သီးနှံကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နိုင်ရန် သတိပေးနှိုးဆော်ချက်

27/08/2019 21:00 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

   ယခုအခါတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးများ ဆက်တိုက် ရွာသွန်းလျက်ရှိပါသည်။ ထို့ကြောင့် စိုက်ပျိုးသီးနှံများ (စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံများ ဟင်းသီးဟင်းရွက်၊ ကြက်သွန်နီ၊ ငရုတ်) စသော သီးနှံများ၏ စိုက်ခင်းနှင့် ပျိုးခင်းများတွင် ရာသီဥတုစိုစွတ်ခြင်းကြောင့် စိုက်ပျိုးသီးနှံများတွင် မှိုရောဂါများ (ပိုးပင်နာကျ၊ ခါးချိရောဂါများ၊ မှိုသီးနှင့် သံချေးနှင့် မြစ်ဆွေး၊ မြစ်ခြောက်များ၊ နှောင်းပင်နာကျနှင့် ရွက်ခြောက်များ)နှင့် အခြားရောဂါများ (ဘတ်တီးရီးယားရွက်စင်းနှင့် ရွက်ခြောက်၊ ပင်ခြေပုပ်၊ ဘတ်တီးရီးယားပင်ညိုး) အင်းဆက်ပိုးများအနေဖြင့် စုပ်စားပိုးများ၊ (ဖြတ်ညို၊ ပျ၊ လှေး၊ နှံစုပ်ဂျပိုး၊ မီလီဂျပိုး၊ ယင်ဖြူ) နှင့်ခူမွေးရှည်များ ကျရောက်တတ်ပါသည်။

   သို့ဖြစ်ပါ၍ အောက်ပါသီးနှံကာကွယ်ဆိုင်ရာ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သတိပေးနှိုးဆော်အပ်ပါသည်။

(၁) မိုးရွာသွန်းမှုကြောင့် စိုက်ခင်းအတွင်း ရေဝပ်ပါက ရေထုတ်နိုင်ရန်ဆောင်ရွက်ပါ။

(၂) ပျိုးပေါင်နှင့် စိုက်ပေါင်များအား ရေမဝပ်စေရန် မြှင့်တင်ပေးပါ။ 

(၃) ကန်သင်းနှင့်ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကိုရှင်းလင်းပါ။

(၄) ရောဂါရပင်ကြွင်းပင်ကျန်များကို ဖယ်ရှားပြီး မီးရှို့ဖျက်ဆီးပါ။

(၅) အခြေအနေပေးပါက မီးခိုးမှိုင်းတိုက်ပါ။

(၆) ပိုးမွှားရောဂါဒဏ်ခံနိုင်ရန်အတွက် ပိုတက်ရှ်ဓာတ်မြေသြဇာကို ထည့်သွင်းအသုံးပြုပါ။

(၇) သီးနှံကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ဖြန့်ဝေထားသော မိုဘိုင်းအပလီကေးရှင်းတွင် ကြည့်ရှု့၍ တရားဝင်မှတ်ပုံတွင်ထားသော ပိုးသတ်ဆေးများကို အသုံးပြုပက်ဖြန်းနိုင်ပါသည်။

(၈) လိုအပ်ပါက ပြည်နယ်တိုင်းဒေသကြီး၊ အသီးသီးရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဆက်သွယ်အကြံဉာဏ်တောင်းယူနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်