ဗီတာမင်ဘီဝမ်းချို့တဲ့ခြင်းဆိုးကျိုးများနှင့် ဖြည့်တင်းပေးရမည့်အစားအစာများ

25/10/2022 10:57 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဘီဝမ်းသည် အစာအများစုတွင်ပါဝင်နေပြီး နေ့စဉ်လိုအပ်သည့်ပမာဏအဖြစ် ၁ မီလီဂရမ် ရရှိပါက ဘီဝမ်းချို့တဲ့မှုမှ ကာကွယ်နိုင်သည်။ ၂၀ဝ၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နို့တိုက်မိခင်များအတွင်း ဘီဝမ်းချို့တဲ့မှုနှန်းမှာ ၄.၄ ရာခိုင်နှုန်း ရှိသည်။ ကလေးသူငယ်နာခေါ် ဘီဝမ်းချို့တဲ့မှုသည် ဆိုးရွားသော အာဟာရချို့တဲ့မှုဖြစ်ပြီး ဘီဝမ်းချို့တဲ့သောမိခင်မှ နို့စို့သော နို့စို့ကလေးအရွယ်များတွင် တွေ့ရသည်။

ဘီဝမ်း၏အရေးပါပုံ

  • ဘီဝမ်းသည် ခန္ဓာကိုယ်ရှိ ဆဲလ်များ၏ လုပ်ငန်းဆောင်တာများ ပုံမှန်လုပ်ဆောင်နိုင်ရန်အတွက် အရေးပါသည်။ ကျွန်ုပ်တို့စားသုံးသော အစာများမှ စွမ်းအင်ကို ပြောင်းလဲပေးရာတွင်လည်း အရေးပါသည်။

ချို့တဲ့ခြင်း၏နောက်ဆက်တွဲ ဆိုးကျိုးများ

  • ဘီဝမ်းချို့တဲ့ခြင်းသည် ခြေလက်ထုံကျင်ခြင်းနှင့် ခြေတောက်များအားမရှိခြင်း စသည်ဖြင့် ကိုယ်ဝန်ဆောင်အမျိုး သမီးများ၏ အာရုံကြောစနစ်ကို ထိခိုက်စေနိုင်သည်။ ထို့အပြင် အသင်ရှူကျပ်ခြင်းနှင့် မောပန်းခြင်းတို့ကိုလည်း ဖြစ် စေသည့်အပြင် နှလုံးကြီးခြင်း၊ ရင်တုန်ခြင်းစသည့် သွေးလည်ပတ်မှုစနစ် ပြဿနာများလည်း ဖြစ်စေနိုင်သည်။
  • မိခင်နို့တိုက်နေစဉ်တွင်လည်း ဘီဝမ်းလိုအပ်ချက်သည် မြင့်မားသဖြင့် မလုံလောက်ပါက ကလေးအသက် ၂ လ ၃ လခန့်တွင် ချို့တဲ့မှုဖြစ်ပေါ်နိုင်သည်။ ၎င်းသည် မိခင်နို့မှ အနည်းလိုအာဟာရများ နည်းပါးစွာ ပါရှိခြင်းကြောင့် ဖြစ်သည်။ 
  • ဘီဝမ်းချို့တဲ့မှုသည် အာရုံကြောစနစ်၊ သွေးလည်ပတ်မှုစနစ်နှင့် အစာအိမ်နှင့် အူလမ်းကြောင်း စနစ်များကိုပါ ထိခိုက်စေနိုင်ပြီး မသန်စွမ်းမှုနှင့် သေဆုံးမှုများပါ ဖြစ်ပေါ်စေနိုင်သည်။

