နနွင်း စိုက်ပျိုးနည်း
နနွင်း သည် စိုက်ပျိုးရ အလွယ်ကူဆုံး သီးနှံ ဖြစ်သည်၊။ အာလူး၊ ဂျင်း ကဲ့သို့ပင် ဥ၊ အတက် ကို ဖဲ့စိုက် ရသော သီးနှံဖြစ်သည်။ ထိန်းသိမ်းရ လွယ်ကူပြီး စရိတ်စက အနည်းဆုံးသီးနှံဖြစ်သည်။ နနွင်း သည် စိုက်ပျိုးရ အလွယ်ကူဆုံး သီးနှံ ဖြစ်သည်၊။ အာလူး၊ ဂျင်း ကဲ့သို့ပင် ဥ၊ အတက် ကို ဖဲ့စိုက် ရသော သီးနှံဖြစ်သည်။ ထိန်းသိမ်းရ လွယ်ကူပြီး စရိတ်စက အနည်းဆုံးသီးနှံဖြစ်သည်။ မျိုးစေ့မှ စိုက်ပျိုးခြင်း မဟုတ်ဘဲ ဥ၊ အတက်၊ အပင်အစိတ်အပိုင်းမှ မျိုးပွားခြင်းဖြစ်သည်။ ၆ လ မှ ၈ လ ထိ ကြာမြင့်ပြီး အပင်အမြင့် ၃ ပေ နှင့် အထက်ထိ ကြီးမြင့်နိုင်သည်။ ၈ လကြာလျှင် နနွင်းဥများ ကောင်းစွာ ရင့်မှည့်စေပါသည်။ ပူနွေးပြီး စိုစွတ်သော ဒေသ ကို ကြိုက်နှစ်သက်သည်။
နေရောင်ကောင်းစွာရရှိခြင်းကို ကြိုက်သော်လည်း အရိပ် ရရှိလျှင် ပိုမိုကောင်မွန်ပါသည်။ ပျမ်းမျှ အပူချိန် ၂၀ မှ ၃၀ ဒီဂရီ စင်တီဂရိတ်တွင်း ရမှသာလျှင် စိုက်ပျိုးရန် သင့်တော်သည်။ နှုန်းမြေ၊ မွနေသောမြေကို ကြိုက်နှစ်သက်သည်။ မြေဆီကောင်းမွန်သောမြေကို ရေသွင်းရေထုတ်နှင့် လေဝင်လေထွက်ကောင်းသော ပုံးများ အိတ်များတွင် ထည့်သွင်း ၍လည်းကောင်း စိုက်ပျိုးနိုင်သလို မြေပေါ်သို့ တိုက်ရိုက်ချစိုက်၍လည်းကောင်း စိုက်ပျိုးနိုင်သည်။
အအေးပိုင်းတွင် စိုက်ပျိုးပါက မြေဘောင်တင်ခြင်းနှင့် မြေဆီသြဇာကျွေးခြင်းကို ပုံမှန်ပြုလုပ်ရမယ်ဖြစ်သည်။ သဘာဝရွက်ဖျန်းမြေသြဇာများကိုလည်းသုံးနိုင်သည်။ အပင်အစိတ်အပိုင်းဥ မှစတင်စိုက်ပျိုးရသောသီးနှံဖြစ်၍ မိခင်ပင်မတွင် ရောဂါကင်းရှင်းပြီး အထွက်ကောင်းသောအပင်မှ နနွင်းပင်မှအတက်ကိုသာယူ၍ စိုက်ပျိုးသင့်သည်။
