စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း

28/06/2026 20:26 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး မြားနီနည်းပညာပေးရေးအဖွဲ့ မြားနီနည်းပညာပေးရေးအဖွဲ့ မှ ပေးပို့ထားပါသည်။
  • မျိုးစေ့ဆိုတာ ဘာလဲဆိုတာ သိအောင်ပြောပြမယ့် မျိုးစေ့တွေအကြောင်းနဲ့ ဈေးကွက်ထဲမှာ မှတ်တမ်းထားပုံထားနည်း 
  • အရောင်းဖွင့်တာကနေ ထုပ်ပိုးတာ ကိုင်တွယ်တဲ့ နည်းစနစ်တွေနဲ့ ဝယ်လိုအားကို ကြိုတင်ခန့်မှန်းနိုင်မယ့် နည်းပညာတွေအပြင်
  •  မြေသြဇာတွေနဲ့ အာဟာရဓာတ်တွေအကြောင်းလည်း 

တစ်ခြားသူက မေးလာရင် သိအောင်သင်ပေးမယ့်  

စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက်ဖွင့်လှစ်ထားတဲ့ မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်းကို တက်ရောက်ခွင့်ရရှိသူစာရင်းပဲ ဖြစ်ပါတယ်။ 

သင်တန်းတက်ရောက်ခွင့်ရရှိသူများဟာ တက်ရောက်ရန်အတွက် လိုအပ်တဲ့ 

Gmail account များဖွင့်ထားခြင်းနဲ့ အစိမ်းရောင်လမ်းဆော့ဝဲအတွင်း မြားနီနည်းပညာပေးရေးအဖွဲ့သို့ ဝင်ရောက်ထားခြင်းကို လုပ်ဆောင်ထားခဲ့ကြသူများပဲ ဖြစ်ပါတယ်။ 

ထို့ကြောင့် ယခုတက်ရောက်ခွင့်ရရှိသူ မိတ်ဆွေတောင်သူများအနေဖြင့်လည်း သင်တန်းအတွက်လိုအပ်သည့် လမ်းညွှန်ချက်များကိုလုပ်ဆောင်နိုင်ရန် ဇူလိုင်လ (၇) လပိုင်းအတွင်း Gmail များစစ်ဆေးကြရန် လိုအပ်ပါကြောင်းနဲ့ 

အစိမ်းရောင်လမ်းနှင့် မြားနီနည်းပညာပေးရေးအဖွဲ့၏ သင်တန်းအသေးစိတ်အချက်အလက် Update များကို အစိမ်းရောင်လမ်းဆော့ဝဲရှိ မြားနီနည်းပညာပေးရေးအဖွဲ့အတွင်းမှာသာ ဆက်လက်၍ ပို့စ်တင်သွားမည်ကြောင်းလည်း ထပ်လောင်းအသိပေးပါရစေဗျ..။

မှတ်ချက်။ ။ သင်တန်းတက်ရောက်ရန်အတွက် စာရင်းပေးသွင်းထားသူမိတ်ဆွေတောင်သူများအား အစိမ်းရောင်လမ်းနှင့် မြားနီနည်းပညာပေးရေးအဖွဲ့မှ ဖုန်းဖြင့်စာတိုများပေးပို့ခြင်း၊ Viber နှင့် Gmail မှ စာများပေးပို့၍ ဆက်သွယ်ခြင်းများပြုလုပ်ကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခြင်းများလည်း ပြုလုပ်ခဲ့သည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်