ချယ်ရီခရမ်းချဉ်သီးကို အိုး ဒါမှမဟုတ် ဗန်းနဲ့ ဘယ်လိုစိုက်ပျိုးမလဲ?

29/04/2019 17:00 PM တွင် Thin Thazin Thin Thazin မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ချယ်ရီခရမ်းချဉ်သီးများကို အိုးနှင့်ဘယ်လိုစိုက်ပျိုးမလဲ?

ချယ်ရီခရမ်းချဉ်သီးတွေကို အိုး ဒါမှမဟုတ် ဗန်းထဲမှာ ဘယ်လိုစိုက်ပျိုးမလဲဆိုတာကို ဒီနေ့ ကျွန်တော်တို့ ဆွေးနွေးကြရအောင်။

ချယ်ရီခရမ်းချဉ်ပင်များသည် သေးငယ်၍ လုံးဝိုင်းသော ခရမ်းချဉ်သီးများကို သီးပါသည်။ အဆိုပါ ခရမ်းချဉ်သီးများသည် လတ်လတ် ဆတ်ဆတ် အစိမ်းစား၍ရသလို သုပ်စား၍လည်း ရပါသည်။ သေချာဂရုတစိုက် စိုက်ပျိုးမည်ဆိုပါက ချယ်ရီခရမ်းချဉ်ပင် တစ်ပင်သည် မိသားစုတစ်စုစားသုံးရန် လုံလောက်သော ခရမ်းချဉ်သီးများကို သီးပေးနိုင်ပါသည်။

ချယ်ရီခရမ်းချဉ်ပင်များသည် နွေးသောရာသီဥတုကို နှစ်သက်သောအပင်များဖြစ်သဖြင့် အိုး (သို့မဟုတ်) ထည့် စရာခွက်တစ်ခုခုတွင် ထည့်စိုက်ပါက ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်ပါသည်။ ချယ်ရီခရမ်းခဉ်ပင်ကို ယခုမှ စတင် စိုက်ပျိုးမည့် တောင်သူများပင်လျှင် အိုးနှင့်စိုက်ပျိုးခြင်းကို အောင်မြင်စွာပြုလုပ်နိုင်ပါသည်။

ချယ်ရီခရမ်းချဉ်အစေ့များသည်  မြန်မြန်အညှောင့်ပေါက်ပြီး အမိုးအကာအောက်တွင် စိုက်ပျိုးမည်ဆိုပါက ဂရုစိုက်ပေးရန် လိုအပ်ပါသည်။ ခက်ခက်ခဲခဲမဟုတ်ဘဲ အထွက်နှုန်းကောင်းကောင်း ရနိုင်သော ခရမ်းချဉ်မျိုးကို စိုက်ပျိုးလိုသည့် တောင်သူများအတွက် ချယ်ရီခရမ်းချဉ်သည် အကောင်းဆုံး ဖြစ်ပါသည်။ ချယ်ရီခရမ်းချဉ်သီးများသည် အရောင်အမျိုးမျိုး (ဥပမာ- လိမ္မော်ရောင်၊ အဝါရောင်၊ အဖြူရောင်) ရှိနိုင်ပါသည်။ မိမိဥယျာဉ်ခြံအတွင်းစိုက်ပျိုးရန် အလွန်ကောင်းမွန်သော်လည်း အိုးများ၊ ခရမ်းချဉ်စိုက်ပျိုးသည့် အိတ်များဖြင့်လည်း စိုက်ပျိုးနိုင်ပါသည်။

