အိုးလေးထဲက ကိုယ့် နံနံ

29/08/2018 15:53 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နံနံပင်ဆိုတာ လူသိများပြီး အသုံးများတဲ့ ဟင်းခတ်အမွှေးအကြိုင်ပါ၊ ပင်စည်လေးကလည်း ကြွပ်ကြွပ်လေး အရွက်ကလည်း မွှေးပြီးတော့ အစေ့အဆန်တွေကိုလည်း ဆေးတွေအဖြစ်ကို အသုံးပြုနိုင်သေးတာကြောင့်မို့ လူတိုင်းနီးပါ ကြိုက်ကြတဲ့ အပင်လေးပါ။ သူက စိုစွတ်တဲ့မြေကို ကြိုက်ပြီးတော့ သက်တမ်းအားဖြင့်ဆိုရင်တော့ (၂)နှစ်ကြာမှသာ သူ့ဘဝစက်ဝန်းက ပြည့်စုံမှာဖြစ်ပါတယ်။ ဒီစာလေးမှာတော့ ခွက်လေး အိုးလေးတွေထဲမှာ စိုက်ကြပျိုးကြတဲ့ ပုံစံအကြောင်းလေးကို ပြောပြပေးမှာဖြစ်ပါတယ်။ စစချင်းတော့ နံနံပင်အကြောင်းကို လေ့လာကြည့်တာပေါ့။

သိပ္ပံအမည် - Apium graveolens

မျိုးရင်းဝင် - Apiaceae

အင်္ဂလိပ်အမည် - Celery, Chinese Celery

နံနံပင်ကို စိုက်မယ်ဆိုရင်တော့ စိတ်ရှည်ဖို့လိုအပ်ပါတယ်။ အစေ့ကနေစိုက်မယ်ဆိုရင် အိုးလေးထဲနေ အပင် လေးတွေထွက်လာဖို့ဆို အကြာဆုံး ရက် (၁၄၀) လောက်အထိကို ကြာနိုင်တာဖြစ်ပါတယ်။ နံနံပင်အမြစ်တွေက မြေအနက်ထဲအထိ မထိုးဖောက်ပဲ တိမ်တိမ်လေးပေါ်မှပဲရှိတာကြောင့် ခွက်ပြားပြားလေးမှာလည်း စိုက်လို့ ပျိုးလို့ရတဲ့ အားသာချက်ရှိပါတယ်။

• နံနံပင်ကို ဘီစီ (၈၅၀) လောက်ကတည်းက စိုက်ပျိုးခဲ့ကြတာဖြစ်ပြီး အဲ့တုန်းကတည်းက ချက်ပြုတ်စား သောက်တဲ့အခါ ဆေးတွေဖော်စပ်တဲ့အခါမျိုးတွေမှာ သုံးကြတာဖြစ်ပါတယ်။

• ထင်ရှားတဲ့ မျိုးကတော့ Stalk Celery ပါပဲ၊ သူက ယူနိုက်တက်စတိတ်မှာ နာမည်ကြီးပါပဲ။

• တကယ်တော့ အမျိုးအစားက (၃)မျိုးရှိပါတယ်တဲ့။ တစ်ခုက အရွက်ဝါတဲ့မျိုး၊ နောက်တစ်ခုက အရွက်တွေ စိမ်းတဲ့မျိုး နဲ့ နောက်ဆုံးတစ်ခုကတော့ Celeriac လို့ခေါ်တဲ့ ဥ ဥတဲ့မျိုးပါ။

• အစိမ်းမျိုးကကျတော့ ခုစားနေကြတဲ့ စိုက်နေကြတဲ့ အစိမ်းစား၊ ဟင်းခတ်၊ ဆေးဖော်တဲ့ မျိုးပါ။ သူကျတော့ ပင်စည်က အခေါင်းပေါက်လေးပါပြီးတော့ နည်းနည်းသက်တဲ့ဖက်ကို သွားပါတယ်။ အေးတဲ့ ရာသီဥတုမျိုးမှာ စိုက်ပျိုးရင်တော့ ပိုချိုတဲ့ ပင်စည်မျိုး ပိုကောင်းတဲ့ အရသာမျိုးကို ရနိုင်ပါတယ်လို့ ဆိုပါတယ်။

