အစိမ်းရောင်လမ်း
ပေသီးပင်

ပေသီးပင်

 ပေပင်သည် မြန်မာနိုင်ငံတွင် အပူပိုင်းဒေသများတွင်သာ ပေါက်ရောက်လေ့ရှိပါသည်။ ရှေးယခင်အခါက မြန်မာများစာပေရေးသားရာတွင် ပေရွက်၊ ထန်းရွက်ပေါ်တွင်သာ ရေးခဲ့ကြသော အလေ့အထရှိကြပါသည်။

ပေပင်သည် တစ်သက်တွင် တစ်ကြိမ်သာ အသီးသီးပြီး ထပ်မသီးတော့သော အပင်တစ်မျိုးဖြစ်သည်။ သက်တမ်းမှာ နှစ်(၃၀-၈၀)အတွင်းရှိကြသည်။ "ပေတစ်သီး၊ ကျီးတစ်သား" ဆိုသည့် စကားပုံအတိုင်း အသီးတစ်ကြိမ် သီးပြီးလျှင် သွေ့ခြောက်ကာ သေသွားတတ်ပါသည်။

ပေပင်သည် ထန်းပင်ထက် လုံးပတ်ကြီး၍ အရွက်လည်း ပိုကြီးပါသည်။ ပေပင်မှလည်း ပေရည်ထွက်ပြီး ငန်သော အရသာ ရှိသည်။

ပေသီးမှာ ထန်းသီးထက် ပိုသေးပြီး ထန်းသီးထက် အရသာပိုကောင်းပါသည်။ ပေသီးအဆံက ပိုနုပါသည်။ ပေသီး၏ ပင်ကိုယ်သဘာဝက ချွဲချွဲလေးဖြစ်နေသည့်အတွက် ရေဆေးစားစရာမလိုဘဲ သဘာဝအတိုင်း စားသုံးနိုင်ပါသည်။ ပေသီးကို နို့ဆီ၊ သကြား၊ ရေခဲ တို့ဖြင့် ပေသီးသုပ် လုပ်စားနိုင်သလို ရေခဲခြစ်၊ ဖာလူဒါ၊ ရေခဲမုန့်၊ နို့သစ်ခွတို့တွင်လည်း ထည့်၍ စားသုံးနိုင်ပါသည်။

သို့သော် "သပြေ ထန်းလျက်၊ ပေနဲ့ ဝက်" ဆိုသည့် စကားပုံလေးအတိုင်း ပေသီးနှင့် ဝက်သားသည် တွဲဖက်မစားသင့်သော အစားအစာဖြစ်ပြီး ခေါင်းကိုက်မူးဝေတတ်သောကြောင့် ပေသီးစားပြီး ဝက်သားမစားသင့်ပါချေ။

ပေပင်၏ ဆေးဖက်ဝင်ပုံ

အသည်း၊ အဆုတ်ရောဂါကြောင့် ဗိုက်ဖောင်းကားပြီး ရေဖျဥ်းစွဲကာ ဗိုက်ထဲမှ ရေများဖေါက်ထုတ်နေရသော ဝေဒနာရှင်များကို 'ပေအရွက်စိမ်းစိမ်း'ကို ထုထောင်း၊ ညှစ်ပြီး ရရှိလာသောအရည် လက်ဖက်ရည်အကြမ်းပန်းကန်တစ်လုံးစာကို လူနာအား တိုက်ပေးပါက ရောဂါသက်သာပျောက်ကင်းစေသည်ဟု မှတ်ရဖူးပါသည်။ ဆေးဖက်လည်းဝင်၊ အရသာလည်းကောင်းမွန်ထူးခြားပြီး တစ်ပင်လုံး အသုံးဝင်သည့်ပေပင်များ ဖြစ်ကြပါသည်။

ပင်လယ်ပြာ (ငါးဦးစီး)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

Moeaung

Moeaung

လွန်ခဲ့သော ၅ နှစ် က

ပေစာ အကြောင်းသိချင်ပါတယ်

Moeaung

Moeaung

လွန်ခဲ့သော ၅ နှစ် က

ပေစာ အကြောင်းပြောပြပေးပါလား

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်း‌‌ဖော်လိုက်ရင်‌အဆင်‌ ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Kaung Pyae Kyaw • ဖြေကြားချက် 1 ခု

ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ

မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု

စပါခွံနှင့်ကောက်ရိုးမှိုစိုက်နည်း

Aye Thandar • ဖြေကြားချက် 2 ခု

မင်္ဂလာပါခင်ဗျ တာကျိုးလို့ မြစ်ရေမြှုပ်လယ်တွေကို မတ်ပဲ၊ ပဲတီစိမ်းတွေ စိုက်ပါက ဘာတွေ ဆောင်ရန်၊ရှောင်ရန် ကြံဆောင်ရမလဲ ရှင်းပြပေးပါ ဆရာတို့ရယ်

ဦးထက် • ဖြေကြားချက် 2 ခု

မတ်ပဲဈေးအခြေနေလေးသုံသပ်ပေးကြပါအုန်း ဆက်တက်နိုင်လား ကျသွားနိုင်လားဆိုတာကို

Thaw Zin Oo • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။