ဒူးရင်ပင်တွင်ကျရောက်လေ့ရှိသော ဖိုက်တိုပသိုရာရောဂါ

02/04/2020 17:00 PM တွင် ဖြိုးသဥ္ဇာကျော် ဖြိုးသဥ္ဇာကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 

ရောဂါဖြစ်စေသောသက်ရှိ - Phytophthora palmivora

Phytophthora palmivoraသက်ရှိသည် အပင်အစိတ်အပိုင်းအားလုံးတွင် ကျရောက်လေ့ရှိပြီး ကျရောက်သော အစိတ်အပိုင်းပေါ်မူတည်၍ နာမည်အမျိုးမျိုးခေါ်ဝေါ်လေ့ရှိသည်။ ဒူရင်းပင်၏ ကြီးထွားဖွံဖြိုးမှုအဆင့်တိုင်းတွင် ကျရောက်လေ့ရှိပါသည်။ ၎င်းကျရောက်ခြင်းကြောင့် ဒူးရင်းပင်များသေဆုံးနိုင်သောကြောင့် ကာကွယ်နိုင်နင်းရန်အထူးလိုအပ်ပါသည်။

ပင်ခြေပုပ်ရောဂါ

အမြစ်များတွင် ကျရောက်ခြင်းကြောင့် အပင်များအားနည်းလာပြီး အပင်များသေဆုံးနိုင်ပါသည်။

အနာချိုင့်ရောဂါ

အခေါက်များပေါ်တွင် သစ်စေးကဲ့သို့ အနာကွက်များ စတင်ဖြစ်ပေါ်လာပြီး ရောဂါပြင်းထန်လာပါက အပင်ပတ်လည်လုံးတွင် အနာချိုင့်များ ဖြစ်ပေါ်လာစေပါသည်။ အရွက်များကြွေကျလာပြီး ကိုင်းဖျားများခြောက်လာကာ အပင်သေဆုံးနိုင်ပါသည်။ စိုစွတ်သောရာသီတွင် ကျရောက်လေ့ရှိပြီး အရွယ်ရောက်သောအပင်များတွင် ကျရောက်လေ့ရှိပါသည်။ ရောဂါဖြစ်စေသောသက်ရှိသည် ဒဏ်ရာများ၊ အခေါင်ကွဲနေသောနေရာများ သို့ ပင်စည်ထိုးပိုးများကြောင့်ဖြစ်ပေါ်လာသောအပေါက်များမှတဆင့် ဝင်ရောက်နိုင်ပါသည်။

သီးပုပ်ရောဂါ

အသီးများတွင် ကျရောက်လေ့ရှိပြီး အသီးမရင့်မှည့်မီနှင့် ရင့်မှည့်ပြီးသောအသီးများတွင် ကျရောက်လေ့ရှိပါသည်။ အသီးပေါ်တွင် ရေစိုနာကွက်များစတင်ဖြစ်ပေါ်လာပြီး အသီးများခြောက်လာကာ အမဲရောင်(သို့မဟုတ်)အညိုရောင်သို့ပြောင်းသွားပါသည်။ အနာကွက်ပေါ်တွင် မှိုမျှင်စုများကိုတွေ့ရှိရပါသည်။ ရောဂါကျရောက်မှုကြောင့် အသီးများမရင်မှည့်မီတွင် ကြွေကျနိုင်ပါသည်။

ရွက်ခြောက်ရောဂါ

များသောအားဖြင့် ပျိုးခင်းများတွင် ကျရောက်လေ့ရှိပါသည်။ အရွက်များပေါ်တွင် ရေစိုနာကွက်များကို တွေ့ရပြီးအရွက်များ အမဲရောင်ပြောင်းသွားပါသည်။

ရောဂါကျရောက်သောအခင်းတွင် အရွက်များကြွေကျနေသည်ကို တွေ့ရပါသည်။

ကာကွယ်နိုင်နင်းနည်း

-စိုက်နည်းစနစ်၊ ရေပေးသွင်းမှု၊ ပေါင်းမြက်နှိမ်နင်းခြင်းတို့ကို စနစ်တကျလုပ်ဆောင်ရန် လိုအပ်ပါသည်။

-မြေကြီး၏ ချဥ်ငံဓါတ်ကို ၅.၅ မှ ၆.၅ အတွင်းတွင်ထားရှိသင့်ပါသည်။

-ကိုင်းခြောက်များဖယ်ရှားခြင်း နှင့်ကိုင်းချိန်ခြင်းကိုလည်း စနစ်တကျလုပ်ဆောင်သင့်ပါသည်။

-ရေမဝပ်စေရန် ရေထုတ်မြောင်းများကိုလည်း စနစ်တကျထားရှိရပါမည်။

-ရောဂါကျရောက်နေသော အပင်အစိတ်အပိုင်းများကို မီးရှို့ဖျက်ဆီးခြင်းကို လုပ်ဆောင်သင့်ပါသည်။

-ပင်စည်တွင်ဒဏ်ရာရှိပါက ပင်လုံးပြန့်ဆေးကို သုတ်လိမ်းပေးရန် လိုအပ်ပါသည်။

-ထရိုင်ဂိုဒါးမားမှိုကို အသုံးပြု၍ ကာကွယ်သင့်ပါသည်။

-မိုးရာသီတွင်ဓာတုဆေးများကို စနစ်တကျ အသုံပြုရန်လိုအပ်ပါသည်။

-မက်တလက်ဇီ၊ ဖော့စတိုင်းအေအိုင် အစရှိသည်တို့ကို စနစ်တကျအသုံးပြုရန်လိုအပ်ပါသည်။

ဖြိုးသဥ္ဇာကျော်

ကိုးကား

https://www.cropsreview.com/phytophthora.html

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်