစတင်သီးပွင့်လေ့ရှိပြီး၊ ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိဟာ အသီးများ လှိုင်လှိုင်ထွက်ကြတဲ့ ကာလပဲ ဖြစ်ပါတယ်။ မြေပြန့်ဒေသတွေမှာတော့ အသီးအပွင့် နောက်ကျတတ်ပါတယ်။

ကျရောက်လေ့ရှိသော ဖျက်ပိုးများ

  • ပင်စည်သစ်ခေါက်ထိုးပိုး

  • သီးတောင့်ထိုးပိုး

  • အရွက်စားပိုး

  • ငှက်

စားသုံးမှုနှင့် ဈေးကွက်အခြေအနေ

     မျောက်ငိုသီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ မျှတစွာပါဝင်တာမို့ အာဟာရလည်းဖြစ်ပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်တဲ့ ဆေးဘက်ဝင် သီးနှံ တစ်မျိုးပဲ ဖြစ်ပါတယ်။ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ ဆီးချို၊ သွေးချိုရောဂါတွေကို ကာကွယ် ထိန်းညှိပေးပါတယ်။ မျောက်ငိုသီးကို ပုံမှန် စားသုံးရင် ဆရာဝန်နဲ့ ကင်းဝေးတယ် လို့တောင် ပြောကြပါတယ်။

     မျောက်ငိုသီးဟာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ လာအို၊ စင်္ကာပူနိုင်ငံတို့မှာ လူကြိုက်များပြီး နှစ်ခြိုက်ကြတဲ့ သီးနှံတစ်မျိုးပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ထွက်တဲ့ မျောက်ငိုသီးတွေကို အိန္ဒိယနိုင်ငံမှ နှစ်စဉ်ဝယ်ယူလေ့ရှိတယ်လို့လည်း သိရပါတယ်။ ယခုနောက်ပိုင်းမှာဆိုရင် မြန်မာနိုင်ငံတဝှမ်း မျောက်ငိုသီးစားသုံးမှုဟာ တဖြည်းဖြည်း တိုးပွားလာလျက်ရှိပါတယ်။ ဒါကြောင့် မကြာခင်မှာ မျောက်ငိုသီးရဲ့ ပြည်တွင်းဈေးကွက်ဟာလည်း ကျယ်ပြန့်လာနိုင်ဖွယ်ရှိပါတယ်။ ဤသို့ ဈေးကွက်အလားအလာကောင်းပြီး ကျန်းမာရေးအတွက်လည်း အကျိုးပြုတဲ့ မျောက်ငိုသီးပင်ကို စိုက်ပျိုးထုတ်လုပ်ရာတွင် အထောက်အကူဖြစ်စေရန် အလို့ငှာ ယခုဆောင်းပါးကို ရေးသားတင်ပြလိုက်ရပါတယ်။

အိစက်ဝေ 

References

http://animagro.blogspot.com/2011/11/nama-lain-petai.html

https://uses.plantnet-project.org/en/Parkia_speciosa_(PROSEA)

http://tropical.theferns.info/viewtropical.php?id=Parkia+speciosa

ခင်မောင်ဝင်း (စက်မှုသီးနှံ)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်