"ငါးပါးနီ (Red snapper fish)"

10/02/2020 13:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 ငါးပါးနီငါးမှာ ရေအောက်ကြမ်းပြင်နေ (demersal fish)များ ဖြစ်ကြပြီး ရေအောက်ငါးများ၏ ထူးခြားချက်မှာ ငါးစီဖောင်း(swimbladder or fish maw)ပါရှိခြင်းဖြစ်သည်။ ရေအောက်ငါးဖြစ်သော ငါးပါးနီမှာ အရည်အသွေးကောင်းမွန်သော ငါးဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းဘက်တွင် တွေ့ရများပါသည်။

 ငါးပါးနီဆိုသည်အတိုင်း ငါးအရောင်မှာ အနီရောင်သန်းလျက်ရှိပြီး လှပသည့်ငါးမျိုးစိတ်တစ်ခုလည်း ဖြစ်ပေသည်။ ကမ္ဘာပေါ်တွင် ငါးပါးနီမျိုးစိတ်ပေါင်း(၁၁၃)ခုရှိကြပြီး ငါးပါးနီအမမှာ အသက်()နှစ်ခန့်တွင် သန္ဓေဆောင်ကြသည်။ တစ်ကြိမ်လျှင် ဥပေါင်း()သောင်းခန့် ဥ ဥနိုင်ကြပါသည်။

 ငါးပါးနီငါးများမှာ ဆေးဖက်ဝင်သည့် ငါးအမျိုးအစားထဲတွင် ပါဝင်ပြီး ကျန်းမာရေးအတွက် အလွန်ကောင်းမွန်သော ငါးလည်း ဖြစ်ပါသည်။ ကျန်းမာရေးအတွက် ကောင်းကျိုးတွေအပြင် ငါးပါးနီငါး၏ ပင်ကို အရသာမှာ အခြားငါးတွေထက် အသားပိုမိုနူးညံ့ပြီး ပိုချိုသော အရသာကို ခံစားရရှိနိုင်ပါသည်။

 ငါးပါးနီငါးတွင် ကျန်းမာရေးအထောက်အကူပြု - (1) Protein and Calories, (2) Calcium, (3) Omega – 3 fatty acid (4) Selenium တို့ပါဝင်ပါသည်။

 ငါးပါးနီငါးတွင်

 (1) Protein and Calories ပါဝင်မှု 100 g တွင် 128 cal ပါဝင်ပါသည်၊ Protein 26 g နှင့် Cholesterol 47 mg ပါဝင်ပါသည်။ ဒါ့ကြောင့် 2000 Calနှင့် diet လုပ်သူများအတွက် ငါးပါးနီငါးဟာ သင့်တော်ပြီး ()ပတ်လျှင် အနည်းဆုံး ()ကြိမ် စားသုံးသင့်ပါသည်။

 (2) Calcium အနေနှင့် ငါးပါးနီတွင် Vitamin D နှင့် Vitamin E တို့ ကြွယ်ဝစွာ ပါဝင်သဖြင့် အရိုးပွ၊ အရိုးပါးရောဂါများအတွက် အထောက်အကူပြုပါသည်။

 (3) ငါးပါးနီငါးတွင် Omega – 3 fatty acid ကြွယ်ဝစွာပါဝင်သဖြင့် နှလုံးရောဂါဖြစ်ပွားမှုနှင့် သွေးတွင်း အဆီဓါတ်များမှုကိုလည်း သိသိသာသာလျှော့ချပေးစေနိုင်ပါသည်။

(4) ငါးပါးနီငါးတွင် လူတို့၏ တစ်နေ့တာ Selenium လိုအပ်ချက် (၇၀) ရာခိုင်နှုန်း ထိ ပါဝင်နေသဖြင့် ခန္ဓာကိုယ်အတွင်း DNAပျက်စီးမှုကြောင့်ဖြစ်စေသည့် ကင်ဆာရောဂါနှင့် နှလုံးရောဂါပျက်စီးမှုကိုလည်း တားဆီးပေးပါသည်။

 ငါးပါနီငါးမှာ 1 kg ကို 4000 – 5000 kyats ဝန်းကျင်ရှိပါသည်။ ငါးပါးနီငါးကို ကုန်းဘောင်ကြော်၊ ငါးပါးနီကောင်လုံးကြော်၊ ငါးပါးနီခဲပတ်ငါးကင်၊ ဆားကြမ်းကင်၊ ငါးပါးနီထမင်းကြော်၊ ငါးပါးနီပေါင်း၊ ငါးပါးနီတော့ပုကီ၊ ငါးပါးနီအစပ်ဟင်းများအပြင် ငါးပါးနီငါးကို ကြော်ပြီး BBQ Sauceနှင့် ပြန်ချက်ကာ မန်ကျည်းရည်လေး အုပ်ပါက ငါးမကြိုက်သူထွေတောင် ကြိုက်သွားစေနိုင်သည် ဟုသိရပါသည်။ ဆေးဘက်ဝင်ပြီး အခြားငါးတွေထက် အသားနူးညံ့ကာ အရသာ ပိုချိုသော ငါးပါးနီငါးဖြစ်ပါသည်။

 ပင်လယ်ပြာ (ငါးဦးစီးဌာန)

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်