ချယ်ရီခရမ်းချဉ်စိုက်ပျိုးရန် နည်းလမ်းအဆင့်ဆင့်ကို ပြေပြသွားပါမည်။

သင့်တော်သော ရာသီဥတု

ချယ်ရီခရမ်းချဉ်သီးများကို မည်သည့်ပတ်ဝန်းကျင် အခြေအနေမျိုးတွင်မဆို စိုက်ပျိုးနိုင်ပါသည်။ သို့သော် စီးပွားဖြစ်စိုက်ပျိုးမည်ဆိုပါက နောက်ဆုံးအကြိမ် နှင်းခါးများကျပြီးသည့်အချိန်တွင် စိုက် ပျိုးပါက ပိုမိုကောင်းမွန်ပါသည်။ အကယ်၍ သင့်နေဖြင့် ချယ်ရီခရမ်းချဉ်ကို အိုးအတွင်းထည့်၍ စိုက် ပျိုးလိုပါက အစေ့များကို ပြုပြင်ထားသောမြေ ထည့်ထားသည့် ခွက်ငယ်အတွင်းထည့်၍ စိုက်ပျိုးသင့်သည်။

ချယ်ရီခရမ်းချဉ်များကို အိုးဖြင့်စိုက်ပျိုးခြင်း

ချယ်ရီခရမ်းချဉ်မျိုးစေ့များကို အိုးဖြင့်စိုက်ပျိုးမည်ဆိုပါက အိုးအချင်းသည် အနည်းဆုံး (၃ လက်မ) ခန့် ရှိရမည်။ အိုးအနက်သည် တစ်လက္မခန့်ရှိရမည်ဖြစ်ပြီး အိုးတစ်အိုးလျှင် မျိုးစေ့နှစ်စေ့ထည့်၍ စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီးပါက စိုက်ပျိုးရန် ပြုပြင်ထားသောမြေကို အိုးအတွင်း ထပ်မံဖြည့်ပေးရမည်။ ပြုပြင်ထားသော မြေသည် အစိုဓာတ်ကို ထိန်းသိမ်းနိုင်စွမ်းရှိရမည်။

မျိုးစေ့များအညှောင့်ပေါက်ရန် အချိန်နှစ်ပတ်ခန့် ကြာမြင့်မည်ဖြစ်သည်။ အိုးကို ကြည်လင်သန့်ရှင်း သော ပလက်စတစ်အိတ်ဖြင့် ဖုံးအုပ်ထားခြင်းဖြင့် မျိုးစေ့များကို လျင်မြန်စွာ အညှောင့်ပေါက်စေပါသည်။ အိုးများကို ပလက်စတစ်အိတ် မဖယ်ဘဲ နွေးထွေးသော အခန်းအတွင်း ထည့်သွင်းထားရပါမည်။ မျိုးစေ့များ စတင်အညှောင့်ပေါက်ပြီဆိုပါက ပလက်စတစ်အိတ်များကို ဖယ်ရှားပြီး အိုးများကို နေရောင်ခြည် လုံလုံလောက် လောက်ရသည့်နေရာတွင် ရွှေ့ပြောင်းထားရမည်။ အိုးအတွင်းရှိ မြေကြီးခြောက်သွေ့နေပါက အစိုဓာတ်ရရှိရန် ရေလောင်းပေးရမည်ဖြစ်သော်လည်း ရေကိုအလွန်အကျွံ မလောင်းသင့်ပေ။ အပင်များ တဖြည်းဖြည်း ကြီးထွားလာပါက အရွယ်အစားပိုကြီးသော အိုးအတွင်းသို့ ရွှေ့ပြောင်းနိုင်သည်။ အချင်း (၆ လက္မ မှ ၈ လက္မ) ရှိသော ရွှံ့စေးမြေအိုးများသည် အပင်များကို ထောက်ပံ့မှုကောင်းကောင်းပေးနိုင်သဖြင့် ရွှေ့ပြောင်းစိုက်ပျိုးရန်အတွက် မြေအိုးများကို ရွေးချယ်မည်ဆိုပါက ပိုမိုကောင်းမွန်ပါသည်။ သင့်အနေဖြင့် အရည်အသွေးကောင်းမွန်သော ပလက်စတစ်အိုးများကိုလည်း အသုံးပြုနိုင်ပါသည်။

