ရောဂါဘယကင်းဝေးဖို့ ယင်လုံအိမ်သာ စနစ်တကျ အသုံးပြုကြစို့

28/12/2022 18:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့အဆိုအရ ဝင်ငွေနိမ့်နဲ့ အလယ်အလတ်ဝင်ငွေသာရှိတဲ့ နိုင်ငံတွေမှာ သောက်သုံးရေမလုံလောက်မှု၊ ရေနဲ့ပတ်ဝန်းကျင် မသန့် ရှင်းမှု၊ အစားအသောက် မသန့်ရှင်းမှုတို့နဲ့ ဆက်စပ်ပြီး ဖြစ်ပွားတဲ့ရောဂါတွေကြောင့် နှစ်စဉ်သေဆုံးနေရသူ ၈၂၉၀၀၀ လောက်ရှိနေပါတယ်တဲ့။ အဲ့ဒီထဲက ၆၀ ရာခိုင်နှုန်းလောက်ကတော့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေကြောင့် သေဆုံးကြရတာပါ။ 

မသန့်ရှင်းမှုတွေ ဖြစ်ရတဲ့ထဲမှာ ယင်လုံအိမ်သာမရှိမှု၊ စနစ်တကျမသုံးစွဲမှု တွေကလည်း ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီလိုမသန့်ရှင်းမှုတွေကနေ ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါ လိုမျိုး ဝမ်းပျက်ဝမ်းလျှောရောဂါတွေ၊ နောက်ထပ် တိုက်ဖွိုက်၊ ပိုလီယိုနဲ့ အူလမ်းကြောင်း ဆိုင်ရာရောဂါတွေထိ ပျံ့နှံ့စေနိုင်တယ်လို့လည်း WHO က ဆိုထားပါတယ်။

အထက်ပါအချက်တွေကို ကြည့်ခြင်းအားဖြင့် ယင်လုံအိမ်သာတွေကို စနစ်တကျသုံးစွဲရေးဟာ အလွန် အရေးပါတယ်ဆိုတာ တွေ့နိုင်ပါတယ်။ 

ဒါကြောင့် ‘ ရောဂါဘယကင်းဝေးဖို့ ယင်လုံအိမ်သာ စနစ်တကျ အသုံးပြုကြစို့’ ဆိုတဲ့ အောက်ပါ ပိုစတာ လေးနဲ့ နှိုးဆော်ဖော်ပြပေးလိုက်ပါတယ်။

ပိုစတာလေးထဲကလို ယင်လုံအိမ်သာကို စနစ်တကျသုံးစွဲခြင်း၊ လက်ကိုစနစ်တကျ ဆေးကြောခြင်းများ အားဖြင့် အားလုံးပဲ ရောဂါဘယ ကင်းဝေးကြပါစေ။

(World Fish မှ ထုတ်ဝေထားသည့် ' ရောဂါဘယ ကင်းဝေးဖို့ ယင်လုံအိမ်သာ စနစ်တကျအသုံးပြုကြစို့' ကမ်ပိန်းပိုစတာကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်