• နောက်တစ်ခုက ဥ ဥတဲ့ Celeriac၊ သူက ထူးဆန်းသွားတာက အမြစ်စနစ်ကြောင့်ပါ။ အမေရိကမှာဆို အများဆုံးစိုက်ပြီး သုံးကြပါတယ်။ အဲ့အမြစ်ကဖြစ်လာတဲ့ ဥကိုလည်းစားသလို အပင်ကပင်စည်ကိုလည်း စားကြပါသေးတယ်။

• ဥပါတဲ့မျိုးကို စိုက်ပျိုးမယ်ဆိုရင်တော့ ၁၀၅ ရက် ကနေ ၁၃၀ ရက် လောက်ကြာပါတယ်။ သူကကျတော့ အပူချိန်ပြောင်းလဲသွားတာနဲ့ ကြီးထွားမှုက ရပ်သွားပါတယ်။ အသင့်တော်ဆုံး အပူချိန်ကတော့ ၂၃ ဒီဂရီစင်တီ ဂရိတ် ဖြစ်ပြီး ညဖက်မှာ ၁၀ ကနေ ၁၅ ဒီဂရီစင်တီဂရိတ် ရှိနေရင် အကောင်းဆုံးဖြစ်ပါတယ်။

အိုးလေးခွက်လေးတွေထဲမှာ စိုက်ပျိုးမယ်ဆိုရင် လိုအပ်တဲ့ ရာသီဥတု

• နံနံပင်ဟာ ရှည်လျားတဲ့ သက်တမ်းရှိပြီး အေးတာကိုကြိုက်ပါတယ်။

• မျိုးစေ့ကနေ အပင်ပေါက်လာဖို့အတွက်ဆိုရင် နွေဦးရာသီလိုမျိုး ရာသီကိုကြိုက်နှစ်သက်တာဖြစ်ပါတယ်။

• ၁၃ ဒီဂရီဆဲလ်စီးယပ် အောက်ရှိတဲ့ အပူချိန်မှာ အပင်ပေါက်နှုန်းပိုကောင်းပါတယ်။

• အပင်ပေါက်လေးတွေဟာ အမြဲတမ်းအေးမြနေဖို့ လိုအပ်ပြီးတော့ သူတို့ကိုစိုက်ပျိုးထားတဲ့ မြေကြီးကလည်း အစိုဓာတ်ပြတ်သွားလို့ မရပါဘူး

• မျိုးညှောင့်စပေါက်နိုင်တဲ့ အပူချိန်က - ၅ ဒီဂရီဆဲလ်စီးယပ် ဖြစ်ပြီး မျိုးပေါက်နှုန်းအကောင်းဆုံး အချိန် ကတော့ ၁၅ ကနေ ၂၁ ကြား ဖြစ်ပါတယ်။

• အေးတဲ့ရာသီမှာတောင် မျိုးလေးတွေချထားတယ်ဆိုရင် အပင်လေးတွေပေါက်လာဖို့အတွက် (၂)ပတ်ကနေ (၃)ပတ်လောက်အထိ ကြာနိုင်ပါတယ်။

• အပင်လေးတွေကို ရွေ့ပြောင်းစိုက်မယ်ဆိုရင်တော့ ၁၆ ဒီဂရီဆဲလ်စီးယပ် ကနေ ၂၁ ဒီဂရီဆဲလ်စီးယပ် မှာဆိုရင် အကောင်းဆုံး ကြီးထွားမှုကို ရရှိမှာဖြစ်ပါတယ်။

• အပူချိန် (၂၅) ဒီဂရီဆဲလ်စီးယပ် ကျော်သွားတယ်ဆိုရင်တော့ အပင်ကြီးထွားမှုက နှေးသွားမှာဖြစ်ပြီး အပူချိန် က များနေတယ်ဆိုရင်တော့ အရွက်တွေ စပြီးတော့ညိုလာမှာပါ။

