စမတ်ဖုန်းတွေ ဘယ်တုန်းက စပေါ်လာခဲ့တာလဲ

10/08/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

       “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည် ကြိုဆို လိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဘလူးတု အကြောင်း မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ တောင်သူ ဦးလေး ဒေါ်လေးတို့ကို ဗဟုသုတအနေနဲ့ စမတ်ဖုန်းတွေ ဘယ်တုန်းက ပေါ်လာတယ်ဆိုတာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ 

       ကျွန်တော်တို့ ယနေ့အသုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေ၊ စမတ်ဖုန်းတွေဟာ နေ့ချင်း ညချင်း ပေါ်ထွက်လာခဲ့တာ မဟုတ်ပါဘူး ခင်ဗျ။ ယခင်ကဆိုရင် ခလုတ်ပါတဲ့ ဖုန်းတွေကို သင်္ဘော၊ ရထားတွေမှာ ရေဒီယို ဆက်သွယ်ရေးအတွက် သုံးခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီမတိုင်ခင်မှာ “0G”  စနစ်လို့ခေါ်တဲ့ ရိုးရိုးအိမ်ဖုန်းတွေတော့ ပေါ်နေပီ ဖြစ်ပါတယ်။ ရိုးရိုးအိမ်ဖုန်းတွေကတော့ ခေါ်ဆိုမှုဈေးကြီးပြီး အနည်းငယ်သာ ခေါ်ဆိုမှု ပြုနိုင်ပါတယ်။ ၁၉၇၃ ခုနှစ်မှာ သယ်ဆောင်ရလွယ်ကူတဲ့ ပထမဆုံး မိုဘိုင်းဆဲလ်ဖုန်းတွေကို အမေရိကန် မာတီးနေရှင် တယ်လီကော်ပိုရေးရှင်း တစ်ခုကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ပထမဦးဆုံး မိုဘိုင်းကွန်ယက် တည်ထောင်တာကတော့ ဂျပန်နိုင်ငံမှာရှိတဲ့ NTT တယ်လီကွန်မြူနီကေးရှင်း ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဖင်လန်၊ နော်ဝေး၊ ဆွီဒင် စတဲ့ အခြားနိုင်ငံတွေမှာလည်း မိုဘိုင်း ကွန်ယက်တွေ စတင် တည်ထောင်လာကြတာ ဖြစ်ပါတယ်။ ပထမဆုံး လက်ကိုင်မိုဘိုင်းဖုန်းတွေ စပေါ်တဲ့ ခုနှစ်ကတော့ ၁၉၇၃ ခုနှစ် ဖြစ်ပါတယ်။ တောင်သူ ဦးလေး၊ ဒေါ်လေးတို့ ဖုန်းနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေ ရသွားကြမယ် ထင်ပါတယ် ခင်ဗျ။ 

       ယခင်တစ်ပတ်က ဘလူးတု အကြောင်း ဖော်ပြထားတဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

ဘလူးတု(Bluetooth) အကြောင်း သိကောင်းစရာ

Knowledge Box App 

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်