တစ်သျှူးငှက်ပျော တင်သွင်းစိုက်ပျိုးခြင်းအပေါ် ပိုးမွှားကင်းစင်ရေးလုပ်ငန်းများ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မည်
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက်။
မြန်မာနိုင်ငံအတွင်း တစ်သျှူးငှက်ပျော တင်သွင်းစိုက်ပျိုးခြင်းအပေါ် ပိုးမွားရောဂါကင်းစင်ရေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနက ပုဂ္ဂလိကစိုက်ပျိုးသူများ၊ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောသည်။
အောက်တိုဘာလ နောက်ဆုံးအပတ်က စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စုရှိ ချန်ရင်ခူးတစ်သျှူးငှက်ပျောစိုက်ခင်းသို့ သွားရောက်ကြည့်ရှုစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့အပြင် စီးပွားရေးအရ တွက်ခြေကိုက်မှုရှိသည့် တစ်သျှူးငှက်ပျောစိုက်ပျိုးခြင်းကို စိုက်ပျိုးသူများ စိတ်ဝင်စားမှုရှိနေသကဲ့သို့ ဒေသခံများအနေဖြင့်လည်း စိုးရိမ်မှုများရှိနေကြပြီး မြေဆီလွှာဖွံံ့ဖြိုးရေး၊ ပိုးမွှားရောဂါရှိ မရှိစစ်ဆေး၍ အပင်ပိုးမွှားရောဂါကင်းရှင်းကြောင်း ထောက်ခံချက်ထုတ်ပေးရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
တစ်သျှူးငှက်ပျောစိုက်ပျိုးရာတွင် ဓာတုဓာတ်ကြွင်းကင်းရှင်းရေးအတွက် GAP လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်မှသာ စျေးကွက်နှင့် စျေးနှုန်းခိုင်မာစေမည်ဖြစ်သည့်အတွက် စိုက်ပျိုးထုတ်လုပ်သူများ၊ တင်ပို့ရောင်းချသူများနှင့် ဌာနဆိုင်ရာကျွမ်းကျင်သူများက ပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းကြောင်း ဒေါက်တာရဲတင့်ထွန်းက ပြောသည်။
အဆိုပါ တစ်သျှူးငှက်ပျောစိုက်ပျိုးသူများအနေဖြင့် စိုက်ပျိုးမြေရယူသုံးစွဲခြင်းအပါအဝင် လုပ်ကိုင်ခွင့်အရပ်ရပ်ကို ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ရယူလုပ်ကိုင်ရန်လိုအပ်ပြီး တရားဝင်မှတ်ပုံတင်ထားသည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကိုသာ သုံးစွဲရန်နှင့် လုပ်သားများ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရန်အတွက် စနစ်တကျ အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
ထို့အပြင် မြန်မာနိုင်ငံနှင့် တစ်သျှူးငှက်ပျောဝယ်ယူသည့် တရုတ်နိုင်ငံအကြား အပင်နှင့် အပင်ထွက်ထိန်းချုပ်ရေး စံသတ်မှတ်ချက် သဘောတူညီမှုရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံ ကုန်ပစ္စည်းအရည်အသွေးစစ်ဆေးရေးဆိုင်ရာ (GACC) မှ တာဝန်ရှိသူများကို ဖိတ်ခေါ်၍ ကွင်းဆင်းစစ်ဆေးကာ ပိုးမွှားရောဂါကင်းစင်ကြောင်း ထောက်ခံချက် စိစစ်ထုတ်ပေးနိုင်ရေးနှင့် တရားဝင်ကုန်သွယ်မှု ရရှိရေးတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးမြင့်(ABM)
ဆက်စပ်ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
"မင်္ဂလာပါ" ကျွန်တော်ကကွမ်းပင်အညွန့်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာ အကြိမ်ရေများတော့ အညွန့်နည်းနည်းသေးသွားတယ် အဲ့တာကြောင့် အပင်ပြန်ကြီးလာအောင် ဆော်တာ ကျွေးလို့ရလားဗျ
Kyaw Aye • ဖြေကြားချက် 0 ခု
ဆရာကြီးဦးသိန်းစုရဲ့စာအုပ် linkရနိင်မလးဆရာ
U Than Toe Aung • ဖြေကြားချက် 0 ခု
ပဲတီစိမ်းသီးလုံးဖောက်ပိုးတွေကိုဘာဆေးနိင်လဲဗျပြောခဲ့ကြပါအုံး
SiThu • ဖြေကြားချက် 2 ခု
ကျွန်ုပ်၏ခရမ်းချဥ်ပင်အဲလိုဖြစ်နေ ဘာဆေးဖျန်းရမလဲ
pius • ဖြေကြားချက် 1 ခု
ဆစ်ပိုး ဘာဆေးဖြန်းရလဲ စပါး
yellwaixtun • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....