အိုးထဲက နံနံပင်တွေ မျိုးပွားတဲ့ အကြောင်း

အိုးထဲမှာစိုက်ဖို့ နံနံပင်တွေကို ပွားများမယ်ဆိုရင် အစေ့ကနေ တိုက်ရိုက်စိုက်တာဖြစ်ဖြစ်၊ တစ်ခြားမှာပျိုးထားပြီး တော့မှ အိုးထဲကို ပြန်ပြောင်းစိုက်တာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ အကောင်းဆုံးကတော့ အစေ့လေးတွေကို အိုးထဲမှာ တစ်ခါတည်းထည့်ပြီးတော့ စိုက်ပျိုးလိုက်တာပါပဲ။

အစေ့ကနေ မျိုးပွားမယ်ဆိုရင်

• မျိုးလေးတွေက အလွယ်တကူဝယ်လို့ရတဲ့ မဲမဲရှည်မျောမျော အစေ့လေးတွေပါ။ မျိုးညှောင့်လေးတွေ ပေါက်ဖို့ အကောင်းဆုံးအပူချိန် (၁၅ ဒီဂရီ ဆဲလ်စီးယပ်) ရှိတဲ့ အချိန်ကိုရွေးပြီးတော့ ပျိုးထောင်ပါ။ အပင်လေးတွေ ထွက်လာဖို့ ကြာတာကြောင့်မို့ စိတ်တော့ရှည်ရှည်လေးထားပါ။ အစေ့တွေကို မစိုက်ခင်မှာ ရေထဲမှာ (၁၂) နာရီလောက်စိမ်ထားပါ။

• အပူချိန်က ၁၀ အောက် ကျလို့မရပါဘူး၊ ကျသွားရင်တော့ အစေ့လေးက တောင့်တင်းသွားပြီးတော့ အပင်ထွက်လာမှာ မဟုတ်တော့ပါဘူးနော်။

• ရွေ့ပြောင်းစိုက်ဖို့ကျပြန်တော့ အမြစ်လေးတွေကို ထိခိုက်နိုင်တာကြောင့် သတိထားဖို့လိုပါတယ်။ ရွေ့စိုက် မယ်ဆိုရင်တော့ ၂ လက်မ ကနေ ၃ လက်မ အပင်အမြင့်လောက်ရှိတဲ့အချိန်မှာ ပြောင်းစိုက်ပေးပါ။

ရွေ့ပြောင်းစိုက်တဲ့ ပုံစံနဲ့ စိုက်မယ်ဆိုရင်တော့

• ကိုယ်ပြောင်းစိုက်မဲ့အိုးက အနက် (၅)လက်မလောက်ရှိဖို့လိုပါတယ်။ ပြောင်းစိုက်တဲ့အခါကျတော့ မြေ များ များထည့်ထားပေးနိုင်ရင် အမြစ်တွေက ပိုပြီးတော့ မြဲတာပေါ့လေ

• နောက်တစ်ချက်ကတော့ အပင်သေးသေးလေးတွေကို ပြောင်းစိုက်ရတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အပင် ငယ်လေးတွေက အမြစ်သေးသေးလေးတွေကို မထိခိုက်မိအောင် သေချာဂရုစိုက်ပေးဖို့ လိုအပ်တာဖြစ်ပါတယ်။ အိမ်ပြင်က ခွက်လေးတွေထဲကို ပြောင်းစိုက်မယ်ဆိုရင်လည်း အပင်တွေ ခံနိုင်ရည်ရှိအောင် ရေဖြတ်ထားတာ မျိုးလို အပင်တွေသန်မာလာအောင်လို့ လုပ်ပေးတာမျိုး လုပ်ပေးရင်ပိုပြီးတော့ ကောင်းပါတယ်။ အိုးလေးနဲ့ပဲ ဆိုရင် နေ့ဖက်မှာ အပြင်မှာထားပြီးတော့ ညဖက်မှာ အထဲ ပြန်ထည့်ထားပေါ။

အိုးတွေ ရွှေးကြတာပေါ့

နံနံပင်စိုက်မှာကတော့ ဟုတ်ပါပြီ ဘာနဲ့ထည့်စိုက်ကြမလဲဆိုတာကို ဆက်သွားကြတာပေါ့။

- အမြစ်က မြေအောက်အနက်အထိမဝင်ပဲ တိမ်တိမ်လေးဖြစ်တာကြောင့်မို့ ထည့်စရာသေးသေးလေး ဖြစ်နေ ရင်တောင် စိုက်လို့ပျိုးလို့ရပါတယ်။

