အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကမ္ဘာနှင့် မြန်မာ့အဓိကဆန်ဝယ်လက် ဖိလစ်ပိုင်၂၀၂၇ တွင် ပြည်တွင်းဆန်ဖူလုံရန် ရည်မှန်း

ကမ္ဘာနှင့် မြန်မာ့အဓိကဆန်ဝယ်လက် ဖိလစ်ပိုင်၂၀၂၇ တွင် ပြည်တွင်းဆန်ဖူလုံရန် ရည်မှန်း

 

ကမ္ဘာ့ဆန်ဝယ်ယူမှုဒုတိယအများဆုံးအဖြစ် ပထမနေရာက တရုတ်နောက်မှာ ရပ်တည်နေသလို မြန်မာနိုင်ငံအတွက်လည်း အဓိကဆန်ဝယ်လက်ဖြစ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၂၇ ခုနှစ်အရောက်မှာ ပြည်တွင်းဆန်ဖူလုံမှု အပြည့်အဝရရှိဖို့ ရည်မှန်းထားကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဖိလစ်ပိုင်ရဲ့ ယခင်အစိုးရအဆက်ဆက် လက်ထက်မှာလည်း ပြည်တွင်းဆန်ဖူလုံမှုရရှိရေး ချိန်ရွယ်ခဲ့ကြပေမဲ့ မူဝါဒလွဲမှားမှုတွေ၊ မိုးလေဝသကြောင့် ဆန်ထုတ်လုပ်မှုကျဆင်းခဲ့တာတွေကြောင့် ရည်မှန်းချက်တော့ မပြည့်မီ ဖြစ်ခဲ့ရပါတယ်။

အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံ ဖိလစ်ပိုင်ဟာ လက်ရှိမှာ နှစ်စဉ် ဆန်တန်ချိန် သုံးသန်းကျော် တင်သွင်းပြီး ပြည်တွင်းဆန်ရောင်းအား ပြည့်မီအောင်နဲ့ ဆန်ဈေးတည်ငြိမ်စေအောင် လုပ်ဆောင်နေရပါတယ်။ အဓိကအားဖြင့်တော့ ဗီယက်နမ်ဆီက ဆန်ဝယ်ယူနေတာပါ။

အသစ်ပြင်ဆင်မွမ်းမံလိုက်တဲ့ ငါးနှစ်စီမံကိန်းထဲမှာ ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာရဲ့ အစိုးရအဖွဲ့က ဆန်အထွက်မြှင့်တင်ရေး "အဓိကမဟာဗျူဟာတွေ" ကို ရေးဆွဲဖော်ထုတ်ထားပြီး အဲဒီဗျူဟာတွေထဲမှာ ဖောက်ပြန်တဲ့ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်စေ‌ရေးနဲ့ ဒစ်ဂျစ်တယ်နည်းပညာအသုံးချမှုတို့ ပါဝင်ကြောင်းသိရပါတယ်။

စိုက်ပျိုးရေးဝန်ကြီးဌာနက ၂၀၂၇ ခုနှစ်မှာ တနည်းအားဖြင့် မားကို့စ်ရဲ့ သမ္မတသက်တမ်းခြောက်နှစ်ပြည့်ဖို့ တစ်နှစ်အလိုမှာ ပြည်တွင်းဆန်ဖူလုံမှုအပြည့်အဝရရှိအောင် လုပ်ဆောင်ဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။ လက်ရှိမှာ သမ္မတမားကို့စ်ကိုယ်တိုင် စိုက်ပျိုးရေးအတွင်းဝန်တာဝန်ကို ရယူထားတာဖြစ်ပါတယ်။

စီမံကိန်းကာလအတွင်း နှစ်စဉ်ပြည်တွင်းဆန်ထုတ်မှုဟာ တန်ချိန် ၂၄ ဒသမ ၉၉ သန်းနဲ့ တန်ချိန် ၂၆ ဒသမ ၈၆ သန်းကြား တည်ငြိမ်စွာရှိနေလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

စီမံကိန်းမှာ နှစ်စဉ်ဆန်ဈေးတက်နှုန်း တစ်ရာခိုင်နှုန်းအောက်မှာ ကန့်သတ်ထားရှိရေး၊ တောင်သူဝင်ငွေ ၅၄ ရာခိုင်နှုန်းတိုးတက်ရေးနဲ့ အရန်ဆန်အလုံအလောက်ထားရှိနိုင်‌ရေးတို့ပါ ပါဝင်ပါတယ်။

လက်ရှိပြည်တွင်းဆန်ရောင်းလိုအားဟာ လုံလောက်နေပြီး အယ်နီညိုကြောင့် ဖြစ်ပေါ်လာမယ့် သီးနှံထုတ်လုပ်မှုစိုးရိမ်သောကတွေကို ဖြေဖျောက်ပေးနိုင်လိမ့်မယ် ဆိုပါတယ်။

ဖိလစ်ပိုင်မှာ ကုန်ဈေးနှုန်းမြင့်တက်အောင် စားသောက်ကုန်ဈေးက အဓိက တွန်းအားပေးနေတာကြောင့် အစိုးရဟာ အထူးသဖြင့် ဆန်ရောင်းအားကို မထိခိုက်စေဖို့ ကြိုးစားနေပါတယ်။

ပြည်ပကနေ ကောက်ပဲသီးနှံတင်သွင်းနေတဲ့ ဖိလစ်ပိုင်စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ကတော့ နိုင်ငံအရန်ဆန်လိုအပ်ချက် ဖြစ်ပေါ်လာနိုင်တာကို အစားဖြည့်ပေးနိုင်ဖို့အတွက် ဆန်တန်ချိန် ၃၃၀၀၀၀ တင်သွင်းရေး အဆိုပြုထားပါတယ်။ သမ္မတမားကို့စ်အနေနဲ့ ဒီအဆိုပြုချက်ကို ခွင့်ပြုမပြု မဆုံးဖြတ်ရသေးကြောင်း သိရပါတယ်။

ဖိလစ်ပိုင်ဟာ အခုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အဓိကဆန်ဝယ်လက်နိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်သလို ပြီးခဲ့တဲ့မတ်လမှာတုန်းကတော့ မြန်မာ့ဆန်တင်ပို့ရာအများဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Major rice buyer Philippines targets self-sufficiency by 2027 - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုး‌စပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ

Nwe Nwe aung • ဖြေကြားချက် 1 ခု

ကွမ်းစိုက်ထားတာလသားအရွယ်မှာပဲသေနေတာ ၃လသားရှိပြီ ပင်ခြေနားကနေအဖြူလေးတွေအလုံးတွေကပ်နေပြီးအမြစ်ပုတ်သေနေတာ ဘာလုပ်ရမလဲဗျာ

JohnSaw • ဖြေကြားချက် 1 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ

Nyan Lwin Tun • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။