နနွင်းအတက်မှာ ကျန်းမာသန်းစွမ်းသည့် လက္ခဏာဖြစ်သည့် အတက်ဘေးမျက်စိများစွာပါပြီး တင်းတင်းရင်းရင်း ရှိသော အတက်ကိုယူပါ။ မျက်စိနှစ်ခုမှ သုံးခုထိပါအောင် အတက်ကိုဖြတ်ပါ။ စိုက်ပျိုးလိုသောမြေနေရာတွင် မျက်စိကို မျက်မှာပြင်ပေါ်တွင်ဖော်၍ စိုက်ပါ။ နေအလွန်ပူသောနေရာတွင်မစိုက်ပါနှင့်။ လေးပတ်သား( တစ်လကြာ)လျှင် အညွှန့်လေးများထွက်လာပါမည်။ အတက်ကိုမြေထဲတွင်သာ ဖုံးအုပ်ထားပါ။ ရွက်ဖျန်းမြေသြဇာဖျန်းလိုကဖျန်းနိုင်ပါသည်။ သို့တစေ တစ်ဧကလျှင် နွားချေးကောင်းစွာဆွေးမြည့်ထားသည်ကို ဆယ့်ငါးတန်(နွားလှည်း ဆယ်စီးခန့်)ထိ ထည့်သုံးခြင်းသည် အခြားဓာတုမြေဆီများ ထည့်သွင်းစရာမလိုလောက်အောင် လုံလောက်ပြီးဖြစ်သည်။
အပင်တွင်ရောဂါ၊ ပိုး ကျရောက်ခြင်းမရှိသလောက်နည်း၍ ကုန်ကျစရိတ်အလွန်နည်းပါးသော သီးနှံပင်ဖြစ်သည်။ အညွှန့်ထွက်ပြီး လေးလာကြာလျှင် ဥများဥပြီဖြစ်ပြီး အရွက်များဝါ၍ခြောက်လာပါက ရိတ်သိမ်းနိုင်ပြီ ဖြစ်သည်။ တစ်ပင်လုံးကိုတူးထုတ်စရာမလိုပါ။အတက်များကိုဖဲ့၍ တူးနိုင်ပြီး မိခင်ပင်မကြီးကို နောက်တစ်သီး နောက်တစ်နှစ်စိုက်ရန် မျိုးထား၍လည်းရသည်။
နနွင်းတက်များသည် ခြောက်လမှ တစ်နှစ်ထိ လေလုံသော အိတ်ထဲတွင် သိုလှောင်သိမ်ဆည်းထားနိုင်သည်။ အအေးခန်းထဲတွင် သိုလှောင်သိမ်းဆည်းပါက ထို့ထက်ကြာအောင် သိုလှောင်နိုင်သည်။ တစ်ဧကလျှင် တန်ချိန် နှစ်ဆယ်ထိ ထွက်နိုင်သည်။ မျိုးနှုန်းမှာ အတက်အကြီးအသေးပေါ်မူတည်၍ အသေချာတွက်ချက်၍ မရပါ။
ရွှေရည်လင်း
ထက်အောင်
လွန်ခဲ့သော ၇ လ ကသဲအနည်းငယ်ဆန်သောမြေအမျိုးစားမှာရောစိုက်ပျိုးနိုင်ပါသလားဗျ
ခွန်ကျော်စွာ
လွန်ခဲ့သော ၁ နှစ် ကနနွင်းအခြောက်တစ်ပိသာဘယ်လောက်စျေးလဲ
ဦးချမ်းသာ
လွန်ခဲ့သော ၁ နှစ် ကအရွက်တွေ ခြောက်ပြီး ဝါနေလို့ပါ
Tun Tint Zaw
လွန်ခဲ့သော ၂ နှစ် ကနနွင်းမျိုးလိုခြင်ပါတယ်၊ ဘယ်မှာ၊ ဘယ်ဈေးနဲ့ရနိုင် မလည်းခင်ဗျား။
စိုင်းမောင်
လွန်ခဲ့သော ၂ နှစ် ကရေနစ်ရင်သေလားဗျာ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
ငွေတိုးစပါးသက်၂လကေျာ်ပီ လက်သဲစောင်းပေါင်းသတ်ဆေးဖျန်းလို့ရသလားခင်ဗျ ေဖြကြားပေးကြပါဦးဆရာများခင်ဗျာ။
yan Naing Htwe • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Shwe-Yee-linn
အားလုံး