- အကောင်းဆုံးကို ပြောပါဆိုရင်တော့ ၈ လက်မလောက် အနက်ရှိတဲ့ ခွက်တွေဆိုရင် အဆင်ပြေမှာပါ။

- အပင်တွေ အများကြိးစိုက်မယ်ဆိုရင်တော့ အနက် (၈)လက်မ၊ အလျား (၁၀) လက်မလောက်ရှိတဲ့ခွက်လေး တွေ ရွေးလို့ရပါတယ်။

- ပလပ်စတစ်ခွက်ဖြစ်၊ မြေအိုးပဲဖြစ်ဖြစ်၊ ကြွေအိုးပဲဖြစ်ဖြစ်၊ ပုံးအကွဲပဲဖြစ်ဖြစ် သုံးလို့ရပါတယ်။ မြေအစို ခြောက်တာမြန်တဲ့ အိုးတွေကတော့ ရှောင်ပေးရမှာပေါ့။ သူက စိုနေတာကိုကြိုက်တာကိုး။

- ပလပ်စတစ်ကတော့ အကောင်းဆုံးလို့ ပြောထားတာမို့ ရေပုံးတွေ ဇလုံတွေ စုပါတော့။

- အပေါက်လေးတွေဖောက်ဖို့တော့ လိုတယ်၊ ရေထွက်ဖို့ပေါ့၊ တကယ်လို့ ပုံးအကွဲနဲ့ စိုက်တာဆိုရင်တော့ ရေထွက်ဖို့ အော်ရဂျင်နယ်ပါပြီးသား ကွက်တိပေါ့။ မပါရင်တော့ ၂ ပေါက် ၃ ပေါက်ဖောက်ထားပေးဖို့ ဖြစ်ပါ တယ်။

- အောက်က အပေါက်ကနေ ရေတင်မက မြေကြီးတွေပါ ထွက်သွားမှာစိုးလို့ အဲ့အပေါက်ကနေ မြေတွေ မထွက်နိုင်အောင် ခဲလုံးလေးတွေ ခံတာပဲဖြစ်ဖြစ်၊ ကောက်ရိုးတွေ ခံတာပဲဖြစ်ဖြစ်၊ လုပ်ပေးရမှာပေါ့။ ဒီလောက် ကတော့ စကျွမ်းပါ ဟုတ်တယ်ဟုတ်။…

မြေကြီး

စိုက်ဖို့ ပျိုးဖို့ မြေကြီးကိုရွေးကြတာပေါ့

- ရေဝင်ရေထွက်ကောင်း ရေမဝပ်တဲ့ မြေလည်းဖြစ်ဖို့လိုပြီးတော့ မြေဆီသြဇာကောင်းတဲ့မြေကို ရွေးဖို့ လိုအပ် ပါတယ်။

- မြေချဉ်ငံကိန်းကတော့ ၆ ကနေ ၆.၅ ကြားရှိဖို့လိုပြီးတော့ မြေက ချဉ်နေတယ်ဆိုရင်တော့ ထုံးနည်းနည်း ဖြူးပေးလိုက်ပေါ့။

- မြေဆွေးဖြစ်ဖြစ် သစ်ရွက်ဆွေးတွေဖြစ်ဖြစ် ပေါင်းထည့်ပြီးတော့ ရေထိန်းအားကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပေးနိုင်ပါတယ်။

- မြေသြဇာကျွေးချင်တယ်ဆိုရင်တော့ ၅-၁၀-၁၀ အချိုးနဲ့ မြေသြဇာကို ထည့်ပေးလို့ ရပါတယ်။

အိုးထဲမှာ စိုက်ပျိုးကြတဲ့ အဆင့်ဆင့်

- အပင်ပေါက်လေးတွေ ရဖို့အတွက်ဆို အိမ်ထဲမှာ စိုက်တာ အဆင်ပိုပြေပါတယ်။ အပင်ပေါက်တာက အိမ်ထဲ မှာဆိုရင် ပိုပြီးတော့ ကောင်းလို့ပါ။

