နှိမ်နင်းကာကွယ် ဆစ်ပိုးအန္တရာယ်

05/08/2019 15:00 PM တွင် ဝတ်မှုံသင်း ဝတ်မှုံသင်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

      စပါးသီးနှံတွင် စပါးဆစ်ပိုး၆မျိုး ကျရောက်ဖျက်စီးသည်ကို တွေ့ရပါသည်။ ထိုအထဲကမှ ကျရောက်မူများသည့် အဝါရောင်ဆစ်ပိုး၊ အစင်းပါဆစ်ပိုးနှင့် ပန်းရောင်ဆစ်ပိုးတို့အကြောင်းကို ဖော်ပြသွားပါမည်။ ဆစ်ပိုးများသည် ပျိုးပင်ပေါက်အဆင့်မှ ရင့်မှည့်ချိန်အထိ အဆင့်တိုင်းတွင် ကျရောက်ဖျက်စီးနိုင်သည်။ ပင်ပိုင်းကြီးထွားမှုအဆင့်မှာ ပင်ပွားတွင်ကျရောက်ဖျက်စီးပြီး ပင်စည်ပုပ်ခြင်း(သို့) အလယ်ပင်ပွားတွေ ခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်သည်။ မျိုးပွားသည့်အဆင့်မှာကျရောက်ဖျက်ဆီးလျှင် အနှံဖြူခြင်းကို ဖြစ်စေနိုင်သည်။ အပင်ငယ်သည့်အဆင့်မှာ သားလောင်းသည် ပင်စည်အခြေမှ ထိုးဖောက်ဝင်ရောက်ပြီး အပင်ကြီးအဆင့်တွင် အပေါ်ဘက်အဆစ်မှ အပင်ခြေအထိ ထိုးဖောက်ဝင်ရောက်စားသောက်သည်။ နိုက်ထရိုဂျင်ကျွေးတာများသည့် စိုက်ခင်းသည် ဆစ်ပိုးကျရောက်မှုကို ပိုမိုပြင်းထန်စေသည်။ 

• အဝါရောင်ဆစ်ပိုး

       အဝါရောင်ဆစ်ပိုးသည် အဆက်မပြတ်ရေလွှမ်းမိုးသည့် အခြေအနေရှိသည့်စပါးခင်းမှာ ကျရောက်ဖျက်စီးလေ့ရှိသည်။ ဒုတိယအဆင့်သားလောင်းသည် သူ၏ခန္တာကိုယ်ကို အရွက်ဖြင့် ပြွန်ပုံလိပ်ပြီး ရေမျက်နှာပြင်သို့ဆင်းကာ ပင်စည်ထဲသို့ ထိုးဖောက်ဝင်ရောက်သည်။၊ အဝါရောင်ဆစ်ပိုးသည် အစောပိုင်းစိုက်သည့်စပါးခင်းတွင် ၂၀ ရာခိုင်နှုန်းလောက်ထိ ပျက်စီးမှုဖြစ်နိုင်ပြီး နောက်ကျမှစိုက်သည့်စပါးခင်းတွင် ၈၀ရာခိုင်နှုန်းထိ အထွက်နှုန်းဆုံးရှုံးနိုင်ပါသည်။

• အစင်းပါဆစ်ပိုး

    အစင်းပါဆစ်ပိုးသည် ရေလွှမ်းမိုးမှုမရှိသောဧရိယာနှင့် အအေးပိုင်းနိုင်ငံများတွင် အတွေ့ရအများဆုံးဖြစ်သည်။ ဆောင်းရာသီ၌ အေးသောဧရိယာတွေမှာ အစင်းပါဆစ်ပိုးနောက်ဆုံးအဆင့်သားလောင်းသည် ငုတ်လျှိူးနေသည်ကို တွေ့ရသည်။ ပိုးကျရောက်မှုပြင်းထန်လျှင် ၁၀၀ ရာခိုင်နှုန်းထိ ပျက်စီးဆုံးရှုံးမှု ဖြစ်စေနိုင်သည်။

• ပန်းရောင်ဆစ်ပိုး

ပန်းရောင်ဆစ်ပိုးသည် ကြံပင်နှင့် မြက်များပေါက်ရောက်နေသော နေရာတစ်ဝိုက်ရှိ စပါးစိုက်ခင်းများတွင် ကျရောက်တတ်သည်။ ဆောင်းတွင်းနှင့် ခြောက်သွေ့သောရာသီ၌ လက်ခံပင်ရှိသောနေရာသည် ပန်းရောင်ဆစ်ပိုးရှင်သန်ကြီးထွားမှုကို အားပေးသည်။ အခြားဆစ်ပိုးနှင့်မတူတာက ပန်းရောင်ဆစ်ပိုးသည် ရွက်ဖုံးနှင့် ပင်စည်ကြားမှာ ဥဥလေ့ရှိသည်။

