ဆေးဖက်ဝင်ပူဒီနာပင်တွင် အေအမ်အက်မှိုသုံးခြင်းဖြင့် ဖော့စဖိတ်မြေသြဇာ လျှော့ချသုံးစွဲနိုင်မှု
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမဲ့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း(၄၈)
စတီးဗီးယားရွက်ချိုမှုန့်ပင်ကဲ့သို့ ဆေးဖက်ဝင်ပူဒီနာပင်တွင် အေအမ်အက်မှိုနှင့် ပြင်းအားနည်း အင်အော်ဂဲနစ်မြေသြဇာ ဖော့စဖိတ်ကို ဖြည့်စွက်သုံးပါက အထူးဆီပါဝင်မှု ရာခိုင်နှုန်းများစေသည် (အပိုင်း၈)
ဆေးဖက်ဝင်ပူဒီနာပင်တွင် အေအမ်အက်မှိုသုံးခြင်းဖြင့် ဖော့စဖိတ်မြေသြဇာ လျှော့ချသုံးစွဲနိုင်မှု
အသုံးပြုသင့်သောအချက်များ
အော်ဂဲနစ်စစ်စစ် ဆေးဖက်ဝင်အပင်များ ရရှိရန်အတွက် အင်အော်ဂဲနစ်မြေသြဇာများ လျှော့ချသုံးစွဲနိုင် သော လမ်းကြောင်းတစ်ခုဖြစ်သည်။
ကြီးထွားမြန်သောဆေးဖက်ဝင်အပင် ပူဒီနာပင် Peppermint Mentha arvensis နှင့် အေအမ်အက်ဖ်မှို သဟဇီဝနဖြစ်စဥ်မှ ပတ်ဝန်းကျင်မိတ်ဖက်ဖြစ်မှုများ
အေအမ်အက်ဖ်မှို ထိုးသွင်းခြင်း၏ ပူဒီနာပင်အပေါ် အကျိုးသက်ရောက်မှု

ပူဒီနာပင်၏ဆေးဖက်ဝင်အစွမ်းများ
- ၁။ မဂ္ဂနီဆီယမ်ဓာတ်ပါသဖြင့် နှလုံးခုန်နှုန်းထိန်းသိမ်းပေးသည်။
- ၂။ ကယ်လ်ဆီယမ်နှင့် မဂ္ဂနီဆီယမ်ဓာတ်ပါသဖြင့် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေသည်။ အရိုးသန်စွမ်းသည်။
- ၃။ ပူဒီနာထဲတွင် အန်တီအောက်ဆီးဒန့်နှင့် ရောဂါဟန့်တားသော အယ်ကိုဟောတစ်မျိုး ပါဝင်သဖြင့် ကင်ဆာ အဖုအကြိတ်ကြီးထွားမှုကို နှေးကွေးစေသည်ဟု ဆေးသုတေသီများက ဖော်ပြထားသည်။
- ၄။ ပူဒီနာရွက်သည် ခန္ဓာကိုယ်က အဆိပ်အတောက်များကို ဆီးအဖြစ်ဖယ်ရှား၍ ဆီးရွှင်ဆေးအဖြစ်လည်း အသုံးပြုနိုင်သည်။ အသည်းနှင့်သည်းခြေအိတ်ကို ကောင်းကျိုးပြုသည်။ ဒီတော့ ဖျော်ရည်အဖြစ် သောက်ကြသည်။
- ၅။ အစာခြေစနစ်ကို ကောင်းစေသည်။ အစာအိမ်နာကာကွယ်သည်။
- ၆။ ပူဒီနာရွက်သည် ကောင်းမွန်သောရနံ့နှင့် ခံတွင်းသန့်စေသဖြင့် သတ္တုရေကို အသုံးပြုပြီး သွားတိုက်ဆေးနှင့် ခံတွင်းသန့်ဆေးလည်း ပြုလုပ်သည်။ လူကြိုက်များသည်။
(ကိုးကား တိုင်းရင်းမြန်မာဆေး)
၁။ ပူဒီနာပင်တွင် အေအမ်အက်မှို ၃ မျိုးနှင့် မှိုအရောထိုးသွင်းခြင်းဖြင့် အမြစ်စွဲမှုရာခိုင်နှုန်းတိုးလာခြင်း