- အရည်အသွေးကောင်းတဲ့မျိုးကို ရှာဝယ်ပြီးတော့ မစိုက်ခင်တစ်ညလောက်ကို ရေစိမ်ထားပေးရမှာပါ၊ ပင် ညှောင့်ပေါက်တာ ပိုမြန်အောင်လို့လုပ်ပေးရတာဖြစ်ပါတယ်။

- နောက်တော့ ကိုယ်စိုက်မဲ့ အိုးထဲမှာ ခုဏကပြောပြထားတဲ့ မြေကိုစပ်ပြီးတော့ထည့်၊ နောက်ကျ ရေစိမ် ထားတဲ့ အစေ့လေးတွေကို စိုက်တဲ့အဆင့်ပေါ့။

- မျိုးစေ့တွေကို မြေကြီးနဲ့ ပြန်မဖုံးလိုက်ပါနဲ့၊ အစေ့လေးတွေကို မြေထဲထိုးပြီးရင် အဲ့အတိုင်းပဲ ထားလိုက် ပြီးတော့ အစေ့နားက မြေလေးတွေ စိုနေအောင်လို့ပဲ ဂရုစိုက်ပေးပါ။

- ကဲ အစေ့လေးတွေကိုလည်း ထည့်ပြီးပြီ။ မြေလေးတွေလည်း စိုနေပြီဆိုရင် အိုးလေးတွေထဲက အစိုဓာတ် လေးတွေ မဆုံးရူံးအောင်လို့ ပလပ်စတစ်လေးနဲ့ အုပ်ထားပေးဖို့ဖြစ်ပါတယ်။ စက္ကူနဲ့ပဲဖြစ်ဖြစ်ပေါ့။

- တစ်ပတ်လောက်တော့ ပုံမှန်အစိုဓာတ်ရအောင်လို့ ရေလောင်းပေးရင်းနဲ့ စောင့်ရမှာပါ။ အပင်လေးသေးသေး လေးတွေ ထွက်လာရင်တော့ အပေါ်ကအဖုံးလေးကို ဖယ်ထုတ်လိုက်လို့ရပါတယ်။  အစိုဓာတ်လေးတွေ မပြတ် အောင်တော့ ဂရုစိုက်နော်။

- ပြောင်းစိုက်မယ်ဆိုရင်တော့ အပင်လေးတွေ (၂) လက်မ (၃) လက်မလောက်ရှိတဲ့အချိန်မှာ ကိုယ်ပြောင်း ချင်တဲ့ အိုးလေးတွေကို ဂရုတစိုက်ပြောင်းပြီး စိုက်ပေးဖို့ဖြစ်ပါတယ်။

- အပင်လေးတွေ ရွေ့မစိုက်ခင်မှာ ၂ ပတ်လောက်ကို အပင်လေးတွေ မာလာအောင် ရေဖြတ်တာမျိုး၊ ရာသီ ပြောင်းတာမျိုး စတာလေးတွေ လုပ်ထားပေးရင်တော့ အပင်လေးတွေက ခံနိုင်ရည်အား ပိုကောင်းမှာဖြစ်ပါ တယ်။

- နောက်ပိုင်း တောက်လျှောက်ကတော့ ရေလောင်းရုံပါပဲ။ 

- အပင်လေးတွေ ၆ လက်မ ၇ လက်မလောက် ရှည်လာရင် အမြစ်နားမှာ ကောက်ရိုးဖုံးတာလိုမျိုး လုပ်ပေး ရမှာပါ။ အမြစ်တွေက တိမ်တိမ်လေးနေပြီးတော့ ပွားများလာတော့ မြေတွေပေါ်မှာပေါ်လာတတ်ပါတယ်။ နေရောင်များ အမြစ်တွေကို ထိသွားတယ်ဆိုရင်တော့ အပင်လေးတွ မခံနိုင်ဖြစ်မှာပါ။