• ဆစ်ပိုးကျရောက်နေသည်ကို အောက်ပါလက္ခဏာများကို ကြည့်ပြီးသိနိုင်ပါသည်။ 

  - ပင်ပွားကြီးထွားမှုအဆင့်မှာ အူပုပ်ခြင်းနှင့် ပင်ပွားသေခြင်းကိုဖြစ်စေပြီး ပင်ပွားများကို အခြေမှအလွယ်တကူ ဆွဲနှုတ်လို့ရနိုင်မည်။

   - မျိုးပွားသည့်အဆင့်တွင် စပါးနှံများဖြူလာပြီး အစေ့အဆံမအောင်ဖြစ်စေသည်။ ၎င်းကို အနှံဖြူသည်ဟုခေါ်ကြသည်။

    • ပင်စည်နှင့် ပင်ပွားတွေပေါ်မှာ သေးငယ်သည့်အကောင်ဖောက်ရာ အပေါက်လေးတွေကို တွေ့မြင်ရမည်။

    • ပိုးကောင်ကျရောက်သည့်ပင်စည်၏အထဲတွင် ပိုးချေးများ မြင်ရမည်ဖြစ်သည်။ 

    • ပင်စည်ပုပ်လက္ခဏာနှင့် အနှံဖြူလက္ခဏာသည် ကြွက်၊ ဂျပိုးနက်တို့ကြောင့်ဖြစ်သည့် လက္ခဏာနှင့် ဆင်တူပြီး ရှုပ်ထွေးနိုင်သော်လည်း ပင်စည်ထိုးပိုးကျရောက်လျှင် ပင်ပိုင်းကြီးထွားမှုအဆင့်တွင် ပင်စည်ပုပ်လက္ခဏာဖြစ်လေ့ရှိပြီး မျိုးပွားသည့်အဆင့်တွင် အနှံဖြူလက္ခဏာဖြစ်လေ့ရှိသည်။ ထို့ပြင် ဆစ်ပိုးကျရောက်တာသေချာစေရန် ပင်စည်ကိုခွဲကြည့်သောအခါ လောက်ကောင်များနှင့် ရုပ်ဖုံးတွေ့လျှင်လည်း ဆစ်ပိုးကျရောက်နေပြီမှန်း သိရှိနိုင်ပါသည်။

• ကာကွယ်နိုမ်နင်းနည်းများ

    - ဆစ်ပိုးဒဏ်ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။

    - ပျိုးပေါင်နှင့် ရွေ့ပြောင်းစိုက်ပျိုးသည့်အချိန်တွင် ဆစ်ပိုးဥများတွေ့ပါက ကောက်ယူဖျက်ဆီးပါ။

   - စပါးပင်ပေါ်ကဆစ်ပိုးဥများပေါက်နိုင်အောင် စပါးခင်းငယ်စဥ်မှာ ကွင်းကို နှစ်ရက်လောက်ရေလွှမ်းထားပေးရပါမည်။

   - စပါးပျိုးပင်ရွေ့ပြောင်းမစိုက်ခင် ပျိုးပင်တွေရဲ့ထိပ်ကို ဖြတ်ပြီးမှ စိုက်သင့်ပါသည်။ 

   - စိုက်ချိန်နှင့် စိုက်နည်းမှန်အောင် ဂရုပြုပါ။ ရိတ်သိမ်းသည့်အချိန်မှာ ရိုးပြတ်ထဲတွင်သားလောင်းများပါသွားအောင် မြေကြီးနားမှကပ်ပြီး ရိတ်သင့်ပါသည်။ ကွင်းပတ်လည်ရှိ ပေါင်းမြက်များကို ရှင်းလင်းပါ။ ရိတ်သိမ်းပြီးနောက် ကွင်းကို ထယ်ထိုးပြီးရေလွှမ်းထားပါ။ 

    - နိုက်ထရိုဂျင်မြေသြဇာကို သတ်မှတ်ထားသည့်နှုန်းထားအတိုင်း ကျွေးပါ။ ပိုတက်စီယမ်မြေသြဇာကို ကျွေးပေးသင့်ပါသည်။

    - ပိုးသတ်ဆေးသုံးမည်ဆိုလျှင် ပင်လုံးပြန့်အာနိသင်ရှိသည့် ပိုးသတ်ဆေးကို ရွေးချယ်သုံးသင့်ပါသည်။

ဝတ်မှုံသင်း

Ref: http://www.knowledgebank.irri.org/training/fact-sheets/pest-management/insects/item/stem-borer


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်