ပြည်ပပို့ကုန် ကဏန်းပျော့မွေးမြူရေး အပိုင်း(၂)
ကဏန်းပျော့၏ သဘာဝ
ကဏန်းပျော့တွင် သဘာဝကဏန်းပျော့နှင့် မွေးမြူရေးကဏန်းပျော့ဟူ၍ ရှိကြပါသည်။ ရေငန်ကဏန်းများမှာ ပုံမှန်အတိုင်းဆိုပါက ရက်ပေါင်း (၄၅) ရက်မှ ရက် (၉၀) အတွင်း အရေခွံလဲတတ်ကြပါသည်။

ယင်းအပြင် ကဏန်းများမှ မိမိခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းတစ်ခုခု(ဥပမာ-လက်ချောင်းလေးများ တစ်နေရာရာတွင် ကျိုးပဲ့သွားပါက) လည်း အရေခွံလဲကြပြီး သူတို့ခန္ဓာကိုယ်ကလည်း မူလအတိုင်း အကောင်းပြန်ဖြစ်သွားတတ်ကြပါသည်။
သဘာဝကဏန်းပျော့တွင်မူ ကဏန်းအမ အရေခွံလဲပြီဆိုတာနှင့် ကဏန်းထီးက သူ့ခြေလက် ၅ စုံဖြင့် ကဏန်းမတစ်ကောင်လုံးကို ဖက်တွယ်ထားပြီး အချိန်ပြည့် အကာအကွယ်ပေးထားပါသည်။
ကဏန်းအမ အရေခွံမာလာပြီဆိုပါက ကဏန်းဖိုက အခွံမာကို ခွာချပေးပါသည်။ ယင်းရက်များတွင် ကဏန်းအထီးက အစာလုံးဝ မစားဘဲ ကဏန်းမကို စောင့်ရှောက်ပေးပါသည်။ သို့သော် ကဏန်းထီး အရေခွံလဲလျှင်မူတော့ ကဏန်းအမ ရောက်လာပြီး ကဏန်းထီးတစ်ကောင်လုံးကို သူ့လက်မဖြင့်ညှပ်ပြီးစားပစ်လေ့ ရှိကြပါသည်။ ထိုကား သဘာဝကဏန်းပျော့များ အရေခွံလဲခြင်း ဖြစ်ပါသည်။
မွေးမြူရေးကဏန်း အခွံလဲပြီးပါက ၈ နာရီ အတွင်း အခွံများက ပြန်မာသွားတတ်သလို အခွံလဲပြီးပြီးချင်း ရေချိုနဲ့စိမ်ခံရပါက အခွံကပျော့နေပြီး ရေငန်ပြန်စိမ်လိုက်လျှင်မူ အခွံပြန်မာသွားပါသည်။
ထို့ကြောင့် ကဏန်းပျော့မွေးမြူကြတဲ့သူများအနေဖြင့် အရေခွံလဲပြီး ပျော့နေသည့်ကဏန်းများ ပြန်ပြီး မမာသွားရအောင် အချိန်နှင့်တပြေးညီ စစ်ဆေးနေရပါသည်။ အများအားဖြင့် ကဏန်းပျော့ မွေးမြူရေးတွင် သဘာဝအတိုင်း အရေခွံလဲတာကိုပဲ စောင့်ဆိုင်းပြီး လုပ်ကိုင်ကြရပါသည်။
အိမ်နီးချင်းနိုင်ငံများက ကဏန်းပျော့မွေးမြူသူတွေကတော့ အချိန်တိုအတွင်းမှာ စီးပွားဖြစ် အများကြီး မွေးမြူလို့ရရှိနိုင်အောင် ခြေလက်တွေကို တမင်ချိုးဖဲ့ပြီးမှ လုပ်ဆောင်ကြပါသည်။ ကဏန်းပျော့အောင် မွေးမြူဖို့ဆိုပါက ပလတ်စတစ်ခြင်း တစ်ခုစီတွင် ကဏန်းတစ်ကောင်ပဲ ထည့်ရပါသည်။ ခြင်းတစ်လုံးထဲတွင် အထီး၊ အမ ရောမထည့်ရပါ။ အကြောင်းရင်းမှာ အစာအတွက် အထီးက အမ၏စားသောက်ခြင်းကို ခံရပြီးသေဆုံးနိုင်သောကြောင့်ဖြစ်သည်။
အထက်ဖော်ပြပါအချက်များမှာ ကဏန်းပျော့အရေခွံလဲခြင်းကို ဗဟုသုတအနေဖြင့် ပြောပြခြင်းဖြစ်ပါသည်။
ကဏန်းအသက်အရွယ်အလိုက် အခွံလဲနှုန်း
ကဏန်းပျော့ထုတ်လုပ်ရာတွင် ကဏန်းတိုင်းမရဟု ဆိုပါသည်။ ကဏန်းအရေခွံလဲရာတွင် ၄င်းတို့၏အရွယ်ပေါ် မူတည်ပါသည်။ ကဏန်းစျေးကွက်၌ အသက်အရွယ်ကို အလေးချိန်ဂရမ်ဖြင့် သတ်မှတ်ကြပါသည်။