အပင်လေးတွေ ပြောင်းစိုက်တဲ့နည်းလမ်း

- တကယ်လို့များ အပင်သေးသေးလေးတွေကို ပြောင်းစိုက်မယ်ဆိုရင်တော့ မြေမှာ လက်မဝက်လောက် အပေါက်လေးတွေ ဖောက်ပြီးတော့မှ အပင်လေးတွေ စိုက်ပေးဖို့ဖြစ်ပါတယ်။ ပြီးတော့ အမြစ်လေးတွေကိုပဲ မြေပြန်ဖုံးပေးပါ။ အမြစ်ကနေကျော်ပြီးတော့ ပင်စည်လေးတွေကို မဖုံးမိအောင် သတိထားပေးပါ။ 

- အမြစ်လေးတွေမှာ မြေဖုံးတာများသွားရင် အမြစ်လေးတွေမှာ လေဝင်လေထွက်မကောင်းတာမျိုး၊ ထိုးဖောက် နိုင်စွမ်းအားတွေ ကျသွားနိုင်တာကြောင့် မြေအများကြီး မဖုံးမိအောင်၊ သတိထားပေးဖို့လိုပါတယ်။

- မြေဆွေးလေးတွေကို အရည်ဖျော်ပြီးတော့ တစ်ပင်ကို တစ်ဇွန်းလောက်စီ လိုက်လောင်းပေးပါ။ ရေဖျော်ထား တာက အပင်တွေ ပိုရနိုင်တာမို့ပါ။ 

- အပင်တွေကို ရေမပြတ်အောင်လို့ သေသေချာချာ ဂရုစိုက်ပေးပါ။ 

- တစ်လကိုတစ်ခါလောက် မြေဆွေးလေးတွေထည့်ပေးနိုင်ရင် ကောင်းပါတယ်။ 

ရေလောင်းဖို့ လိုအပ်ချက်တွေ 

- နံနံပင်က ရေလိုအပ်ချက်များတဲ့အထဲမှာပါတာကြောင့် စိုက်ထားတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ရေမပြတ် အောင် လောင်းပေးဖို့လိုပါတယ်။ အဲ့လိုမှသာ ပင်စည်လေးကရှည်ထွက်နိုင်ပြီးတော့ ချိုတဲ့အရသာကို ရမှာဖြစ် ပါတယ်။

- ရေပြတ်တာနဲ့ချက်ချင်း ညှိုးတာကြောင့်မို့ ရေခြောက်သွားတဲ့အထိ မဖြစ်အောင်ထားပေးပါ။

- တစ်ရက်ကို တစ်ခါလောက်တော့ လောင်းပေးပါ။

အပူချိန်နဲ့ နေရောင်

- ကောင်းမွန်တဲ့ အပင်ကလေးကို ရရှိနိုင်ဖို့အတွက် နေရောင်ကို ၆ နာရီကနေ ၇ နာရီလောက်ကို ရနေဖို့ လို အပ်ပါတယ်။ 

- ပူတဲ့အချိန်ဆိုရင် ညနေဖက်တွေမှာ အမိုးလေးတွေ ထဲပြောင်းထည့်ပေးဖို့လိုပါတယ်။

- နေ့အပူချိန် ၁၅ ကနေ ၂၀ဒီဂရီ ဆဲလ်စီးယပ်ကြား နဲ့ ညအပူချိန် ၁၀ ကနေ ၁၅ ဒီဂရီဆဲလ်စီးယပ် ရှိဖို့ လိုအပ်ပါတယ်။

ဘယ်နေရာမှာထားရမှာလဲ

 နေရောင် (၄) ကနေ (၅)နာရီ ရနေတဲ့ လေရတဲ့ ဘယ်နေရာမဆို ထားပေးလို့ရပါတယ်။

 နောက်ဖေးခြံ၊ အိမ်ရှေ့ကခြံ၊ ပြတင်းပေါက်နား၊ စတာတွေက ကိုယ့်နံနံပင်အိုးလေးတွေထားဖို့ အကောင်းဆုံး ပဲဖြစ်ပါတယ်။ 

ဖုံးအုပ်ပေးခြင်း

- အအေးကြိုက်တဲ့ အပင်ဖြစ်တာကြောင့် ကိုယ်က မြေကို အေးအောင်ထားပေးနိုင်ရင်တော့ အကောင်းဆုံး အရည်အသွေးကို ရနိုင်တာဖြစ်ပါတယ်။ 

