ငရုတ်အထွက်နှုန်းကို ထိခိုက်စေနိုင်တဲ့ လှေးပိုး(Thrips)

08/01/2020 15:00 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ငရုတ်မှာ ရောဂါတွေအပြင် ပိုးမွှားတွေကလဲ ဆိုးဆိုးရွားရွားဖျက်ဆီးတတ်ပါတယ်။ ပိုးတွေအများကြီးထဲကမှ အထွက်နှုန်း တစ်ဝက်လောက်အထိ ထိခိုက်အောင်ဖျက်ဆီးနိုင်တဲ့ လှေးပိုးအကြောင်းကို အနည်းငယ်မျှဝေပေးချင်ပါတယ်ဗျ။

လှေးပိုးဆိုတာ ဘယ်လိုကောင်လေးလဲ?

အကောင်ကြီးအဆင့်က ဝါညိုရောင်သေးသေးရှည်ရှည်ဖြစ်ပြီးချွန်ထက်တဲ့ တောင်ပံတွေနဲ့ပါ။
သားလောင်းကောင်အဆင့်ကလဲ အကောင်ကြီးနဲ့ပုံသဏ္ဍန်တူပြီး အရွယ်အစားပဲသေးသွားတာပါ။ ဒါမဲ့ သူ့မှာ ကောက်ရိုးရောင်ရှိပြီး အတောင်တွေကတော့ မဖွံ့ဖြိုးသေးပါဘူး။

ဘယ်လိုဖျက်ဆီးကြတာလဲ?

- အကောင်ကြီးရော၊ သားလောင်းကောင်ရော နှစ်မျိုးလုံးက ငရုတ်ပင်ရဲ့ အညွှန့်၊ အဖူးတွေကြားမှာ နေထိုင်ပြီး စားသောက်လေ့ရှိပါတယ်။
- အရွက်တွေရဲ့ တစ်ရှူးတွေနဲ့ ပင်ရည်တွေကိုလဲ စုပ်စားကာ ဖျက်ဆီးကြပါတယ်။

လှေးပိုး ကျရောက်ဖျက်ဆီးရင် ဘယ်လိုလက္ခဏာတွေပြသလဲ?

- လှေပုံစံ အရွက်တွေ အပေါ်ကို လိပ်လာပါမယ်။
- အရွက်ရဲ့ ရိုးတံတွေရှည်လာပြီး အပင်ကြီးထွားမှာ ရပ်တန့်သွားမယ်။
- ငရုတ်သီးတွေမှာ ငွေမှင်ရောင်အစင်းကြောင်းတွေပေါ်ပြီး အသီးတွေ ပုံပျက်နေမယ်။
- အသီးတွေကွေးလိမ်ပြီး အရွယ်အစားသေးလာမယ် ။
- အသီးအပွင့်တွေ ကြွေကျနေမယ်။
အဲ့လို ပုံစံတွေ ဖြစ်နေရင်တော့ သေချာပါပြီ ဦးကြီးတို့ရဲ့ ငရုတ်တွေမှာ လှေးပိုးကျရောက်နေပါပြီ။

ဒါဆို ဘယ်လိုကာကွယ်နှိမ်နင်းကြမလဲ?

- ကြိုတင်ကာကွယ် ခြင်းအနေနဲ့ အရင်နှစ်ကလှေးပိုးကျထားတဲ့အခင်းမှာ ငရုတ်မစိုက်ဘဲ အခြားသီးနှံစိုက်ပေးပါ။
- ပိုးကျနေတဲ့အရွက်တွေကို ခူးပစ်ပါ။ဆိုးဆိုးဖျက်ဆီးခံနေရတဲ့ အပင်တွေဆို နှုတ်ပစ်ပါ။
- ပေါင်းမြက်များကို ရှင်းလင်းပါ။
- ငရုတ်ကို ကြက်သွန်နီနှင့် ရောမစိုက်ပါနဲ့ နှစ်မျိုးစလုံးက လှေးပိုးကြိုက်တဲ့သီးနှံတွေမို့ပါ။
- တမာပိုးသတ်ဆေး ဖျန်းပေးလို့ရပါတယ်။
- ပိုးသတ်ဆေး အုပ်စုတူတာတွေကို ဆက်တိုက်ဖျန်းတာမျိုးရှောင်ပါ။
- ဓာတုပိုးသတ်ဆေးကို မဖြစ်မနေသုံးရမယ်ဆိုရင် ကာဘိုဖြူရမ် (3g) ,မာလာသီယွန် စသောဆေးတစ်မျိုးမျိုးကို အညွှန်းစာအတိုင်း စနစ်တကျ ဖျန်းပေးပါ။

ထွန်းရာဇာ

Ref; http://agropedia.iitk.ac.in/content/chilli-thrip
http://agritech.tnau.ac.in/crop_protection/chilli/chilli_1.html

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်