သတိထားရမယ့် မုန်တိုင်းမျက်စေ့(Storm eye) သဘောတရား
မကြာခင်နာရီပိုင်းမှာ အားအလွန့်အလွန်ကောင်း ဆိုင်ကလုန်းမိုချာဟာ စစ်တွေအနီးကနေ ကုန်းတွင်းကို ဖြတ်ဝင်တော့မှာဖြစ်ပါတယ်။ ဒီလိုဖြတ်ဝင်ချိန်မှာ သတိပြုသင့်တာတွေထဲကတစ်ခုကတော့ မုန်တိုင်း မျက်စေ့ရဲ့သဘောတရားပဲဖြစ်ပါတယ်။ တကယ်လို့ တစ်နာရီ မိုင် ၁၃၀ အထက်နဲ့သာ ဝင်လာရင် မုန်တိုင်းမျက်စေ့ဆိုတာပါလာနိုင်လို့ သူနဲ့ပတ်သက်ပြီး သတိထားသင့်တာတစ်ချက်ကို မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်ရှင်းပြထားတာကို ဖော်ပြပေးလိုက်ပါတယ်။
‘ မုန်တိုင်းရဲ့ရှေ့ပိုင်း ကုန်းတွင်းဝင်ပြီးတဲ့အခါ မုန်တိုင်းမျက်စေ့ဝင်လာရင် ရုတ်တရက် လေငြိမ်ပြီး ကောင်းကင်ကြည်လင်သွားနိုင်ပါတယ်။ ဒီအချိန်မှာ မုန်တိုင်းပြီးပြီအထင်နဲ့ အပြင်မထွက်မကြပါနဲ့။ မိနစ် ၂၀၊ ၃၀ ခန့်မှာ မုန်တိုင်းနောက်ပိုင်း(အမြီးပိုင်း) က အားပိုကောင်းပြီး ထပ်မံတိုက်ခတ် လာနိုင်ပါမယ်’ (ဦးဝင်းနိုင်သတိပေးချက်)
မုန်တိုင်းမျက်စေ့ဆိုတာက...
"မုန်တိုင်းမျက်စေ့ဆိုတာကတော့ တိမ်တွေလည်တဲ့အခါမှာ အောက်ကိုဆွဲချသွားတာတွေရှိတယ်။ အထက်ကို ဆွဲတင်သွားတာတွေ ရှိတယ်။ အဲ့မှာ လေတိုက်နှုန်းတအားပြင်းလာတဲ့အခါမှာ တစ်နာရီကို ၁၃၅ မိုင် ၁၄၀ လောက်ဖြစ်သွားတဲ့အခါမှာ အလယ်မှာ မုန်တိုင်းမျက်စေ့ဆိုတာပေါ်လာတယ်။ ဒါပေမဲ့ အဲ့ဒီမုန်တိုင်းမျက်စေ့နေရာမှာ လေတိုက်နှုန်းလုံးဝမရှိဘူး။ ဇီးရိုး"
“ အဲ့တော့ မုန်တိုင်းတစ်လုံးက မုန်တိုင်း မျက်စေ့ပေါ်နေရက်နဲ့ ကုန်းတွင်းကို ဖြတ်ဝင်တယ်ဆိုပါစို့။ ဆိုတော့ အခု မုန်တိုင်းကျပြီ။ တိမ်တွေလည်း ဖုံးနေပြီဆိုတဲ့ အနေအထားကြီးကနေ မုန်တိုင်းဖြတ်ပြီးဝင်ပြီဆိုရင် လေတွေတိုက်၊ မိုးတွေမှောင်နေတာ ပေါ့နော်။ ဒါပေမဲ့ မုန်တိုင်းမျက်စေ့နေရာလည်းရောက်ကော လေတွေလည်းရုတ်တရက်ငြိမ်သွားတယ်။ နေတွေကိုလည်း ပြန်မြင်နေရတယ်။ တိမ်တွေလည်းမရှိတော့ဘူး။ အဲ့တော့ မုန်တိုင်းမျက်စေ့ စပြီးမမြင်ရခင် မုန်တိုင်းဝင်လာတဲ့အနေအထားမှာဆိုရင် အပေါ်မှာက ညာဘက်ကလေက ဘယ်ဘက်ကိုတိုက်နေတာပေါ့နော်။ အဲ့ဒီအချိန်မှာ လင်းသွားတယ်။ ငြိမ်သွားတယ်။ ရုတ်တရက် ပြန်မှောင်လာပြီး လေပြန်တိုက်လို့ရှိရင်တော့ လေတွေက ဘယ်ဘက်ကနေ ညာဘက်ကို ပြန်တိုက်တယ်။ တစ်နာရီကို ၁၃၀၊ ၁၄၀ အောက် ကျသွားရင်တော့ ဒီမုန်တိုင်းမျက်စေ့က ပျောက်သွားမှာ”
Photos Crd_ U Win Naing, မိုး/ဇလ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
Thatthat Mon
လွန်ခဲ့သော ၃ နှစ် ကရန်ကုန်ရောလေတိုက်နိုင်လားရှင့်
ဆန်းဝင်း
လွန်ခဲ့သော ၃ နှစ် ကကချင်ပြည်နယ်မှာတော့မိုးအဆက်မပျတ်ရွာနေတယ်
Ko Thet..
လွန်ခဲ့သော ၃ နှစ် ကပွင့်ဖြူမှာတော့ချောင်းမြောင်းရေလျံကျိုးအတော်ဆိုးတဲ့မိုခါူ
ဖြူဖြူဝင်း
လွန်ခဲ့သော ၃ နှစ် ကကျုံပျော် ခရိုင်ကြောင်ရိုမှာလေတိုက်တယ်လေပြင်တယ်
ဆက်စပ်ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
အခုဆောင်းရာသီအတွက် ခရမ်းချည်စိုက်ချင်လို့ပါ။ ဘယ်လမှာ စစိုက်ပီး ဘယ်လိုမျိုးမျိုးစိုက်သင့်လဲရှင့် မြေပြင်ကို ဘာတွေလုပ်သင့်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 0 ခု
မတ်ပဲအမြစ်ပွားအပင်သန်အောင်ဘာဆေးသုံးရမလဲ
Sawsamson • ဖြေကြားချက် 0 ခု
မင်းဧရာ ဆရာ/ရေအစိုဓါတ်အနေအထားဘယ်လောက်ပေးဖို့လိုလဲဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
တစ်ပင်းလုံးညိုးခြောက်သေဆုံးရပါသလဲ တစ်ပင်ပြီးတစ်ကူးစပ်သကဲ့သို့ သေဆုံးလျက်ရှိပါတယ် ဘယ်လိုဆေးမျိုးသုံးရမလဲ
Cybergreen • ဖြေကြားချက် 2 ခု
ပဲးခူအနောက်ခြမ်း မာ မိုးစပါ ရိတ်ခြွေစက် ခ ဘဟ်လောက်ရှိလည်းဗျိုု့ ရိပ်ပြီသား လူတေရှိရင်အော်ခဲ့ ပါအုန်း ဘယ်နယ်မာ ဘယ်စျေးနဲ့ ရိတ်ပါတယ် ဆိုတာလေး လည်း ပြေားခဲ့ ပါအုန်းနော် မင်းလှပိုင် စစ်ကွင်းမာတော့ ၁ဧက ၂သိန်း စျေးနဲ့ ယူနေကြတယ် ဗျို့ စပါးကလည်း မြတ်တေမနိုင် စပါးကမထွက်
ကိုကို • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026