ချယ်ရီခရမ်းချဉ်စိုက်ပျိုးရန် ပြုပြင်ထားသောမြေသည် အော်ဂဲနစ်မြေအမျိုးအစား ဖြစ်သင့်သည်။ ထိုမြေထဲသို့ မြေဆွေးများကိုလည်း ရောနှောအသုံးပြုနိုင်သည်။ ပြုပြင်ထားသောမြေကို အိုး၏သုံးပုံတစ်ပုံခန့်အထိဖြည့်ပြီး အလယ်တွင် အပေါက်ဖောက်ထားရမည်။ ဖောက်ထားသောအပေါက်သည် အမြစ်များ ကောင်းမွန်စွာဝင်ဆံ့ရန် (ထည့်လိုက်ပါက အမြစ်များမခေါက်စေရန်) သင့်လျော်သည့်အကျယ်အဝန်း ရှိရမည်။ ထို့နောက် အပင် (သို့) ပျိုးပင်များကို ၎င်းအပေါက်ထဲသို့ ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပြီဖြစ်သည်။ စိုက်ပြီးပါက အပေါက်ကို မြေကြီးဖြည့်ပေးရမည်ဖြစ်ပြီး အပင်မယိုင်လဲအောင် အပင်အောက်ခြေရှိမြေကြီးကို အနည်းငယ် ဖိနှိပ်ပေးရမည်။ ပျိုးပင်များကို ရေလောင်းရန် မမေ့ပါနှင့်။

ချယ်ရီခရမ်းချဉ်ပင်များ နေရောင်ခြည်ရရှိမှုအနေဖြင့် တစ်နေ့လျှင်အနည်းဆုံး ခြောက်နာရီရရှိနိုင်သည့် နေရာတွင် အိုးများကိုထားရမည်။  အစိုဓာတ်ကို သေချာထိန်းသိမ်းထားရမည်ဖြစ်ပြီး အရမ်းမစိုစွတ်စေရန် သတိပြုရမည်။ အာဟာရအနေဖြင့် ရေတွင်ပျော်ဝင်သော မြေသြဇာများကို တစ်ပတ်လျှင်တစ်ကြိမ် ကျွေးနိုင်သည်။ နောက်ထပ် အဓိကဂရုစိုက်ရမည့်အချက်မှာ ချယ်ရီခရမ်းချဉ်ပင်များကို ဒေါက်ထောက်ပေးခြင်း ဖြစ်သည်။ ဒေါက်ထောက်ပေးခြင်းဖြင့် အပင်များကြီးလာသည့်အခါ ယိုင်လဲမသွားအောင် ထိန်းထားနိုင်သည်။

ဖျက်ပိုးကာကွယ်နှိမ်နင်းရေး

ချယ်ရီခရမ်းချဉ်ပင်များကို ပိုးမွှားမကျရောက်စေရန် ကာကွယ်ရေးသည် အလွန်အရေးကြီးပါသည်။ ပင်စိမ်းပင်နှင့် ထပ်တရာပင်များကို ချယ်ရီခရမ်းချဉ်ပင်များအနီး စိုက်ပျိုးထားခြင်းဖြင့် ဖျက်ပိုးများကို ကာကွယ်နိုင်သည်။ ထို့အပြင် မိမိဒေသရှိ စိုက်ပျိုးရေးဌာန၏ လမ်းညွှန်အကြံပြုချက်နည်းလမ်း များကိုလည်း အသုံးပြုနိုင်ပါသည်။

သင့်လျော်သော ဂရုစိုက်မှုပေးမည်ဆိုပါက ချယ်ရီခရမ်းချဉ်ပင်များသည် နွေရာသီအလယ်မှစ၍ ဆောင်းရာသီကုန်သည်အထိ ကောင်းမွန်သော အထွက်နှုန်းကို ပေးစွမ်းနိုင်ပါသည်။

