ရုတ်တရက် သွေးနီရောင် ပြောင်းသွားတဲ့ မြစ်တစင်း

17/01/2018 15:18 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

တရုတ်နိုင်ငံ အရှေ့ဘက် ဇီကျန်ပြည်နယ် ကျန်မေ့ကျောင်းရွာအနီး မြစ်ထဲ က ရေတွေဟာ ထူးထူးဆန်း ဆန်း သွေးနီရောင်ကို ရုတ်တရက် ပြောင်းလဲသွားပါတယ်။ 

ဇီကျန်းပြည်နယ် ဒေသခံတွေပြောတာကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ပီကင်း စံတော်ချိန် မနက် ၅ နာရီ လောက်က ပုံမှန်အတိုင်း ရှိတာမြင်ကြရပါတယ်တဲ့။ ဒါပေမယ့် အဲဒီနေ့ မနက် ၁ နာရီလောက် အတွင်း 
သွေးနီရောင်ပြောင်းသွားတာပဲလို့ ဇူလိုင်လ ၂၅ ရက်နေ့  အေဘီစီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

ဒေသခံတွေပြောတာက ထူးထူးဆန်းဆန်း အနံ့အသက်မျိုးလည်း လေထဲ ပျံ့နေတယ်လို့လည်း ပြောကြပါ တယ်

 

“ရေက ပုံမှန်အတိုင်း ကြည်ကြည်လင်လင်ဆိုတော့ ကျနော်တို့လည်း ငါးဖမ်းဖို့ လုပ်တာပေါ့။ အဲဒီမှာ တကယ့်ကို ထူးဆန်းအံ့သြဖို့ ကောင်းတာဖြစ်လာတာဘဲ” လို့ ဒေသခံ ရွာသားတဦးက မှတ်ချက်ပေးထားပါ တယ်။ 

ဝမ်ကျောင် သဘာယ ပတ်ဝန်ကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေး ဗျူရိုက စုံစမ်းရေးမှူးတွေ ပြောတာ မှာတော့ အခုလို ရုတ်တရက်ဖြစ်သွားရတဲ့ အကြောင်းအရင်းကိုတော့ သူတို့ ရှာမတွေ့ရသေးဘူးလို့ ပြောပါ တယ်။ 

 ဒါပေမယ့် ရေနမူနာတွေကို ယူပြီး စစ်ဆေးတဲ့အခါမှာတော့ သံသယဖြစ်စေတဲ့ အရောင်ဟာ မြစ် ထဲမှာ တရားမဝင် ဆိုးဆေး တွေ၊ စွန့်ပစ်ပစ္စည်းတွေ သွန်ကြတာရဲ့ အကျိုးဆက်လို့ ပြောပါတယ်။ 

 “ကျတော်တို့ သံယယဖြစ်တာက တယောက်ယောက်က ဓာတုဆိုးဆေးတွေကို ရေထဲ စွန့်ပစ်လိုက်တာ
ဖြစ်နိုင်တယ်။ မနေ့ က လည်း တိုင်ဖုန်းမုန်းတိုင်းကြောင့် မိုးက တော်တော်သည်းတော့ ဘယ်သူမှ ဒါကို သတိထားမိမှာ မဟုတ်ဘူး ထင်ပြီး လုပ် လိုက်တာဖြစ်မယ်” လို့ ဝမ်ကျောင် သဘာယ ပတ်ဝန်ကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေး ဗျူရို အကြီးအကဲ ကျန်ဖန် ဂျောင်း က ပြောထားပါတယ်။ 

သူက ဆက်ပြောတာက မြစ်ရိုးတလျှောက် အစားအသောက် လုပ်ငန်း ကုမ္ပဏီတခုနဲ့ ယက္ကန်းရုံ တခု၊ စက္ကူစက်တခုလည်း ရှိတာကြောင့် ဒီကိစ္စကို ဗျူရိုအနေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ 

မှတ်ချက်။    ။ သတင်းမှာ ပါသော အဲဒီ တရုတ် ဒသခံတွေ ပြောတဲ့ မြစ်ဆိုတာက မြန်မာနိုင်ငံ က  
ရေမြောင်း တခုလိုပါဘဲ။ 

ဓာတ္ပံု- China Newscom

အိမ့်သံစဉ် ~

REF : ဧရာဝတီ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်