တွေ့ရှိချက်
၁။ ၁ ကုဗစ်ဒက်ဆီမီတာ (၁ လီတာ) လျှင် ၆ဝ မီလီဂရမ် ဖော့စပရပ် ထည့်ထားသော ပူဒီနာခင်းတွင် အေအမ်အက်မှို ၃ မျိုးနှင့် မှိုအရော ထိုးသွင်းစမ်းသပ်ရာတွင် အေအမ်အက်မှို Scutellospora calospora ထိုးသွင်းပူဒီနာပင် က အမြစ်စွဲရာခိုင်နှုန်းအများဆုံးဖြစ်သည်ကို တွေ့ရသည်။
၂။ ၁ ကုဗစ်ဒက်ဆီမီတာလျှင် ၁၂ဝ မီလီဂရမ် ဖော့စပရပ်ထည့်သောအခင်းတွင်တော့ Rhizophagus Clarus ထိုးသွင်းသောအပင် က အမြစ်စွဲရာခိုင်နှုန်း အများဆုံးဖြစ်သည်။
၂။ ဆေးဖက်ဝင်အပင် ၄ မျိုးတွင် ဇာတိသားအေအမ်အက်မှို ၅ မျိုး၏ အမြစ်စွဲမှုနှင့် စပိုးထုတ်မှု

၃။ အေအမ်အက်မှို ၃ မျိုးနှင့် မှိုအရောထိုးသွင်းခြင်း၏ ပူဒီနာပင်တွင် အထူးဆီအထွက်တိုးလာခြင်း

- (၁) ၁ ကုဗစ်ဒက်ဆီမီတာ (၁ လီတာ) လျှင် ၆ဝ မီလီဂရမ် ဖော့စပရပ်ထည့်ထားသော ပူဒီနာခင်းတွင် အေ အမ်အက်မှို ၃ မျိုးနှင့် မှိုအရောထိုးသွင်းစမ်းသပ်ရာ ၁ ကုဗစ်ဒက်ဆီမီတာလျှင် ၆ဝ မီလီဂရမ် ဖော့စပရပ် ထည့်ထားသောအခင်းမှ အေအမ်အက်မှို Acaulospora morrowiae ထိုးသွင်းပူဒီနာပင်သည် အထူးဆီ အထွက် မီလီဂရမ်များသည်။
- (၂) ၁ ကုဗစ်ဒက်ဆီမီတာလျှင် ၆ဝ မီလီဂရမ်နှင့် ၁၂ဝ မီလီဂရမ် ဖော့စပရပ်ထည့်သော ၂ ခင်းလုံးတွင် Rhizophagus clarus ထိုးသွင်းသောအပင်က အထူးဆီအထွက် မီလီဂရမ်များသည်။
၄။ အေအမ်အက်မှို ၃ မျိုးနှင့် မှိုအရော ထိုးသွင်းခြင်းသည် ပူဒီနာပင်တွင် အထူးဆီအထွက် တိုးလာခြင်း