ချယ်ရီခရမ်းချဉ်များကို ဗန်းဖြင့်စိုက်ပျိုးခြင်း

ပထမဦးဆုံးအနေဖြင့် ပြုပြင်ထားသောမြေများကို ပျိုးဗန်းနှုတ်ခမ်းမရောက်မီ တစ်လက္မခန့်အထိ ဖြည့်ပါ။ မျက်နှာပြင်ညီညာအောင် လက်ဖြင့်ညှိပါ။ မြေကြီးနှံ့စပ်အောင် ရေလောင်းပေးရန်လိုအပ်ပြီး လုံးဝစိုစွတ်မနေစေရန် သတိပြုပါ။ ပုံမှန်ရေလောင်းပေးခြင်းဖြင့် မြေကြီးသည် ဗန်းထဲတွင်အသားကျနေမည် ဖြစ်သည်။ ခဲတံကိုအသုံးပြု၍ လက္မဝက်ခန့် အပေါက်များပြုလုပ်ပါ။ ပင်ကြားအကွာအဝေးသည် တစ်လက္မခန့်ရှိပြီး အပေါက်တစ်ပေါက်လျှင် အစေ့တစ်စေ့ချ၍ စိုက်ပျိုးပါ။ မျိုးစေ့များကို မြေခပ်ပါးပါး ဖုံးအုပ်ပါ။ ဗန်းများကို ပလက်စတစ်အပါးစဖြင့် ဖုံးအုပ်ပါ။ လေဝင်လေထွက်ကောင်းစေရန်အတွက် တစ်ဖက်ကို အနည်းငယ် ဖွင့်ထားရမည်။ ဗန်းများကို မှောင်၍ နွေးသောနေရာတွင် ထားရမည်ဖြစ်ပြီး အပူချိန်သည် အနည်းဆုံး (၂၁ ဒီဂရီ စင်တီဂရိတ်) ရှိရမည်။ မျိုးစေ့များ အညှောင့်ထွက်လာပြီး မြေကြီးပေါ် ပေါ်လာသည်အထိ ထားရမည်။ ထို့နောက် ဗန်းပေါ်ရှိ ပလက်စတစ်အပါးစများကို ဖယ်ရှားပြီး ဗန်းများကို လျှပ်စစ်မီး (အပင်များကြီးထွားစေရန် ပြုလုပ်ထားသော အလင်းရောင်ပေးသည့် လျှပ်စစ်မီးအလင်း) အလင်းရောင်အောက်ရှိ စင်ပေါ်တွင်ထားပါ။ နေဝင်၍ မှောင်လာသည်နှင့်တပြိုင်နက် ထိုလျှပ်စစ်မီးကို ဖွင့်ပေးရမည်။ ဗန်းများကို မီးအလင်းရောင်နှင့် (၆ လက္မ) အကွာတွင်ထားရမည်။ ဝပ်အားများသော လျှပ်စစ်မီးလုံးများအသုံးပြုလျှင် အပင်များကို မလောင်ကျွမ်းစေရန် မီးလုံးနှင့် ဗန်းများကြား အကွားအဝေးကို လက္မအနည်းငယ်ခန့် ညှိပေးနိုင် သည်။ ဗန်းထဲရှိပျိုးပင်များ (၄ လက္မ) ခန့်ရှိပြီဆိုပါက ပျိုးပင်များကို ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပြီဖြစ်သည်။ ခရမ်းချဉ်အပွင့်များ ပွင့်လန်းလာစေရန် ပန်းပွင့်များကို အသာအယာလှုပ်ပေးရမည်။ အသီးများ၏ အလေးချိန်ကြောင့် ပင်စည်မကွေးညွတ်စေရန်နှင့် ပင်စည်မကျိုးစေရန်အတွက် အပင်ကိုထောင်မတ်ပေးမည့် အထောက်အပံ့ (ဒေါက်တိုင်) များထားပေးရမည်။ ချယ်ရီခရမ်းချဉ်သီးများမှည့်လာပြီဆိုပါက အသီးများကို ရိတ်သိမ်းပေးနိုင်ပါသည်။ သို့မှသာ အပင်မှ အသီးများ ထပ်မံသီးနိုင်မည်ဖြစ်ပါသည်။ 

Royal Thazin

10.4.2019

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်