ချို့တဲ့စေခြင်းအကြောင်းများနှင့် မချို့တဲ့စေရန် စားသုံးပေးသင့်သည့်အစားအစာများ

  • အထူးသဖြင့် မိခင်၏ နေ့စဉ်စားသောက်မှုထဲတွင် တိရစ္ဆာန်မှရရှိသော အစားအစာထုတ်ကုန် သို့မဟုတ် ပဲများအလွန် နည်းပါးစွာ ပါရှိသည့်အခြေအနေနှင့် ဖြူစင်အောင်ဖွတ်ထားသောဆန်၊ မချက်ခင် အထပ်ထပ်ဆေးထားသောဆန်၊ သို့မဟုတ် ရှေးရိုးနည်းလမ်းအသုံးပြုကာ ထမင်းရည်ငှဲ့ပြီး သွန်ပစ်သည့် ထမင်းချက်ခြင်းတို့ကြောင့် ဗီတာမင်ဘီဝမ်း ချို့တဲ့ခြင်း ဖြစ်စေပါသည်။
  • အစားအစာများတွင် အချဉ်ဖောက်ထားသော ငါးအစိမ်းနှင့် အခွံမာရေသတ္တဝါများ ပါဝင်သည့်အခါတွင်လည်း ထိုအစားအစာများသည် ဗီတာမင်ဘီဝမ်းစုပ်ယူမှုနှင့် တည်ဆောက်ပုံကို ပြောင်းလဲနိုင်မှုကြောင့် ဘီတာမင်ဘီဝမ်း ချို့တဲ့ခြင်းကို ဖြစ်စေပါသည်။
  • အခြားသော ဘီဝမ်းချို့တဲ့စေသည့်အချက်များမှာ လက်ဖက်ရည်အလွန်အကျွံသောက်သုံးခြင်းနှင့် ကွမ်းစားခြင်း တို့ကြောင့်ဖြစ်သည်။ ချိုလွန်းသောအရည်များနှင့် ဂျုံတို့မှအထူးပြုလုပ်ထားသည့် ကစီကြွယ်ဝသည့် အစာများသည် လည်း ဘီဝမ်းချို့တဲ့စေသည့်အရာများဖြစ်သည်။
  • မြန်မာနိုင်ငံတွင် ဘီတာမင်ဘီဝမ်း (နေ့စည် ၁၀ မီလီဂရမ်)ကို ကိုယ်ဝန် ၃၆ ပတ်(ကိုယ်ဝန် ၉ လအရွယ်) မှ စတင်ကာ ကလေးမွေးဖွားပြီး ၃ လအထိ တိုက်လေ့ရှိသည်။
  • ဗီတာမင်ဘီဝမ်းဆုံးရှုံးမှုကို အနည်းဆုံးဖြစ်စေရန် မိခင်များသည် အားဖြည့်ဆန်ကို စားသုံးသင့်ပြီး ဆန်ကို အထပ်ထပ် သို့မဟုတ် ကြမ်းတမ်းစွာဆေးကြောခြင်း မလုပ်ဆောင်သင့်ပါ။ ဟင်းသီးဟင်းရွက်များကိုလည်း အာဟာရပါဝင်မှု မဆုံး ရှုံးစေရန်အတွက် အပိုင်းပိုင်းမလှီးဖြတ်မီ ဆေးကြောရပါမည်။ ချက်ပြုတ်သည့်အခါတွင်လည်း ရေအနည်းဆုံးထည့်၍ ချက်ပြုတ်ရမည်ဖြစ်ပြီး ဟင်းအိုးထဲတွင် ကျန်ရှိသည့်ရေကိုလည်း မသွန်ပစ်သင့်ပါ။ ထိုရေတွင် အဓိကအာဟာရဓာတ် များ ပါဝင်နေသောကြောင့်ဖြစ်ပြီး သောက်သုံးသင့်ပါသည်။
  • ထို့အပြင် မီးအပူရှိန်ပြင်းပြင်းတွင် ခေတ္တမျှချက်ပြုတ်ပြီး ချက်ပြုတ်မှုကြာမြင့်ချိန်လျော့နည်းစေရန် ဟင်းအိုးကို အဖုံးဖုံးထားပါ။ နို့တိုက်မိခင်များအနေဖြင့် ထမင်းစားသည့်အခါ အသားဓာတ်အပိုရရှိရန်အတွက် ပဲတောင့်ရှည် (ပဲအမျိုးမျိုး၊ ပဲစေ့၊ မြေပဲများနှင့် ဆီထွက်သီးနှံများ) စသည်တို့ကို ထပ်ပေါင်း၍ စားသင့်ပါသည်။

ကြယ်ပွင့်အစားအစာများအကြောင်းသိလိုပါက အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ စားပေးသင့်သည့် ကြယ်လေးပွင့်အစားအစာများ (၁)

https://bit.ly/3TnRBp0

ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ စားပေးသင့်သည့် ကြယ်လေးပွင့်အစားအစာများ (၂)

https://bit.ly/3MuCnwi

#LEARN Program မှ ထုတ်ဝေထားသည့် ‘စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်း ကျောင်းဖွံ့ဖြိုးရေး ကွင်းဆင်းလုပ်သားများအတွက် သင်တန်းပံ့ပိုးသူလက်စွဲလမ်းညွှန်’ စာအုပ်မှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်