အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဝက်စာတွင်ပါဝင်ရမည့် အာဟာရဓာတ်များနှင့် အချိုးအစားများ အပိုင်း(၁)

ဝက်စာတွင်ပါဝင်ရမည့် အာဟာရဓာတ်များနှင့် အချိုးအစားများ အပိုင်း(၁)

ဦးဇော်(dof)
ဦးဇော်(dof) • 16/09/2022

ဝက်မွေးမြူသူများအနေဖြင့် ဝက်များ၏ကြီးထွားနှုန်းနှင့် သားပေါက်နှုန်းကောင်းမွန်ရန် ၊ ကျန်းမာသန်စွမ်းစေရန် အတွက် အာဟာရဓာတ် စုံလင်စွာပါရှိသော အစားအစာများကို ကျွေးမွေးပေးရန် လိုအပ်ပါသည်။ 

ဝက်များသည် ကြီးထွားနှုန်းမြန်သည့် တိရစ္ဆာန်ဖြစ်သည့်အတွက် ၎င်းတို့၏ ကြီးထွားနှုန်းပုံမှန်ရှိစေရန် လုံလောက်သောအာဟာရပါဝင်သည့် အစားအစာများကို ကျွေးမွေးပေးရမည် ဖြစ်သည်။

ဝက်များအတွက် အဓိကလိုအပ်သော အာဟာရများမှာ -

  • (၁) အာဟာရစွမ်းအင် (Energy) အသားဓာတ်( Protein) နှင့်
  • (၂) အမိုင်နိုအက်စစ်တစ်မျိုးဖြစ်သည့် လိုင်စင်း(Lysine) အာဟာရဓာတ်များဖြစ်ပြီး

လုံလောက်စွာကျွေးမွေးရန် လိုအပ်ပါသည်။

အာဟာရစွမ်းအင်သည် ဝက်များရှင်သန်နိုင်ရန်နှင့် ကြီးထွားရန်အတွက်သာမက သားပေါက်နှုန်းကောင်းမွန်ရန်အတွက်လည်း လိုအပ်လှပေသည်။

အသားဓာတ်(Protein) နှင့် အမိုင်နိုအက်စစ်(Amino acid) 

အသားဓာတ်(Protein) သည် ဝက်များကြီးထွားမှုနှင့် အသားဖြစ်ပေါ်စေမှုအတွက် လိုအပ်ပါသည်။ အသားဓာတ်၏ အခြေခံအုတ်မြစ်များမှာ အမိုင်နိုအက်စစ်(Amino acid) ဖြစ်သည်။ ဝက်စာထဲတွင် အမိုင်နိုအက်စစ်တစ်မျိုးချင်းအလိုက်  ပါဝင်မှုနှုန်းသည် ဝက်အာဟာရအတွက် အလွန်ပင်အရေးကြီးပါသည်။

အစာခွက် 

အစားအစာသည် အရေးကြီးသကဲ့သို့ အစာခွက်လုံလောက်မှုရှိရန်မှာလည်း အရေးကြီးလှပါသည်။ အစာခွက်လုံ လောက်မှုမရှိပါက ဝက်များကြီးထွားနှုန်း မညီတော့ဘဲ အရည်အသွေးညံ့သော ဝက်များစွာ တွေ့ရမည်ဖြစ်ပါသည်။ 

၈ ပတ်သားအရွယ် ဝက် ၁ ကောင်အတွက် အစာခွက် အလျား(၁.၅)ပေ၊ အသားတိုးဝက်အတွက်(၂) ပေနှင့် ဝက်ကြီးများအတွက် (၃) ပေ စသဖြင့် ထားပေးမှသာ ဝက်များတစ်ပြိုင်နက် အစာစားနိုင်မည်ဖြစ်ပြီး ကြီးထွားနှုန်းညီမည်ဖြစ်ပါသည်။

ဝက်စာရောစပ်ခြင်း

ဝက်အစာရောစပ်ရာတွင် ဝက်များ၏ အသက်အရွယ်ကိုလိုက်ပြီး အာဟာရပါဝင်မှုအချိုးကို ထည့်သွင်းစဉ်းစားရ မည် ဖြစ်ပါသည်။ 

ဝက်များအသက်အရွယ်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်တွင်း အဆီပါဝင်မှု တိုးမြင့်လာပါသည်။ အလေးချိန် နည်းသော ဝက်ငယ်များသည် အချိန်စီးသော ဝက်ကြီးများနှင့် နှိုင်းယှဉ်ပါက အဆီပါဝင်မှုနည်းပြီး အသားပါဝင်နှုန်း ပိုပါသည်။

ထို့ကြောင့် ဝက်ငယ်များ၏အစာတွင် ခန္ဓာကိုယ်၏ အာဟာရလိုအပ်ချက်အရ အမိုင်နိုအက်စစ် ပိုမိုလိုအပ်ပါသည်။

(အပိုင်း-၂ တွင် ဝက်စာတွင်ပါဝင်ရမည့် အစာအမျိုးအမည်များနှင့် အချိုးအစားများကို ဖော်ပြပေးပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

ဝက်အစာစပ်နည်း

ဝက်အစာစပ်နည်း

4
ကျော်ဌေး

ကျော်ဌေး

လွန်ခဲ့သော ၃ နှစ် က

ဝက်ကျွေးဖို့နေဗီယာမြက်ချဥ်ဖတ်စိမ်နည်းလေးတင်ပေးပါလားဆရာ

toetoe

toetoe

လွန်ခဲ့သော ၃ နှစ် က

၂၅၁လည်းကောင်းပါတယ်

ဦးဇော်(dof)

ဦးဇော်(dof)

လွန်ခဲ့သော ၄ နှစ် က

အပိုင်း -၂ မှာ ပါပါမယ်ခင်ဗျ

U Kyi Lin

U Kyi Lin

လွန်ခဲ့သော ၄ နှစ် က

751ကျွေးတာကောင်းပါသလားခင်ဗျာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဥစားဘဲ (ထိုင်း) မွေးမြူရေးနှင့် အကောင်တစ်ရာလျှင် ဥနှုန်းကောင်းမွန်စေရန် အစာစပ်ပုံများအကြောင်းကို သိရှိလိုပါသည်ခင်ဗျ။

ဦးအာကာမင်း • ဖြေကြားချက် 1 ခု

နွားဝစေရန်ရန်ဆေးနည်းလေးရှိရင်ပြောပြပါ

Min Maung • ဖြေကြားချက် 2 ခု

ဆိတ်စာချဉ်ဖတ် လုပ်လို့ရတယ်ပြောကြတယ်။ ဘယ်လိုလုပ်ရသလဲ ပြောပေးပါ။

Min Soe • ဖြေကြားချက် 1 ခု

ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း

Kyaw Thu Lin • ဖြေကြားချက် 1 ခု

Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ

ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။