ကြက်ငယ်ချေးဖြူရောဂါ ကာကွယ်ဖို့..
ကြက်မွေးမြူသူတွေအနေနဲ့ ကြက်ငယ်တွေမှာ ဖြစ်ပွားတတ်တဲ့ ရောဂါတွေအကြောင်းကို သိရှိကာ ကြိုတင်ကာကွယ်မှုတွေပြုလုပ်နိုင်စေဖို့ ရည်ရွယ်ပြီး ရေးသားဖော်ပြလိုက်ရပါတယ်...
ချေးဖြူရောဂါဆိုတာ ကြက်ငယ်များမှာ အဖြစ်များတဲ့ ကြက်ရောဂါတစ်မျိုးဖြစ်ပါ။ ဘက်တီးရီးယား(Bacteria) ကြောင့်ဖြစ်ပြီးတော့
ရောဂါလက္ခဏာတွေကတော့
- အစာစားနှုန်း ကျခြင်း၊
- တောင်ပံများ ကျခြင်း၊
- လမ်းလျှောက်ရန် ခက်ခဲခြင်း၊
- ဝမ်းအရည် (သို့) အဖြူဖတ်များပါခြင်း၊
- မှိုင်တွေခြင်းစတာတွေကို တွေ့ရတတ်ပါတယ်..။
ရောဂါရှိနေတဲ့ ဥကြက်မကြီးတွေရဲ့ ဥကပေါက်ဖွားလာတဲ့ ကြက်ငယ်တွေက ရောဂါ ပိုဖြစ်ပွားလွယ်ပါတယ်။ ကြက်ငယ်အသက် ၃ ပတ်သားအရွယ်မှာ ဖြစ်ပွားတတ်ပြီး သေဆုံးမှု များပါတယ်။ အသက်(၅-၇)ရက်အတွင်း စတင်သေဆုံးနိုင်ပြီးတော့ ဥကြက်မကြီးတွေမှာတော့ ဖျားနာမှုလက္ခဏာကို တွေ့ရှိရလေ့မရှိပါ။
ကာကွယ်ကုသနည်းကတော့
-ကြက်ငယ်တွေရဲ့ အစာခွက်၊ရေခွက်နှင့် ကြက်ခြံပတ်ဝန်းကျင်ကို အထူးသန့်ရှင်းရန် လိုအပ်ပါတယ်။
-ရောဂါဖြစ်ပွားနေတဲ့ ကြက်ခြံတွေမှာ ဖျားနာနေတဲ့ ကြက်တွေကို သီးသန့်ခွဲထားသင့်ပြီးတော့ ကြက် သေဆုံးရင် မီးရှို့မြေမြှုပ်ခြင်းကို ပြုလုပ်ရပါမယ်။
-ချေးဖြူရောဂါကို ပဋိဇီဝဆေးများဖြင့်လည်း ကာကွယ်ကုသနိုင်ပါတယ်။
ကြက်ငယ်တွေချေးဖြူရောဂါကြောင့် သေဆုံးမှုနည်းပြီး ကြက်မွေးမြူသူများလည်း အဆင်ပြေ ကြပါစေဗျာ..
ရေးသားသူ- ဦးဇော်(dof)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
吞吞莱
လွန်ခဲ့သော ၁ နှစ် ကဘာဆေးတိုက်သင့်သလဲဗျာ။
Htet Htet Aung
လွန်ခဲ့သော ၂ နှစ် ကကာကွယ်ဆေးလေးသိချင်ပါတယ်ဗျ
ဖြိုးမြတ်
လွန်ခဲ့သော ၃ နှစ် ကဘာဆေးနှင့်ကာကွယ်ရမယ်ဆိုတာလဲမပြောပြဘူး
Ko Thet
လွန်ခဲ့သော ၄ နှစ် ကကျွန်တော့်ကြက်ေပါက်စလေးတေွချေးဖြူရောဂါကျနေပါတယ်ဘာဆေးတိုက်ရင်ကောင်းမလဲဗျသိရင်ကျေးဇူးပြု၍ပြောပေးပါလားဗျ။
ဆက်စပ်မေးခွန်းများ
ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ
zin Phyo naung • ဖြေကြားချက် 3 ခု
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
More from ဦးဇော်(dof)
အားလုံး