အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငါးအမိုင်နိုအက်ဆစ်၏ အကျိုးပြုပုံများ

ငါးအမိုင်နိုအက်ဆစ်၏ အကျိုးပြုပုံများ

    ငါးအမိုင်နိုအက်ဆစ်ကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ ပြုလုပ်ပုံကလည်းရိုးရှင်းလွယ်ကူပြီး ကုန်ကျစရိတ်သက်သာတဲ့ သဘာဝအသီးအပွင့်အားဆေးတစ်မျိုးဖြစ်သလို မြေဩဇာအဖြစ်လည်းသုံးနိုင်ပါတယ်။ ဒါပေမယ့် သူ့ကိုသုံးလိုက်ရင် အပင်အတွက် ဘယ်လောက်ထိအကျိုးပြုသလဲ၊ အပင်ထဲမှာ ဘယ်လိုလုပ်ဆောင်တာလဲဆိုတာကိုတော့ ဇဝေဇဝါဖြစ်တတ်ကြပါတယ်ဗျ။ ဒါကြောင့် အကျိုးပြုပုံနဲ့ပတ်သက်ပြီး ‌ဆွေးနွေးသွားချင်ပါတယ်ဗျ။

ငါးအမိုင်နိုအက်ဆစ်ဆိုတာဘာလဲ

- ငါးအမိုင်နိုအက်ဆစ်ဆိုတာကတော့ ငါးမှရတဲ့ ခေါင်း၊ ကြေးခွံ၊ အရိုး စတဲ့စွန့်ပစ်ပစ္စည်းအားလုံးကို ထန်းလျက်/သကြားကြမ်း/တင်လဲရည် တမျိုးမျိုးနဲ့ပေါင်းစပ်ပြီး ရရှိလာတဲ့အရည်ကိုယူရတဲ့ အပင်အားဆေးတစ်မျိုးဖြစ်ပါတယ်။

ဘာတွေ အကျိုးရှိစေသလဲ?

- မြေဩဇာအနေနဲ့သုံးမယ်ဆိုရင် မြေကြီးဖွဲ့စည်းပုံကောင်းစေပြီး အာဟာရဓာတ်ကို တိုးစေပါတယ်။  ငါးအမိုင်အက်ဆစ်က မြေကြီးကိုမွစေပြီး အဏုဇီဝပိုးကောင်လေးတွေနဲ့ တီကောင်တွေကိုရှင်သန်စေတာကြောင့် သန်စွမ်းတဲ့မြေကြီးအဖြစ် ဖန်တီးပေးပါတယ်။

- အပင်တွေရဲ့ အမြစ်တွေ၊ အရွက်တွေ ဖွံ့ဖြိုးမှုအားကောင်းစေပြီး အပင်ပေါက်လေးတွေအတွက် အစာချက်လုပ်မှုလုပ်ငန်းစဉ်ကို ကူညီပေးပါတယ်။ ငါးအမိုင်နိုဖြန်းပေးခြင်းက သိသိသာသာနဲ့အရွက်တွေစိမ်းလာတာကို တွေ့ရမှာပါဗျ။

- အပင်တွေမှာ stress factors လို့ခေါ်တဲ့ အပူချိန်မြင့်ခြင်း၊ အစိုဓာတ်အလွန်မြင့်ခြင်းဒဏ်တွေကို ခံနိုင်ရည်မရှိပါဘူး။ ဒါပေမယ့် ငါးအမိုင်နိုအက်ဆစ်ဖြန်းပေးမယ်ဆိုရင်တော့ ဒီလိုဖြစ်ခြင်းကို ထိန်းညှိပေးရုံသာမက ဖြစ်ပြီးသားအပင်တွေကို ဖြန်းပေးမယ်ဆိုရင်လည်း ပြန်လည်ကောင်းမွန်လာစေပါတယ်။

- ပန်းပွင့်မှုအားကောင်းစေသလို ဝတ်မှုံတွေအညှာင့်ပေါက်မှုကိုလည်း တိုးစေတာကြောင့် အသီးတည်မှုလည်းကောင်းစေပါတယ်။ ဒါ့ကြောင့် သီးနှံပင်တွေအရည်အသွေးကောင်းစေရုံသာမကပဲ အထွက်နှုန်းကိုပါ တိုးလာစေပါတယ်။

- ငါးအမိုင်နိုအက်ဆစ်ဖြန်းပေးခြင်းက သီးနှံပင်ရဲ့စွမ်းဆောင်ရည်ကို ကောင်းမွန်စေပြီး တချို့ဆားပေါက်မြေတွေမှာတောင် ရှင်သန်နိုင်စေပါတယ်။    

 အပင်ထဲမှာဘယ်လို လုပ်ဆောင်တာလဲ?