- ကောက်ရိုးဖုံးတာက မြေကြီးက အစိုဓာတ်ကို ထိန်းနိုင်အောင်လို့ လုပ်ပေးတာဖြစ်ပါတယ်။

- အပင်တွေ (၆) လက်မလောက်အမြင့် ရောက်တဲ့အခါ မြေမှာဖုံးအုပ်ပေးတာတွေ လုပ်ပေးရမှာပါ။

- အရွက်ခြောက်တွေ၊ ကောက်ရိုးခြောက်တွေ၊ မြက်ခြောက်တွေ နဲ့ အခြားပစ္စည်းတွေကို ၂ လက်မကနေ ၃လက်မ လောက်အထိ ဖုံးထားပေးဖို့ဖြစ်ပါတယ်။

- အဲ့လိုလုပ်ပေးတာက မြက်ပင်တွေပေါက်တာကိုလည်း သက်သာကောင်းမွန်စေပါတယ်။

မြေသြဇာထည့်ပေးခြင်း

- ၂ ပတ်ကနေ ၄ ပတ်ခြားတစ်ခါလောက်ကို မြေသြဇာလေးတွေထည့်သွင်းပေးပါ။

- နံနံပင်က အစားကြီးတဲ့ အပင်ဖြစ်တာကြောင့် မြေသြဇာကောင်းကောင်း လိုအပ်ပါတယ်။ အပင်လေးတွေက သန်မာပြီးတော့ အရသာရှိနေဖို့ အတွက်ကို နိုက်ထရိုဂျင်ပါတဲ့ မြေသြဇာကို (၁၅) ရက်တစ်ခါ ကျွေးပေးတာ ပဲဖြစ်ဖြစ် လုပ်ပေးဖို့ဖြစ်ပါတယ်။ 

- အော်ဂဲနစ်မြေသြဇာတွေကိုလည်း သုံးနိုင်ပါတယ်။

- တစ်လကို တစ်ကြိမ်ကနေ ၃ ကြိမ် အထိ မြေထဲ ကို အာဟာရဖြစ်စေတဲ့ မြေဆွေးကို ပေါင်းထည့်ပေးတာ ပဲဖြစ်ဖြစ်လုပ်ပေးရင် အကောင်းဆုံးပါပဲ။ 

- မြေဆွေးရေကိုလည်း ပေါင်းထည့်ပေးလို့ရပါတယ်။ 

အင်းဆက်ပိုးမွှားကျရောက်ဖျက်ဆီးမှု

- ကျရောက်တတ်တဲ့ပိုးကို နှိမ်နင်းကာကွယ်နိုင်ဆိုရင်တော့ ပထမဆုံးး (၄)ပတ် ကနေ (၆) ပတ် သား လေး တွေအထိကို ကာထားပေးဖို့ပါပဲ။

- ရောဂါတွေထဲမှာတော့ ရွက်ပြောက်ဖြစ်တတ်တာများပါတယ်။ လိုအပ်မှ ဆေးကို သုံးပေးဖို့ဖြစ်ပါတယ်။

ရိတ်သိမ်းတာနဲ့ သိုလှောင်ခြင်း

- ရက်ပေါင်း (၈၀) ကနေ (၁၀၀) ကြာတဲ့အခါ စပြီးရိတ်သိမ်းလို့ရပါပြီ။ 

- စားချင်တဲ့အချိန် ခူးစားလိုက်ရုံပဲလေ။ 

- အကြာကြီးထားချင်တယ်ဆိုရင်တော့ ၁၆ ကနေ ၁၈ ဒီဂရီဆဲလ်စီးယပ်မှာလောက်မှာလည်း ထားလို့ရတယ်

- ရေခဲသေတ္တာထဲမှာ လေလုံတဲ့ ပလပ်စတစ်အိတ်နဲ့ ထည့်ထားရင် တစ်ပတ်ကျော်ကျော်လောက် အထားခံပါ တယ်တဲ့။

ကဲ နံနံပင်များ စိုက်ကာထား ……. စားသုံးကြစေသား…..

Htunn Win Kyaw

https://www.agrifarming.in/growing-celery-in-containers-pots-backyards-at-home/

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်