ကဏန်းအသက်အရွယ်အလိုက် အခွံလဲနှုန်းမှာ အလေးချိန် ၇၀ ဂရမ်မှ ၁၀၀ ဂရမ်အတွင်းက ၁၅ ရာခိုင်နှုန်း၊ အလေးချိန် ၁၀၀ ဂရမ်မှ ၁၅၀ ဂရမ်အတွင်းက ၃၅ ရာခိုင်နှုန်း၊ အလေးချိန် ၁၅၀ ဂရမ်မှ ၂၀၀ ဂရမ်အတွင်းက ၁၅ ရာခိုင်နှုန်းသာ အခွံလဲတတ်ကြပါသည်။
ရေထရက်တွင် ကဏန်းပျော့အထွက်များကြောင်း သိရပါသည်။ အလေးချိန် ၂၀၀ ဂရမ်ကျော် ကဏန်းကြီးများမှာမူ အခွံလဲမှု နှေးကွေးသောကြောင့် ကဏန်းပျော့မွေးမြူရန် တွက်ခြေမကိုက်ကြတော့သဖြင့် အခွံမာအနေဖြင့်သာ ရောင်းဝယ်ကြပါသည်။
ကဏန်းကုန်ကြမ်းရရှိမှု
ကဏန်းပျော့မွေးမြူရန် အလေးချိန် ၁၀၀ မှ ၁၅၀ ဂရမ် (ကျောခွံအလျှား ၂ ဒသမ ၅ လက်မဝန်းကျင်) အရွယ်ကိုသာ ဝယ်ယူမွေးမြူရပါသည်။ ကဏန်းကုန်ကြမ်းကို လပွတ္တာ၊ ဖျာပုံ၊ ရခိုင်ကမ်းရိုးတန်းတို့မှ ဝယ်ယူစုဆောင်းကြရသည်ဟု သိရပါသည်။
ဤသို့ ပင်လယ်ကမ်းခြေလတာပြင်တွင် သဘာဝအလျောက် ပေါက်ဖွားနေသော ကဏန်းများကို ဖမ်းဆီးမွေးမြူထုတ်လုပ်နေရခြင်းကြောင့် ကြာလျှင် ကဏန်းသယံဇာတလျော့နည်းလာပေတော့မည်။
ထို့အတွက် ကဏန်းမျိုးထိန်းသိမ်းနိုင်ရန် ငါးလုပ်ငန်းဦးစီးဌာန၏ အကူအညီဖြင့် ဖျာပုံနှင့် လပွတ္တာမြို့နယ် ရေချိုရေငန်စပ်ကမ်းခြေတို့တွင် ပုဂ္ဂလိက ကဏန်းမွေးမြူရေးများ လုပ်ဆောင်လာကြပါသည်။
ထိုသို့မွေးမြူမှုများမှသာလျှင် ကဏန်းမျိုးဆက် မပြုန်းတီးဘဲ ကဏန်းမှ တန်ဖိုးမြင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်ပြီး နိုင်ငံခြားဝင်ငွေလည်း ပိုမိုရရှိနိုင်မည်ဖြစ်ပါကြောင်းလေ့လာရေးသားလိုက်ရပါသည်။
အပိုင်း(၁) ကို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://greenwaymyanmar.com/posts/Soft_shell-crab_Farming_1
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
sar law eh gay
လွန်ခဲ့သော ၃ နှစ် ကဂဏန်းကိုသားဖောက်စနစ်နဲ့လုပ်လို့ရလာ
နှင်းဖြူဖြူ
လွန်ခဲ့သော ၃ နှစ် က၀၉.၇၉၉၉၃၉၀၉၁ ကိုဖုန်းဆက် မှာကြည့်ပါ
Nay Aung
လွန်ခဲ့သော ၃ နှစ် ကဂဏန်းမွေးချင်လို့ ပလစတစ်ခြင်း ဘယ်မှာရနိုင်မလဲခဗျာ
ဆက်စပ်မေးခွန်းများ
စိုက်ပျိုးရေးတွက်သုံးရေကန်ပါ ငါးထည့်မွေးချင်လို့ဘာငါးမွေးရင်အဆင်ပြေလဲဗျ
ဉီးထွန်း၀င်း • ဖြေကြားချက် 1 ခု
ရွှံ့ဂဏန်းဘယ်လိုမွေးလည်း။အကြယ်အဝန်းဘယ်လောက်ဆိုရလည်း။
အောင်ပိုင်ထွေး • ဖြေကြားချက် 1 ခု
ငါး
Zaw Win Htut • ဖြေကြားချက် 0 ခု
ငါးမွေးမြူဖို့ဘာတွေသိထားသင့်လဲ အခုမှစလုပ်မှာမို့လို့ပါ
Shine Trading And Manufacturing • ဖြေကြားချက် 3 ခု
ငါးခူမွေးချင်တယ် တာပေါ်လင်ကန်နဲ့ပါ မွေးမြူရေးနည်းပညာနဲ့ စနစ်တကျမွေးမြူပြီး ရေအနေအထားတွေဘယ်လိုပြင်ဆင်ရမလဲ သိချင်ပါတယ်။
Aung Lay • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၆)
06/10/2026
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026