- ငါးအမိုင်နိုအက်ဆစ်က အပင်တွေရဲ့ အင်ဇိုင်းတွေထဲကို တိုက်ရိုက်ပျော်ဝင်နိုင်တာကြောင့် အပင်တွေရဲ့ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေတာမို့  အထွက်နှုန်းတွေကောင်းပြီး မြန်မြန်ရင့်မှည့်စေတာပါ။

- အပင်တွေက ငါးအမိုင်အက်ဆစ်ကပေးတဲ့ ပရိုတင်းဓာတ်ကို တိုက်ရိုက်စုပ်ယူနိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့် အဏုဇီဝပိုးကောင်တွေကနေတဆင့် ပြန်လည်စစ်ထုတ်ပေးတဲ့ အမိုင်နိုအက်ဆစ် Amino acids  အမျိုးမျိုးကိုမှ အပင်က စုပ်ယူနိုင်တာမျိုးပါ။

- ငါးအမိုင်နိုအက်ဆစ်က စတိုမာတာ (Stomata) လို့ခေါ်တဲ့ အရွက်မှာရှိတဲ့လေရှူပေါက်လေးတွေ ပွင့်ခြင်းပိတ်ခြင်းကို ကူညီပေးတာမို့ အပင်ရဲ့အစိုဓာတ်ကို မျှတစေတာပါဗျ။

- အဲ့လိုနည်းနဲ့ အဏုဇီဝပိုးတွေကို များစွာတိုးပွားလာစေတာကြောင့် ငါးအမိုင်အက်ဆစ်ကျွေးတဲ့မြေကြီးတွေဟာ ကျန်းမာသန်စွမ်းပြီး ရေနဲ့ အာဟာရဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါကြောင့် ငါးအမိုင်နိုအက်ဆစ်ကို မြေဩဇာအနေနဲ့လည်းသုံးကြတာပါ။   

    အခုလို သီးနှံပင်တွေအတွက်သာမက အလှစိုက်ပင်တွေအတွက်ပါ ကောင်းကျိုးများစွာပေးတဲ့ ငါးအမိုင်နိုအက်ဆစ် သဘာဝအသီးအပွင့်အားဆေး ကို  အသုံးပြုကြဖို့လည်း အကြံပြုလိုပါတယ်ဗျ။ 

Ref;   https://doraagri.com/product/fish-amino-acid-fertilizer/

        hhtp://www.maximumyield.com/amino-acids/2/1483

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 2

ငါးအမိုင်နို

ငါးအမိုင်နို

8
min thant

min thant

လွန်ခဲ့သော ၄ နှစ် က

ငါးအမိုင်နို ကို မနက်ပိုင်း လောင်းရတာလား ညနေ ဘက်လောင်းရတာလားဗျ

Ko Aung

Ko Aung

လွန်ခဲ့သော ၄ နှစ် က

ရပါတယ်ဗျ ထန်းလျက်၂ပိဿ ရေ၂လီတာ ကျို စစ်ယူပြီး FAAထည်းထည့်ပါ အဖုံး လေလုံအောင်ပိတ်ပါ(လေမလုံခဲ့လို့ လောက်ထွက်တာပါ)၅ရက်ဆိုရပါပြီ။

ကိုစိုး

ကိုစိုး

လွန်ခဲ့သော ၅ နှစ် က

ငါးအမိုင်နို ငါး၂ပိသာလုပ်ထားတာအကောင်ကြနေလို့ ထန်းလျှက်ထပ်ထည့်ရင်အဆင်ပြေနိုင်လားဗျ

moezaw

moezaw

လွန်ခဲ့သော ၅ နှစ် က

ပဲတီစိမ်းမကြဲခင်မြေပြင်ကိုပက်ဖျန်း လိုဘရပါလား

မေဇင်ထွန်း

မေဇင်ထွန်း

လွန်ခဲ့သော ၅ နှစ် က

ဆောင်းပါးထဲက အဝါရောင်စာသားတွေကို နှိပ်ကြည့်ရင် ပြုလုပ်နည်းရော သုံးစွဲနည်းရော လေ့လာလို့ရပါတယ်

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 3 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 4 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

နံပတ်2 • ဖြေကြားချက် 4 ခု

Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား

Khing Hein • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။