ငရုတ် ဘက်တီးရီးယားပင်ညှိုးရောဂါ (Bacterial wilt)

14/08/2019 15:30 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

ရောဂါကျရောက်သည့်အချိန် - မိုးရာသီ

ရောဂါလက္ခဏာ

စိုက်ခင်းတွင် နေရာကွက်ကြားကျရောက်ခြင်း (သို့မဟုတ်) အစုလိုက်ကျရောက်ခြင်းဖြစ်သည်။ အပင်ကြီးများတွင် အောက်အရွက်မှလည်းကောင်း၊ အပင်ငယ်များတွင် အပေါ်အရွက်မှလည်းကောင်း စတင်ညှိုးပါသည်။ ရက်အနည်းငယ်ကြာသောအခါ ရုတ်တရက် အပင်တစ်ပင်လုံး ညှိုးနွမ်းသွားပါသည်။  အရွက်ဝါခြင်းကို မတွေ့ရှိရပါ။  ပင်စည်၏အောက်ပိုင်း အစာရေကြောစည်းနှင့် အမြစ်တို့သည် အရောင်ပြောင်းလဲနေသည်ကို တွေ့ရှိရပါသည်။ ပင်စည်၏ အောက်ပိုင်းကို ကန့်လန့်ဖြတ်၍ ရေထဲတွင် နှစ်ကြည့်ပါက နွားနို့နှစ်ရောင် ဘက်တီးရီးယားစိမ့်ထုတ်ရည် ထွက်ရှိလာသည်ကို သာမန်မျက်စိဖြင့် မြင်နိုင်ပါသည်။

ရောဂါသံသရာ

အပူပိုင်း၊ သမနွေးပိုင်းရာသီဥတုဒေသများတွင် မိုးများသောအချိန်၌ ငရုတ်ဘတ်တီးရီးယားရောဂါသည် အဓိကကျရောက်ဖြစ်ပေါ်လေ့ရှိသည်။ ရောဂါဖြစ်စေသော ဘက်တီးရီးယားသည် အခြားလက်ခံသီးနှံများစွာတွင် ကျရောက်နိုင်ပြီး မြေထဲတွင် နှစ်ပေါင်းများစွာ ရှင်သန်နိုင်သည်။ စိုက်ခင်းထဲတွင် မြေအစိုဓာတ်များခြင်း၊ ရေဝပ်ခြင်းများရှိပါက ရောဂါလျှင်မြန်စွာ ဖြစ်ပေါ်စေပါသည်။

ကာကွယ်နှိမ်နင်းနည်း

(၁) သီးနှံအလှည့်ကျ စိုက်ပျိုးပါ။

(၂) လေဝင်လေထွက်ကောင်းရန် အခြားလက်ခံသီးနှံများဖြစ်သည့် ပေါင်းမြက်များ ရှင်းလင်းပါ။

(၃) မြေကို နွေထယ်ရေးခံ၍ စိုက်ပါ။

(၄) ငရုတ်မျိုးရင်းဝင်မဟုတ်သော သီးနှံများဖြင့်သာ အလှည့်ကျစိုက်ပျိုးပါ။

(၅) စိုက်ခင်းများ၊ ပျိုးထုပ်များတွင် ရေများခြင်း၊ ရေဝပ်ခြင်းမရှိစေရန် အထူးဂရုပြုပါ။

(၆) ကာဆူမင်( Kasumin) ဆေးကို ဆေး(၁) ဆ ရေ (၁၀၀၀) ဆနှုန်းဖြင့် ဖျော်၍ ပျိုးပင်များကို ငါးမိနစ်ခန့်စိမ်၍ စိုက်ပါ။

စိုက်ပျိုးရေး ဦးစီးဌာန


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်