တွေ့ရှိချက်
- ၁။ ၁ ကုဗစ်ဒက်ဆီမီတာ (၁ လီတာ) လျှင် ၆ဝ မီလီဂရမ် ဖော့စပရပ် ထည့်ထားသော ပူဒီနာခင်းတွင် အေအမ်အက်မှို ၃ မျိုးနှင့် မှိုအရော ထိုးသွင်းသည်။ အေအမ်အက်မှို Acaulospora morrowiae, Scutellospora calospora ထိုးသွင်းပူဒီနာပင်သည် ၁ ကုဗစ်ဒက်ဆီမီတာလျှင် ၆ဝ မီလီဂရမ် ဖော့စပရပ်ထည့်ခြင်းက အထူးဆီပါဝင်မှု ရာခိုင်နှုန်းများစေသည်။
- ၃။ ၁ ကုဗစ်ဒက်ဆီမီတာလျှင် ၆ဝ မီလီဂရမ်နှင့် ၁၂ဝ မီလီဂရမ် ဖော့စပရပ်ထည့်သော ၂ ခင်းလုံးတွင် တော့ Rhizophagus Clarus ထိုးသွင်းသောအပင်က အထူးဆီပါဝင်မှု ရာခိုင်နှုန်းများသည်။
အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှတစ်ဆင့် အပင်အတွက် လက်တွေ့အကျိုးပြုမှုနှင့် အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်
- ၁။ အေအမ်အက်မှိုမျိုးနှင့် ဖော့စဖိတ်မြေသြဇာပြင်းအားကို လျှော့ချအသုံးပြုခြင်းဖြင့် ဆေးဖက်ဝင် အရည်အသွေးထိန်းပြီး အထွက်လိုအပ်ချက်အတိုင်းရသော ပတ်ဝန်းကျင်ဂေဟစနစ်ကို မထိခိုက် စေသောနည်းဖြစ်သည်။ အော်ဂဲနစ်စစ်စစ် ဆေးဖက်ဝင်အပင်များ စိုက်ပျိုးရေးအတွက် လမ်းကြောင်း တစ်ခုဖြစ်သည်။
- ၂။ တောင်သူများ၏ မှန်ကန်သော စိုက်စနစ်များသည် ဒေသခံအေအမ်အက်မှိုများ၏ ဆေးဖက်ဝင်အပင် အရည်အသွေးကို မြင့်လာစေသော နည်းများဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။
ကိုးကား
Abdullahi R. Kwari JS. Zubairu A. Arbuscular Mycorrhizal Fungi Association with Some Selected Medicinal Plants Asian Journal of Soil Science and Plant Nutrition 8(1): 1-6, 2021
Silva V.et al. Influence of arbuscular mycorrhizal fungi on growth, mineral composition and production of essential oil in Mentha × piperita L. var. citrata (Ehrh.) Briq. under two phosphorus levels. Journal of Medicinal Plant Research 8(45):1321-1332. December 2014. DOI:10.5897/JMPR2014.5689
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
အပင်အာဟာရဓာတ်များ
ဆက်စပ်မေးခွန်းများ
ကျတော့်ကွမ်းယခုလက်ရှိအရွက်ဖျားမာလှိမ့်နေပါတယ်ပိုးမွားလဲမတွေ့ဘူးအရွက်ကြားမာမရှိဘူးဘာကြောင့်လဲသိရင်မျဝေပေးကြပါမိတ်ဆွေတို့ခဗျ ဘာကြောင်းကြောင့်လဲမြေဆီလွာကြောင့်လားအဟာရကြောင့်လားခဗျကူညီပေးပါခဗျ
ko ko chit • ဖြေကြားချက် 2 ခု
ပျိုးပင်များကိုစွမ်းထက်EMအရည်များဖြန်းပေးလို့ရမလားဗျ။
U Win Zaw • ဖြေကြားချက် 2 ခု
ဆရာဒို့ဦးလေး ပြောပြတဲ့အတိုင်း ချဉ်ပေါင်ပင်လေးတွေကို ပြာထည့်ပေး၊ မြေဆွေးထည့်ပေးလိုက်တာ အသစ်ထွက်လာတဲ့အရွက်တွေ ပြန်စိမ်းလာပြီး ။ ရောဂါကျတာမဟုတ်ဘဲ အဟာရချို့တဲ့တာတဲ့။ စိုက်တဲ့သူတွေကတော့ ပုံမှန်မဟုတ်တော့ရင် ရောဂါလို့ယဆလိုက်တော့တာပဲ ဆရာရေ။
Nova Nova • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၃၀ရက်သားမှာ၄ဧကကို၁၆ပတ်လည်၁အိတ်ပုလဲ၁အိတ်၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ်၇၀ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်နောက်ဆုံးအပတ်ရက်၁၀၀သားပတ်ရမလား၁၁၀ရက်သားမှပတ်ရမလားခဗျပုလဲဆာလ်ဖာအရောပတ်သင့်လားဒါမှမဟုတ်ပုလဲဇင့်အရောပတ်သင့်လားခဗျအခုကရက်၇၀သားရောက်ပါပြီမြေစီကျွေးရက်မှန်လားခဗျာနောက်ဆုံးအပတ်ဘယ်အလံရွက်ထွက်ချိန်ကျွေးရမလားပန်းစပွင့်ချိန်ကျွေးရမလားခဗျ
kyaw zin • ဖြေကြားချက် 3 ခု
ပဲစင်းငုံကို.အင်းဇိုင်းဆေးပတ်တာနဲ့.ငါးအမိုင်နိုပတ်တာဘယ်ဟာပိုပြီးအဆင်ပြေနိင်လဲဗျ...1မျိုးဆီပတ်တာနဲ့...2မျိုးရောပတ်တာကောကောင်းလားဗျ...ပဲစင်းငုံပင်အဓိကလိုအပ်တဲ့အဟာရဘာလဲဗျ...
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024