အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငရုတ်ပင်ငယ်စဥ်မှာ ဆိုးရွားတတ်တဲ့ ခါးရိရောဂါ( Chilli damping off)

ငရုတ်ပင်ငယ်စဥ်မှာ ဆိုးရွားတတ်တဲ့ ခါးရိရောဂါ( Chilli damping off)

အစကောင်းမှ အနှောင်းသေချာဆိုသလို ငရုတ်ပင်ရဲ့အစဖြစ်တဲ့ အစေ့၊ငရုတ်အပင်ပေါက်အရွယ်မှာ ခါးရိမှိုရောဂါဖြစ်ပြီဆိုရင်တော့ အထွက်လဲ မကောင်းနိုင်တော့ပါဘူး။
ဒါ့ကြောင့် ခါးရိမှိုရောဂါ မဖြစ်အောင်ဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတာ လေ့လာကြည့်ရအောင်လား။

ခါးရိရောဂါဖြစ်စေတဲ့ သက်ရှိမှိုဟာ မြေဆောင်မှိုရောဂါဖြစ်လို့ အစေ့တွေကိုပုပ်သွားစေတတ်ရုံသာမကဘူး အပင်ပေါက်တွေကိုလဲ သေဆုံးသွားစေတတ်ပါတယ်ဗျ။ရောဂါဖြစ်စေတတ်တဲ့သက်ရှိမှိုက စိုထိုင်းမှုမြင့်တာကိုကြိုက်နှစ်သက်လို့ ရေထုတ်မှုညံ့တဲ့မြေမှာ နှစ်ပေါင်းများစွာရှိနေတတ်ပြီး ခါးရိမှိုရောဂါကိုဖြစ်စေတတ်ပါတယ်။

ခါးရိရောဂါဖြစ်ရင် ဘယ်လိုလက္ခဏာတွေပြသလဲ?

-အစေ့တွေ အညှောက်ပေါက်နှုန်းကျမယ်၊မှိုမျှင်တွေတွယ်ကပ်နေတာတွေ့ရပါမယ်
-ငရုတ်အပင်ပေါက်တွေမှာဆိုရင် မြေကြီးနဲ့ထိစပ်နေတဲ့ပင်စည်အခြေနဲ့အမြစ်တစ်ရှူးတွေ ပုပ်နေတာကို တွေ့ရပါမယ်
-မှိုရောဂါရှိနေတဲ့ အစေ့တွေဟာ အညှောက်ထွက်ပြီး အပင်ပေါက်လေးဖြစ်လာတတ်ပေမဲ့ ရက်အနည်းငယ်ကြာမှာတော့ ရေစိုနာတွေပြပြီး ​ခါးရိကာ လဲကျ​သေ သွားပါမယ်
-မှိုရောဂါပြင်းထန်လာရင် (၂-၃)ရက်အတွင်းမှာ ပျိုးခင်းတစ်ခုလုံး ပျက်ဆီးစေနိုင်ပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ?

ခါးရိမှိုရောဂါဖြစ်နေပြီဆိုရင်တော့ ကုသဖို့ခက်ခဲသွားပါပြီ။ဒါ့ကြောင့် ဖြစ်မှကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်ဗျ
-ရောဂါကင်းတဲ့ မျိုးကောင်းမျိုးစေ့ကို စိုက်ပါ။
-အစေ့တွေကိုပျိုးချိန်မှာ လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပေးပါ။
-ခါးရိမှိုရောဂါက အစိုဓာတ်ကိုနှစ်သက်လို့ ရေကိုစနစ်တကျပေးပြီး ရေဝပ်တာ မျိုးတွေမဖြစ်အောင်ဂရုစိုက်ပါ။
-မျိုးစေ့များကို မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်ပြီး စိုက်ပျိုးပါ။ဥပမာ -(3g Captan or Thiram per kg seed)
-အပင်ပေါက်များကို တစ်ပင်နဲ့တစ်ပင် ချဲစိုက်ပါ။

ကဲ ဦးကြီးတို့ရဲ့ ငရုတ်ပင်လေးတွေ မှိုရောဂါကင်းပြီး အထွက်နှုန်းကောင်းကြပါစေဗျာ။

ထွန်းရာဇာ

Ref;https://www.planetnatural.com/pest-problem-solver/plant-disease/damping-off/
http://agropedia.iitk.ac.in/content/chilli-damping

 

 

 

 

You

ဆက်စပ်မေးခွန်းများ

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 2 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 5 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။